ဗိုလ်ချုပ်အောင်ဆန်း လွှတ်တော်ကိုပထမဦးဆုံးတက်တဲ့ပုံစံရုပ်ထု မကွေးတိုင်းလွှတ်တော်မှာထားမယ်

ဗိုလ်ချုပ်အောင်ဆန်း လွှတ်တော်ကိုပထမဦးဆုံးတက်တဲ့ပုံစံရုပ်ထု မကွေးတိုင်းလွှတ်တော်မှာထားမယ်

မကွေး၊ သြဂုတ် ၁၈-၂၀၂၀
ဂျန်ကိုးလ်(VOM)

ဗိုလ်ချုပ်အောင်ဆန်း အရပ်ဝတ်လဲပြီး အမတ်ဦးအောင်ဆန်းအဖြစ် လွှတ်တော်ကို ပထမဦးဆုံးတက်တဲ့ ဓာတ်ပုံမှတ်တမ်းကိုအခြေခံယူပြီး အမြင့်၁၆ပေခန့်ရှိတဲ့ စကျင်ရုပ်ထုကို မကွေးတိုင်းလွှတ်တော်ဝင်းအတွင်းမှာ ထားရှိသွားမယ်လို့ မကွေးတိုင်းလွှတ်တော်ဥက္ကဌ ဦးတာကပြောပါတယ်။

”ဒီပုံမျိုးကထူးခြားတယ်၊ တခြားမှာထားတာထက် လွှတ်တော်မှာထားတာပိုကောင်းတယ် ၊ ဗိုလ်ချုပ်မဟုတ်တော့ဘူး ဦးအောင်ဆန်းအဖြစ် ပထမဆုံးတိုင်းပြုပြည်ပြုလွှတ်တော်တက်တာ၊ ထုဆစ်တာကတော့ ပလတ်စတစ်နဲ့ရုပ်ပုံမိုလောင်းပြီး ပုံကိုကြည့်ပြီး အချိုးညီထုဆစ်ရတာ၊ ဒီဇိုင်းကို လွှတ်တော်ဆောက်တဲ့အဖွဲ့က ကူညီပါတယ်၊ ကုန်ကျစားရိတ်ကတော့ ဗိုလ်ချုပ်ချစ်သူတွေစုပေါင်းတဲ့သဘောပါ၊ ပုံသဏ္ဍန်က တောင်ရှည်ကို မပြီးတိုက်ပုံအမည်းနဲ့လွှတ်တော်တက်တဲ့ပုံပေါ့”လို့ မကွေးတိုင်းလွှတ်တော်ဥက္ကဌ ဦးတာကပြောပါတယ်။

တန် ၃၀ခန့်ရှိတဲ့ စကျင်ကျောက်တလုံးထဲနဲ့ ထုဆစ်ထားတဲ့ရုပ်ထုကို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စကျင်ရွာမှာထုဆစ်နေတာဖြစ်ပါတယ်။

”ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအမှီလုပ်နေတာ အခုပြီးစီးပြီး သယ်ယူတော့မှာပါ၊ လည်ပင်းနဲ့ ခြေထောက်ပိုင်းအနည်းငယ်ပြန်ပြင်နေလို့ အခုသယ်ယူဖို့ ဘောင်ရိုက်ပြီးနေပြီ၊
လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေနဲ့ အကျဉ်းပေါ့ ဖွင့်ပွဲလုပ်မှာပါ”လို့လွှတ်တော်ဥက္ကဋ္ဌဦးတာကပြောပါတယ်။

အဲ့ဒီရုပ်ထုကို ထုလုပ်ရာမှာ အနာအဆာကင်းတဲ့ စကျင်ကျောက်တစ်မျိုးထဲကို ုဖြတ်ညှပ်ဆက်မပါဘဲ ၁နှစ်ခွဲကြာ အချိန်ယူထုလုပ်ခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်ကို တိကျစွာပြောဆိုခြင်း မရှိခဲ့ပါဘူး။

Photo – ဖြိုးမင်းရှိန်
#voiceofmyanmar #VOM #မကွေး

Zawgyi

ဗိုလ္ခ်ဳပ္ေအာင္ဆန္း လႊတ္ေတာ္ကိုပထမဦးဆံုးတက္တဲ့ပံုစံ႐ုပ္ထု မေကြးတိုင္းလႊတ္ေတာ္မွာထားမယ္

မေကြး၊ ၾသဂုတ္ ၁၈-၂၀၂၀
ဂ်န္ကိုးလ္(VOM)

ဗိုလ္ခ်ဳပ္ေအာင္ဆန္း အရပ္ဝတ္လဲၿပီး အမတ္ဦးေအာင္ဆန္းအျဖစ္ လႊတ္ေတာ္ကို ပထမဦးဆုံးတက္တဲ့ ဓာတ္ပုံမွတ္တမ္းကိုအေျခခံယူၿပီး အျမင့္၁၆ေပခန႔္ရွိတဲ့ စက်င္႐ုပ္ထုကို မေကြးတိုင္းလႊတ္ေတာ္ဝင္းအတြင္းမွာ ထားရွိသြားမယ္လို႔ မေကြးတိုင္းလႊတ္ေတာ္ဥကၠဌ ဦးတာကေျပာပါတယ္။

”ဒီပုံမ်ိဳးကထူးျခားတယ္၊ တျခားမွာထားတာထက္ လႊတ္ေတာ္မွာထားတာပိုေကာင္းတယ္ ၊ ဗိုလ္ခ်ဳပ္မဟုတ္ေတာ့ဘူး ဦးေအာင္ဆန္းအျဖစ္ ပထမဆုံးတိုင္းျပဳျပည္ျပဳလႊတ္ေတာ္တက္တာ၊ ထုဆစ္တာကေတာ့ ပလတ္စတစ္နဲ႔႐ုပ္ပုံမိုေလာင္းၿပီး ပုံကိုၾကည့္ၿပီး အခ်ိဳးညီထုဆစ္ရတာ၊ ဒီဇိုင္းကို လႊတ္ေတာ္ေဆာက္တဲ့အဖြဲ႕က ကူညီပါတယ္၊ ကုန္က်စားရိတ္ကေတာ့ ဗိုလ္ခ်ဳပ္ခ်စ္သူေတြစုေပါင္းတဲ့သေဘာပါ၊ ပုံသ႑န္က ေတာင္ရွည္ကို မၿပီးတိုက္ပုံအမည္းနဲ ႔လႊတ္ေတာ္တက္တဲ့ပုံေပါ့”လို႔ မေကြးတိုင္းလႊတ္ေတာ္ဥကၠဌ ဦးတာကေျပာပါတယ္။

တန္ ၃၀ခန္႔ရွိတဲ့ စက်င္ေက်ာက္တလုံးထဲနဲ႔ ထုဆစ္ထားတဲ့႐ုပ္ထုကို မႏၲေလးတိုင္း၊ မတၱရာၿမိဳ႔နယ္က စက်င္႐ြာမွာထုဆစ္ေနတာျဖစ္ပါတယ္။

”ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းအမွီလုပ္ေနတာ အခုၿပီးစီးၿပီး သယ္ယူေတာ့မွာပါ၊ လည္ပင္းနဲ႔ ေျခေထာက္ပိုင္းအနည္းငယ္ျပန္ျပင္ေနလို႔ အခုသယ္ယူဖို႔ ေဘာင္႐ိုက္ၿပီးေနၿပီ၊
လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဌာနဆိုင္ရာေတြနဲ႔ အက်ဥ္းေပါ့ ဖြင့္ပြဲလုပ္မွာပါ”လို ႔လႊတ္ေတာ္ဥကၠ႒ဦးတာကေျပာပါတယ္။

အဲ့ဒီ႐ုပ္ထုကို ထုလုပ္ရာမွာ အနာအဆာကင္းတဲ့ စက်င္ေက်ာက္တစ္မ်ိဳးထဲကို ုျဖတ္ညႇပ္ဆက္မပါဘဲ ၁ႏွစ္ခြဲၾကာ အခ်ိန္ယူထုလုပ္ခဲ့တာျဖစ္ၿပီး ကုန္က်စရိတ္ကို တိက်စြာေျပာဆိုျခင္း မရွိခဲ့ပါဘူး။

Photo – ၿဖိဳးမင္းရွိန္
#voiceofmyanmar #VOM #မေကြး

Related posts

Leave a Comment

VOM News

FREE
VIEW