ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှစီးပွားရေး သိသိသာသာကျဆင်း

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှစီးပွားရေး သိသိသာသာကျဆင်း

စင်ကာပူ၊ သြဂုတ်-၁၈-၂၀၂၀
မျိုးဆက် (VOM)

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုမှာ သိသိသာသာ ကျဆင်းသွားပါတယ်။

အရှေ့တောင်အာရှရှိ စီးပွားရေးအင်အားကြီးနိုင်ငံတွေက ဧပြီလကနေ ဇွန်လအထိ သူတို့ရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုအချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

အချက်အလက်တွေအရ စင်ကာပူနိုင်ငံရဲ့စီးပွားရေးဟာ ယမန်နှစ်အလားတူကာလထက် ၁၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားပြီး စီးပွားရေးဆိုင်ရာအချက်အလက်တွေ စတင်မှတ်တမ်းထားခဲ့တဲ့ ၁၉၇၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်နေပါတယ်။

ထိုင်းနိုင်ငံရဲ့စီးပွားရေးကတော့ ၁၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းသွားပြီး အာရှဘဏ္ဍာရေးအကြပ်အတည်း ရိုက်ခတ်ခံခဲ့ရတဲ့ ၁၉၉၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုလည်းဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ စီးပွားရေးဟာလည်း ၁၇ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားပြီး ဖိလစ်ပိုင်နိုင်ငံတော့ ၁၆ ဒသမ ၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံက ၅ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုဖြစ်ပါတယ်။

ဒေသတွင်းရှိ ခရီးသွားကဏ္ဍတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကိုတုံ့ပြန်ဖို့ ခရီးသွားကန့်သတ်ချက်တွေ ချမှတ်ခဲ့တာကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။ ပြည်သူတွေအနေနဲ့ ပြင်ပသွားလာတာတွေ စီးပွားရေးလုပ်ငန်းပိတ်သိမ်းခဲ့တာကြောင့် လူတစ်ဦးချင်းစီရဲ့ ဝယ်ယူသုံးစွဲမှုနှုန်းလည်း ကျဆင်းခဲ့ရပါတယ်။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #စင်ကာပူ

Zawgyi

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင္႔ အေရွ႕ေတာင္အာရွစီးပြားေရး သိသိသာသာက်ဆင္း

စင္ကာပူ၊ ၾသဂုတ္-၁၈-၂၀၂၀
မ်ိဳးဆက္ (VOM)

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင္႔ အေရွ႕ေတာင္အာရွနိုင္ငံေတြရဲ႕ စီးပြားေရးတိုးတက္မႈမွာ သိသိသာသာ က်ဆင္းသြားပါတယ္။

အေရွ႕ေတာင္အာရွရိွ စီးပြားေရးအင္အားၾကီးႏိုင္ငံေတြက ဧျပီလကေန ဇြန္လအထိ သူတို႔ရဲ႕ ျပည္တြင္း အသားတင္ထုတ္လုပ္မႈအခ်က္အလက္ေတြကို ထုတ္ျပန္္ခဲ႔႔ပါတယ္။

အခ်က္အလက္ေတြအရ စင္ကာပူနုိင္ငံရဲ႕စီးပြားေရးဟာ ယမန္နွစ္အလားတူကာလထက္ ၁၃ ဒသမ ၂ ရာခိုင္နႈန္း က်ဆင္းသြားျပီး စီးပြားေရးဆိုင္ရာအခ်က္အလက္ေတြ စတင္မွတ္တမ္းထားခဲ႔တဲ႔ ၁၉၇၆ ခုနွစ္ေနာက္ပိုင္း အဆိုးရြားဆံုးျဖစ္ေနပါတယ္။

ထိုင္းနိုင္ငံရဲ႕စီးပြားေရးကေတာ႔ ၁၂ ဒသမ ၂ ရာခိုင္နႈန္းက်ဆင္းသြားျပီး အာရွဘ႑ာေရးအၾကပ္အတည္း ရိုက္ခတ္ခံခဲ႔ရတဲ႔ ၁၉၉၈ ခုနွစ္ေနာက္ပိုင္း အဆိုးရြားဆံုး စီးပြားေရးက်ဆင္းမႈလည္းျဖစ္ပါတယ္။

မေလးရွားနိုင္ငံရဲ႕ စီးပြားေရးဟာလည္း ၁၇ ဒသမ ၁ ရာခိုင္နႈန္းက်ဆင္းသြားျပီး ဖိလစ္ပိုင္နိုင္ငံေတာ႔ ၁၆ ဒသမ ၅ ရာခိုု္င္နႈန္း၊ အင္ဒိုနီးရွားနုိင္ငံက ၅ ဒသမ ၃ ရာခိုင္နႈန္းရိွျပီး ၂၁ နွစ္အတြင္း ပထမဆံုးအၾကိမ္ စီးပြားေရးက်ဆင္းမႈျဖစ္ပါတယ္။

ေဒသတြင္းရိွ ခရီးသြားက႑ေတြဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေတြကိုတံု႕ျပန္ဖို႔ ခရီးသြားကန္႔သတ္ခ်က္ေတြ ခ်မွတ္ခဲ႔တာေၾကာင္႔ အၾကီးအက်ယ္ ထိခိုက္ခဲ႔ရပါတယ္။ ျပည္သူေတြအေနနဲ႔ ျပင္ပသြားလာတာေတြ စီးပြားေရးလုပ္ငန္းပိတ္သိမ္းခဲ႔တာေၾကာင္႔ လူတစ္ဦးခ်င္းစီရဲ႕ ၀ယ္ယူသံုးစြဲမႈနႈန္းလည္း က်ဆင္းခ႔ဲရပါတယ္။

Ref : NHK
Photo: Reuters
#voiceofmyanmar #VOM #စင္ကာပူ

Related posts

Leave a Comment

VOM News

FREE
VIEW