Covid19 ကာကွယ်ဆေး ဒီဇင်ဘာလကုန်မှာ တရုတ်နိုင်ငံက ထုတ်လုပ်ဖြန့်ချီနိုင်မယ်

Covid19 ကာကွယ်ဆေး ဒီဇင်ဘာလကုန်မှာ တရုတ်နိုင်ငံက ထုတ်လုပ်ဖြန့်ချီနိုင်မယ်

ဩဂုတ် ၁၉-၂၀၂၀
လဲ့လဲ့ဝင်း ( VOM )

တရုတ်နိုင်ငံက Covid19ကာကွယ်ဆေး ဒီဇင်ဘာလကုန်မှာ ထုတ်လုပ်ဖြန့်ချီနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း Guangmingribao သတင်းဌာနကတဆင့် ထုတ်ပြန်လိုက်ပါတယ်။

“ကျွန်တော်COVID-19 ကာကွယ်ဆေးရဲ့ရလဒ် နှစ်ခုကိုကြည့်ပြီးဆိုးရွားတဲ့တုံ့ပြန်မှုမရှိခဲ့ပါဘူး” လို့ တရုတ်ဆေးဝါးအုပ်စု (China Sinopharm group)ရဲ့ဥက္ကဌ LiuJingzhen က ပြောပြထားပါတယ်။

ကာကွယ်ဆေးရဲ့ထိရောက်မှုကိုအတည်ပြုဖို့ ကြွက်ကြီး၊ ကြွက်လေး၊ ဂီနီဝက်၊ ရက်ဆစ်မျောက် ၊ cynomolgus မျောက်တွေနဲ့ ယုန်တွေအပါအဝင် တိရိစ္ဆာန်ခုနစ်ကောင်အပေါ်ကာကွယ်ဆေးထိုးပြီး လေ့လာဆန်းစစ်မှုကို ၂၀၂၀ ဖေဖော်ဝါရီ ၁၆ရက်ကစပြီး စမ်းသပ်ခဲ့တာပါ။

ပထမအဆင့်သည်ကာကွယ်ဆေးရဲ့လုံခြုံမှုကိုအဓိကအကဲဖြတ်ပြီး ဒုတိယအဆင့် ကာကွယ်ဆေးရဲ့လုံခြုံမှုနှင့်ကာကွယ်နိုင်စွမ်းကိုအကဲဖြတ်ပြီး တတိယအဆင့်မှာ ကာကွယ်ဆေးရဲ့ လုံခြုံမှုနှင့်ထိရောက်မှုကိုအကဲဖြတ်ကြောင်း LiuJingzhenကပြောပါတယ်။

တတိယအဆင့်အပြီးမှာ ကာကွယ်ဆေးအတည်ပြု ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်းနဲ့
အခုနှစ်ဒီဇင်ဘာလအကုန်တွင်ဈေးကွက်သို့ရောက်ရှိလိမ့်မည်ဟုမျှော်လင့်ထားပါတယ်။

ဒီဆေးကို ပထမတစ်ကြိမ်ထိုးရင်တ ၉၇ ရာနုန်းကာကွယ်နိုင်မှာဖြစ်ပြီး ဒုတိယတကြိမ်ကို ၂၈ ရက်အကြာမှာထပ်ထိုးရင် ရာနုန်းပြည့်စိတ်ချရမှာဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ယွမ် ၁ထောင် မြန်မာငွေ၂သိန်းနီးပါးကျနိုင်မယ်လို့ ဆေးကုမ္ပဏီက ခန့်မှန်းထားပါတယ်။

COVID-19 ကာကွယ်ဆေးကိုတီထွင်ပြီး တရုတ်နိုင်ငံမှာ အသုံးပြုပါက ကမ္ဘာလုံးဆိုင်ရာလူထုအကျိုးဖြစ်ထွန်းလာမှာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုလည်း တရုတ်နိုင်ငံကကူညီပံ့ပိုးပေးမယ်လို့ (၇၃)ကြိမ်မြောက်ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) ဗီဒီယိုကွန်ဖရင့်ဖွင့်ပွဲအခမ်းအနားမှာ တရုတ်သမ္မတ Xi Jin Pingက ပြောခဲ့ပါတယ်။

Ref: Guangmingribao
Photo:Xinhua
#voiceofMyanmar #VOM #covid19ကာကွယ်ဆေး

Zawgyi

Covid19 ကာကြယ္ေဆး ဒီဇင္ဘာလကုန္မွာ တ႐ုတ္ႏိုင္ငံက ထုတ္လုပ္ျဖန႔္ခ်ီႏိုင္မယ္

ဩဂုတ္ ၁၉-၂၀၂၀
လဲ့လဲ့ဝင္း ( VOM )

တ႐ုတ္ႏိုင္ငံက Covid19ကာကြယ္ေဆး ဒီဇင္ဘာလကုန္မွာ ထုတ္လုပ္ျဖန႔္ခ်ီႏိုင္မယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း Guangmingribao သတင္းဌာနကတဆင့္ ထုတ္ျပန္လိုက္ပါတယ္။

“ကြၽန္ေတာ္COVID-19 ကာကြယ္ေဆးရဲ႕ရလဒ္ ႏွစ္ခုကိုၾကည့္ၿပီးဆိုး႐ြားတဲ့တုံ႔ျပန္မႈမရွိခဲ့ပါဘူး” လို႔ တ႐ုတ္ေဆးဝါးအုပ္စု (China Sinopharm group)ရဲ႕ဥကၠဌ LiuJingzhen က ေျပာျပထားပါတယ္။

ကာကြယ္ေဆးရဲ႕ထိေရာက္မႈကိုအတည္ျပဳဖို႔ ႂကြက္ႀကီး၊ ႂကြက္ေလး၊ ဂီနီဝက္၊ ရက္ဆစ္ေမ်ာက္ ၊ cynomolgus ေမ်ာက္ေတြနဲ႔ ယုန္ေတြအပါအဝင္ တိရိစာၦန္ခုနစ္ေကာင္အေပၚကာကြယ္ေဆးထိုးၿပီး ေလ့လာဆန္းစစ္မႈကို ၂၀၂၀ ေဖေဖာ္ဝါရီ ၁၆ရက္ကစၿပီး စမ္းသပ္ခဲ့တာပါ။

ပထမအဆင့္သည္ကာကြယ္ေဆးရဲ႕လုံၿခဳံမႈကိုအဓိကအကဲျဖတ္ၿပီး ဒုတိယအဆင့္ ကာကြယ္ေဆးရဲ႕လုံၿခဳံမႈႏွင့္ကာကြယ္ႏိုင္စြမ္းကိုအကဲျဖတ္ၿပီး တတိယအဆင့္မွာ ကာကြယ္ေဆးရဲ႕ လုံၿခဳံမႈႏွင့္ထိေရာက္မႈကိုအကဲျဖတ္ေၾကာင္း LiuJingzhenကေျပာပါတယ္။

တတိယအဆင့္အၿပီးမွာ ကာကြယ္ေဆးအတည္ျပဳ ခြင့္ျပဳခ်က္ရရွိၿပီးျဖစ္ေၾကာင္းနဲ႔
အခုႏွစ္ဒီဇင္ဘာလအကုန္တြင္ေဈးကြက္သို႔ေရာက္ရွိလိမ့္မည္ဟုေမွ်ာ္လင့္ထားပါတယ္။

ဒီေဆးကို ပထမတစ္ႀကိမ္ထိုးရင္တ ၉၇ ရာႏုန္းကာကြယ္ႏိုင္မွာျဖစ္ၿပီး ဒုတိယတႀကိမ္ကို ၂၈ ရက္အၾကာမွာထပ္ထိုးရင္ ရာႏုန္းျပည့္စိတ္ခ်ရမွာျဖစ္ၿပီး ခန႔္မွန္းကုန္က်ေငြ ယြမ္ ၁ေထာင္ ျမန္မာေငြ၂သိန္းနီးပါးက်ႏိုင္မယ္လို႔ ေဆးကုမၸဏီက ခန႔္မွန္းထားပါတယ္။

COVID-19 ကာကြယ္ေဆးကိုတီထြင္ၿပီး တ႐ုတ္ႏိုင္ငံမွာ အသုံးျပဳပါက ကမာၻလုံးဆိုင္ရာလူထုအက်ိဳးျဖစ္ထြန္းလာမွာျဖစ္ၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြကိုလည္း တ႐ုတ္ႏိုင္ငံကကူညီပံ့ပိုးေပးမယ္လို႔ (၇၃)ႀကိမ္ေျမာက္ကမာၻ႔က်န္းမာေရးညီလာခံ (WHA) ဗီဒီယိုကြန္ဖရင့္ဖြင့္ပြဲအခမ္းအနားမွာ တ႐ုတ္သမၼတ Xi Jin Pingက ေျပာခဲ့ပါတယ္။

Ref: Guangmingribao
Photo:Xinhua
#voiceofMyanmar #VOM #covid19ကာကြယ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW