ကမ္ဘောဇဘဏ် ငွေစာရင်းကွဲလွဲတဲ့ ဖြစ်စဉ်တွေကြောင့် ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းပြီး ဖြေရှင်းနေရ

ကမ္ဘောဇဘဏ် ငွေစာရင်းကွဲလွဲတဲ့ ဖြစ်စဉ်တွေကြောင့် ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းပြီး ဖြေရှင်းနေရ

မုံရွာ ၊ သြဂုတ် ၂၀ – ၂၀၂၀
သက်စမ်းရေ နေပြည်တော် (VOM)

စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့ ကမ္ဘောဇဘဏ်က ဒုတိယဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးဟာ ငွေစာရင်းတွေ ခွင့်ပြုချက်မရှိဘဲ သိန်းငါးထောင်နီးပါး အကြိမ်ကြိမ်ထုတ်ယူကာ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာကြောင့် ကမ္ဘောဇဘဏ်ရဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် ဒေသ(၄)တာဝန်ခံ လက်ထောက်မန်နေဂျာက မုံရွာမြို့မရဲစခန်းမှာ တရားလိုပြုလုပ်ပြီး အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအမှုကို မုံရွာမြို့မရဲစခန်းက ပထမသတင်းပေး တိုင်တန်းချက်အမှတ် ၇၂၁ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၀၈ အရ အမှုကို လက်ခံရေးဖွင့်ပြီး အမှုကို စစ်ဆေးဆောင် ရွက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မုံရွာတရားရုံးမှာ အမှုတွဲလျှောက်လွှာ စာရေးလုပ်ကိုင်နေသူတစ်ဦးက “ အဲ့ဒီ ဘဏ်ကိစ္စနဲ့ ပတ်သက်လို့ မနေ့က နေ့လည်မှာ ကောင်လေးတစ်ယောက်ကို တရားရုံးမှာ ချုပ်မိန့် တောင်းခံဖို့ ရီမန်လာယူတာရှိတယ် ” လို့ပြောပါတယ်။

မုံရွာက ကမ္ဘောဇဘဏ်ခွဲ(၁)မှာ ငွေစုစာရင်းဖွင့်ထားတဲ့ စာရင်းပိုင်ရှင်ဖြစ်သူ အမျိုးသားတစ်ဦးရဲ့ ငွေစုစာရင်းစာအုပ်ကို စာရင်းပိုင်ရှင်ဖြစ်ရဲ့ ညီဖြစ်သူက Update လုပ်ဖို့ ဘဏ်ကိုလာရောက်ချိန် ဘဏ်ရဲ့ System ရှိ စာရင်းလက်ကျန်နဲ့ စာရင်းပိုင်ရှင်ရဲ့ ငွေစုစာရင်းလက်ကျန်မှာ တူညီမှုမရှိတဲ့အပြင် စာရင်းပိုင်ရှင်မှ ငွေထုတ်ယူမှုမရှိဘဲ ငွေတွေလျော့နည်းနေတာကို တာဝန်ခံမန်နေဂျာက သိခဲ့ရပြီး ရုံးချုပ်တာဝန်ရှိသူ အသီးသီးကို ဆက်လက်တင်ပြခဲ့ရာ ရုံးချုပ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ အဲ့ဒီ ငွေစာရင်းကွာဟနေမှုကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ခန္တီးမြို့ ကမ္ဘောဇဘဏ် ဒုတိယဘဏ်ခွဲ တာဝန်ခံ ကြီးကြပ်ရေးမှူး ဦးပြည့်ဖြိုးဦး ဆိုသူဟာ Mobile Service လုပ်ကိုင်သူ လူတစ်ဦးနဲ့ ငွေကြေးချိတ်ဆက်မှုတွေပြုလုပ်ကာ ငွေစာရင်းလွဲပြောင်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီး ထုတ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာ ကမ္ဘောဇဘဏ်ခွဲ(၁)မှာ ငွေစုစာရင်းဖွင့်ထားသူ တစ်ဦးရဲ့ အမည် ၊ မှတ်ပုံတင်နံပါတ်ပါတဲ့ ယာဉ်မောင်းလိုင်စင်ကို အသုံးပြုပြီး မန္တလေးဘဏ်ခွဲ (၂၀)ကနေ ငွေကြေးထုတ်ယူခဲ့တာကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဘဏ်လုပ်ငန်းလုပ်နေတဲ့ အသိုင်းအဝန်းကနေ သိရပါတယ်။

ဘဏ်ခွဲတာဝန်ခံ ကြီးကြပ်ရေးမှူးကိုယ်တိုင်က မသမာမှုပြုလုပ်ကာ ငွေကြေးထုတ်ယူတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မုံရွာ ကမ္ဘောဇဘဏ်ခွဲ (၁)ကို ( VOM) က ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

မုံရွာ ကမ္ဘောဇဘဏ်ခွဲ(၁)မှာ အဲ့ဒီလို ငွေစုစာရင်းပိုင်ရှင်ရဲ့ ငွေစုစာရင်းတွေနဲ့ ဘဏ်မှာရှိတဲ့ ငွေလက်ခံစာရင်းတွေဟာ တူညီမှုမရှိဘဲ ကွဲလွဲနေတဲ့ ဖြစ်စဉ်က ဒီတစ်ကြိမ်တည်းဖြစ်ခဲ့တာမဟုတ်ဘူးလို့လည်း သိရပါတယ်။

၂၀၁၇ခုနှစ် စက်တင်ဘာ ၂၇ ရက်က ယင်းမာပင်ခရိုင် ၊ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာက အမျိုးသားတစ်ဦးဟာ မုံရွာ ကမ္ဘောဇဘဏ်ခွဲ(၁) မှာ ငွေကျပ် သိန်း ၂၀၀ နဲ့ ငွေစုစာရင်း စတင်ဖွင့်လှစ်ခဲ့ပြီး နောက်တစ်နှစ် အောက် တိုဘာ ၁ ရက်နေ့ အထိ အကြိမ်ကြိမ် အခါခါ ငွေစုစာရင်းထဲကို သိန်း ၈၀၀ ကျော်ထည့်ကာ စာရင်းဖွင့်စုဆောင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလမှာဘဲ ငွေစာရင်းပိုင်ရှင်ဖြစ်သူက သူ့ရဲ့ ငွေစုစာရင်းကို သိလိုတဲ့အတွက် ဘဏ်က Update လုပ် စစ်ဆေးကြည့်တဲ့အခါ ငွေစုစာရင်းပိုင်ရှင်ဖြစ်သူက တကြိမ်တခါမှ ငွေကြေးထုတ်ယူခြင်းမရှိဘဲ သိန်း ၅၀၀ နီးပါး စာရင်းကွာဟနေတဲ့အတွက် ငွေစာရင်းပိုင်ရှင်ဖြစ်သူကိုယ်တိုင်က တရားလိုပြုလုပ်ပြီး အဲ့ဒီဘဏ်က တာဝန်ခံမန်နေဂျာ အမျိုးသမီးကို မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ဖူးပါတယ်။

အဲ့ဒီအမှုကိုတော့ ရဲစခန်းက (ပ) ၁၀၆၂/၂၀၁၉ ရာဇ သတ်ကြီး ဥပဒေ ပုဒ်မ ၄၀၆ အရ အမှုဖွင့်ခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

ကေမာၻဇဘဏ္ ေငြစာရင္းကြဲလြဲတဲ့ ျဖစ္စဥ္ေတြေၾကာင့္ ရဲစခန္းမွာ အမႈဖြင့္တိုင္တန္းၿပီး ေျဖရွင္းေနရ

မံုရြာ ၊ ၾသဂုတ္ ၂၀ – ၂၀၂၀
သက္စမ္းေရ ေနျပည္ေတာ္ (VOM)

စစ္ကိုင္းတိုင္း ၊ ခႏၲီးၿမိဳ႕ ကေမာၻဇဘဏ္က ဒုတိယဘဏ္ခြဲတာ၀န္ခံ ႀကီးၾကပ္ေရးမႉးဟာ ေငြစာရင္းေတြ ခြင့္ျပဳခ်က္မရွိဘဲ သိန္းငါးေထာင္နီးပါး အႀကိမ္ႀကိမ္ထုတ္ယူကာ ကိုယ္က်ိဳးအတြက္ သုံးစြဲခဲ့တာေၾကာင့္ ကေမာၻဇဘဏ္ရဲ႕ စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္ ေဒသ(၄)တာ၀န္ခံ လက္ေထာက္မန္ေနဂ်ာက မုံ႐ြာၿမိဳ႕မရဲစခန္းမွာ တရားလိုျပဳလုပ္ၿပီး အမႈဖြင့္တိုင္တန္းခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီအမႈကို မုံ႐ြာၿမိဳ႕မရဲစခန္းက ပထမသတင္းေပး တိုင္တန္းခ်က္အမွတ္ ၇၂၁ / ၂၀၂၀ ရာဇသတ္ႀကီး ဥပေဒပုဒ္မ- ၄၀၈ အရ အမႈကို လက္ခံေရးဖြင့္ၿပီး အမႈကို စစ္ေဆးေဆာင္ ႐ြက္ေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

မုံ႐ြာတရား႐ုံးမွာ အမႈတြဲေလွ်ာက္လႊာ စာေရးလုပ္ကိုင္ေနသူတစ္ဦးက “ အဲ့ဒီ ဘဏ္ကိစၥနဲ႔ ပတ္သက္လို႔ မေန႔က ေန႔လည္မွာ ေကာင္ေလးတစ္ေယာက္ကို တရား႐ုံးမွာ ခ်ဳပ္မိန႔္ ေတာင္းခံဖို႔ ရီမန္လာယူတာရွိတယ္ ” လို႔ေျပာပါတယ္။

မုံ႐ြာက ကေမာၻဇဘဏ္ခြဲ(၁)မွာ ေငြစုစာရင္းဖြင့္ထားတဲ့ စာရင္းပိုင္ရွင္ျဖစ္သူ အမ်ိဳးသားတစ္ဦးရဲ႕ ေငြစုစာရင္းစာအုပ္ကို စာရင္းပိုင္ရွင္ျဖစ္ရဲ႕ ညီျဖစ္သူက Update လုပ္ဖို႔ ဘဏ္ကိုလာေရာက္ခ်ိန္ ဘဏ္ရဲ႕ System ရွိ စာရင္းလက္က်န္နဲ႔ စာရင္းပိုင္ရွင္ရဲ႕ ေငြစုစာရင္းလက္က်န္မွာ တူညီမႈမရွိတဲ့အျပင္ စာရင္းပိုင္ရွင္မွ ေငြထုတ္ယူမႈမရွိဘဲ ေငြေတြေလ်ာ့နည္းေနတာကို တာ၀န္ခံမန္ေနဂ်ာက သိခဲ့ရၿပီး ႐ုံးခ်ဳပ္တာ၀န္ရွိသူ အသီးသီးကို ဆက္လက္တင္ျပခဲ့ရာ ႐ုံးခ်ဳပ္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕ကာ အဲ့ဒီ ေငြစာရင္းကြာဟေနမႈကို စုံစမ္းစစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီအဖြဲ႕ရဲ႕ စစ္ေဆးေပၚေပါက္ခ်က္အရ ခႏၲီးၿမိဳ႕ ကေမာၻဇဘဏ္ ဒုတိယဘဏ္ခြဲ တာ၀န္ခံ ႀကီးၾကပ္ေရးမႉး ဦးျပည့္ၿဖိဳးဦး ဆိုသူဟာ Mobile Service လုပ္ကိုင္သူ လူတစ္ဦးနဲ႔ ေငြေၾကးခ်ိတ္ဆက္မႈေတြျပဳလုပ္ကာ ေငြစာရင္းလြဲေျပာင္းမႈေတြ အႀကိမ္ႀကိမ္ ျပဳလုပ္ၿပီး ထုတ္ယူခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ မုံ႐ြာ ကေမာၻဇဘဏ္ခြဲ(၁)မွာ ေငြစုစာရင္းဖြင့္ထားသူ တစ္ဦးရဲ႕ အမည္ ၊ မွတ္ပုံတင္နံပါတ္ပါတဲ့ ယာဥ္ေမာင္းလိုင္စင္ကို အသုံးျပဳၿပီး မႏၲေလးဘဏ္ခြဲ (၂၀)ကေန ေငြေၾကးထုတ္ယူခဲ့တာကိုလည္း စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ ဘဏ္လုပ္ငန္းလုပ္ေနတဲ့ အသိုင္းအ၀န္းကေန သိရပါတယ္။

ဘဏ္ခြဲတာ၀န္ခံ ႀကီးၾကပ္ေရးမႉးကိုယ္တိုင္က မသမာမႈျပဳလုပ္ကာ ေငြေၾကးထုတ္ယူတဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ မုံ႐ြာ ကေမာၻဇဘဏ္ခြဲ (၁)ကို ( VOM) က ဆက္သြယ္ေပမယ့္လည္း ဆက္သြယ္လို႔ မရခဲ့ပါဘူး။

မုံ႐ြာ ကေမာၻဇဘဏ္ခြဲ(၁)မွာ အဲ့ဒီလို ေငြစုစာရင္းပိုင္ရွင္ရဲ႕ ေငြစုစာရင္းေတြနဲ႔ ဘဏ္မွာရွိတဲ့ ေငြလက္ခံစာရင္းေတြဟာ တူညီမႈမရွိဘဲ ကြဲလြဲေနတဲ့ ျဖစ္စဥ္က ဒီတစ္ႀကိမ္တည္းျဖစ္ခဲ့တာမဟုတ္ဘူးလို႔လည္း သိရပါတယ္။

၂၀၁၇ခုႏွစ္ စက္တင္ဘာ ၂၇ ရက္က ယင္းမာပင္ခ႐ိုင္ ၊ပုလဲၿမိဳ႕နယ္၊ မုံသြင္ေက်း႐ြာက အမ်ိဳးသားတစ္ဦးဟာ မုံ႐ြာ ကေမာၻဇဘဏ္ခြဲ(၁) မွာ ေငြက်ပ္ သိန္း ၂၀၀ နဲ႔ ေငြစုစာရင္း စတင္ဖြင့္လွစ္ခဲ့ၿပီး ေနာက္တစ္ႏွစ္ ေအာက္ တိုဘာ ၁ ရက္ေန႔ အထိ အႀကိမ္ႀကိမ္ အခါခါ ေငြစုစာရင္းထဲကို သိန္း ၈၀၀ ေက်ာ္ထည့္ကာ စာရင္းဖြင့္စုေဆာင္းခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီလမွာဘဲ ေငြစာရင္းပိုင္ရွင္ျဖစ္သူက သူ႔ရဲ႕ ေငြစုစာရင္းကို သိလိုတဲ့အတြက္ ဘဏ္က Update လုပ္ စစ္ေဆးၾကည့္တဲ့အခါ ေငြစုစာရင္းပိုင္ရွင္ျဖစ္သူက တႀကိမ္တခါမွ ေငြေၾကးထုတ္ယူျခင္းမရွိဘဲ သိန္း ၅၀၀ နီးပါး စာရင္းကြာဟေနတဲ့အတြက္ ေငြစာရင္းပိုင္ရွင္ျဖစ္သူကိုယ္တိုင္က တရားလိုျပဳလုပ္ၿပီး အဲ့ဒီဘဏ္က တာ၀န္ခံမန္ေနဂ်ာ အမ်ိဳးသမီးကို မုံ႐ြာၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္တိုင္တန္းခဲ့တဲ့ ျဖစ္စဥ္လည္း ျဖစ္ခဲ့ဖူးပါတယ္။

အဲ့ဒီအမႈကိုေတာ့ ရဲစခန္းက (ပ) ၁၀၆၂/၂၀၁၉ ရာဇ သတ္ႀကီး ဥပေဒ ပုဒ္မ ၄၀၆ အရ အမႈဖြင့္ခဲ့တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW