စစ်တွေကလူတွေ ရန်ကုန်ကိုလာရင် Quarantine ဝင်ရမယ်

စစ်တွေကလူတွေ ရန်ကုန်ကိုလာရင် Quarantine ဝင်ရမယ်

ရန်ကုန်၊ သြဂုတ် ၂၀-၂၀၂၀
ယဉ်ပပထွန်း(VOM)

စစ်တွေမြို့ကနေ ရန်ကုန်ကိုလာရောက်တဲ့သူတွေအနေနဲ့ ရန်ကုန်မြို့မှာ Quarantine ၂၁ ရက်ဝင်ရမယ်လို့ ပိုဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းညွှန်ကြားမူဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်က VOM ကိုပြောပါတယ်။

” မြန်မာအမျိုးသားလေကြောင်းလိုင်းက လက်ရှိတော့မရပ်သေးပါဘူး။ ဒါပေမဲ့စစ်တွေကလာတဲ့ ခရီးသည်တွေကိုတော့ ရန်ကုန်မှာ Quarantine ၂၁ ရက်ထား ထားမှာပါ ။ လေယာဉ်ခရီးစဉ်ကတော့ ဆက်လက်ပြေးဆွဲနေပါသေးတယ် ။လေယာဉ်ကိုတော့ လောလောဆယ် ညွှန်ကြားချက်မရှိသေးဘူး၊ အပေါ်ကညွှန်ကြားချက်ရမှ လုပ်ရတာဆိုတော့ ယာဉ်မရပ်သေးတာပါ” လို့ဦးစိုးပိုင်ကပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “စစ်တွေကနေ ရန်ကုန်သို့လာရောက်ကြမည့်သူများ ရန်ကုန်တွင် Quarantine နေရပါမည်။ Swab (၂)ခါယူရပါမည်။ Hotel သို့ Facility Quarantine ရွေးချယ်နိုင်ပါသည်။ အသေးစိတ်ကို ဆက်လက်ဖော်ပြပါမည်။”လို့ တရားဝင်ရေးသားထားတာဖြစ်ပါတယ်။

စစ်တွေမြို့မှာ ကိုဗစ်ကူးစက်ခံရသူ ၆ ဦးအထိရှိလာပြီး ဒီကနေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၃၉၆ ဦး၊ သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

စစ္ေတြကလူေတြ ရန္ကုန္ကိုလာရင္ Quarantine ဝင္ရမယ္

ရန္ကုန္၊ ၾသဂုတ္ ၂၀-၂၀၂၀
ယဥ္ပပထြန္း(VOM)

စစ္ေတြျမိဳ႕ကေန ရန္ကုန္ကိုလာေရာက္တဲ့သူေတြအေနနဲ႔ ရန္ကုန္ျမိဳ ့မွာ Quarantine ၂၁ ရက္ဝင္ရမယ္လို ့ ပိုေဆာင္ေရးနဲ ့ဆက္သြယ္ေရးဝန္ၾကီးဌာန ေလေၾကာင္းညႊန္ၾကားမူဦးစီးဌာနမွ အေထြေထြမန္ေနဂ်ာ ဦးစိုးပိုင္က VOM ကိုေျပာပါတယ္။

” ျမန္မာအမိ်ဳးသားေလေၾကာင္းလိုင္းက လက္႐ွိေတာ့မရပ္ေသးပါဘူး။ ဒါေပမဲ ့စစ္ေတြကလာတဲ့ ခရီးသည္ေတြကိုေတာ့ ရန္ကုန္မွာ Quarantine ၂၁ ရက္ထား ထားမွာပါ ။ ေလယာဥ္ခရီးစဥ္ကေတာ့ ဆက္လက္ေျပးဆဲြေနပါေသးတယ္ ။ေလယာဥ္ကုိေတာ့ ေလာေလာဆယ္ ညႊန္ၾကားခ်က္မ႐ွိေသးဘူး၊ အေပၚကညႊန္ၾကားခ်က္ရမွ လုပ္ရတာဆိုေတာ့ ယာဥ္မရပ္ေသးတာပါ” လို ့ဦးစိုးပိုင္ကေျပာပါတယ္။

ဒါ့အျပင္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ လူမွုေရးဝန္ႀကီးဦးနိုင္ငံလင္းကလည္း သူ႔ရဲ့လူမွုကြန္ယက္စာမ်က္ႏွာမွာ “စစ္ေတြကေန ရန္ကုန္သို့လာေရာက္ၾကမည့္သူမ်ား ရန္ကုန္တြင္ Quarantine ေနရပါမည္။ Swab (၂)ခါယူရပါမည္။ Hotel သို့ Facility Quarantine ေရြးခ်ယ္နိုင္ပါသည္။ အေသးစိတ္ကို ဆက္လက္ေဖာ္ျပပါမည္။”လို့ တရားဝင္ေရးသားထားတာျဖစ္ပါတယ္။

စစ္ေတြၿမိဳ႕မွာ ကိုဗစ္ကူးစက္ခံရသူ ၆ ဦးအထိရွိလာၿပီး ဒီကေန႕မနက္ပိုင္းအထိ ျမန္မာနိုင္ငံမွာ ကိုဗစ္ေရာဂါ ကူးစက္ခံရသူ ၃၉၆ ဦး၊ ေသဆံုးသူ ၆ ဦး ရွိၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW