မြန်မာနိုင်ငံက COVID-19 လူနာ (၈)ဦးကို သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးနိုင်ခဲ့

မြန်မာနိုင်ငံက COVID-19 လူနာ (၈)ဦးကို သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးနိုင်ခဲ့

ရန်ကုန်၊ သြဂုတ် ၂၀-၂၀၂၀
ယဉ်ပပထွန်း (VOM)

မြန်မာနိုင်ငံမှာ COVID-19 လူနာ (၈)ဦးကို သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးနိုင်ခဲ့ပြီး၊ လူနာ (၄)ဦးမှာ ဆေးရုံကနေ ဆင်းနိုင်ခဲ့ဖြစ်တယ်လို့ COVID- 19 သွေရည်ကြည်ကုထုံးအဖွဲ့ ဥက္ကဌ ပါမောက္ခRai Mraက ပြောပါတယ် ။

အဲ့ဒီလူနာတွေဟာ ရောဂါပြင်းထန်ခဲ့တဲ့ လူနာတွေဖြစ်ပြီး ကျန်တဲ့လူနာ ၄ဦးဟာ ဆေးရုံမှာ ကျန်နေသေးတယ်လို့လည်း ရန်ကုန်မြို့၊ ဆေးသုတေသနဦးစီးဌာနမှာ ဒီကနေ့ပြုလုပ်ခဲ့တဲ့ COVID-19လူနာများအားသွေးရည်ကြည်နဲ့ ကုသပေးနေမှုအခြေအနေ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ် ။

“ကျွန်တော်တို့ သွေးရည်ကြည်နဲ့ကုသပေးနိုင်ခဲ့တဲ့ လူနာက ၈ယောက်ကို ၄ယောက်ကတော့ဆေးရုံကဆင်းသွားပါပြီ။ ကျန်တဲ့လေးယောက်ကတော့ သူတို့ရဲ့မူရင်းရောဂါလေးတွေရှိနေသေးတဲ့အတွက် ဆက်လက်ကုသပေးနေပါတယ်။ ရှေ့လုပ်ငန်းစဉ်အနေနဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ anti bodyကိုတိုင်းနိုင်တဲ့စက်ကြီးနဲ့ အခုတိုင်းလို့ရနေပါပြီ။ အရင်တုန်းကတော့မရှိဘူးပေါ့။ ရှေ့ကိုဘယ်လိုလုပ်ဖို့စီစဉ်ထားလဲဆိုရင် COVID-19 ရောဂါဖြစ်ပွားခဲ့တဲ့လူနာတွေရဲ့ သွေးရည်ကြည်တွေကိုစစ်မယ်။ အဲဒီဟာတွေထဲက ဒီပိုးကိုတိုက်ဖျက်နိုင်မယ့်အဆင့်ကိုတိုင်းပြီး အဲဒီသွေးရည်ကြည်နဲ့ပြန်လည်ကုသပေးပါမှာဖြစ်တယ်”လို့ ပါမောက္ခRai Mraက ပြောပါတယ်။

သွေးရည်ကြည်နဲ့ကုသမှုတွေမှာ လူနာတစ်ဦးကို သွေးရည်ကြည်နှစ်ထုပ်လိုအပ်ပြီး၊ လူနာတစ်ဦးက လူနှစ်ယောက်စာလှူဒါန်းတဲ့ သွေးရည်ကြည်ပမာဏရှိမှသာ ကုသဖို့လုံလောက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

“ကုသမယ်ဆိုရင် လူနာတစ်ယောက်ကိုသွေးရည်ကြည်နှစ်ထုပ်သွင်းရတယ်။ လူတစ်ယောက်ဆီကမှ သွေးရည်ကြည်က ၂၀၀စီစီပဲထုတ်လို့ရတယ်။ ပြောရမယ်ဆိုရင် လူနာတစ်ဦးက လူနှစ်ယောက်စာရဲ့သွေးရည်ကြည်လိုတာပေါ့နော်။ လှူမယ်ဆိုရင် အခုကသွေးရည်ကြည်ကိုပဲယူပြီး သွေးနီဥတွေပြန်ထည့်ပေးလိုက်တယ်။ အဲဒီစက်လည်း အခုရှိနေပါပြီ။ စက်နဲ့ယူတာပေါ့နော်။ ဆိုတော့ တစ်ခါလှူပြီး ကျန်းမာရေးအခြေအနေကောင်းရင် နှစ်ပတ်နေပြီးပြန်လှူလို့ရပါတယ်”လို့ ပါမောက္ခ Rai Mra ကဆက်ပြီးပြောပါတယ်။

ကုသမှုပေးခဲ့ရာမှာ COVID- 19 ရောဂါပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကုသပေးခဲ့ရာမှာ အခက်ခဲဆုံးဖြစ်ခဲ့ပြီး အခုအခါ ကလေးငယ်ကို မီးဖွားပေးပြီးခဲ့ရာမှာတော့ မိခင်ရော၊ ကလေးပါကျန်းမာနေတယ်လို့လည်း သိရပါတယ် ။

“ကျွန်တော်တို့ကုသမှုပေးတဲ့နေရာမှာတော့ ဝေဘာဂီဆေးရုံက ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကုသမှုပေးခဲ့ရတာတော့ အခက်အခဲဆုံးလို့ပြောလို့ရတယ်။ အဲဒီအမျိုးသမီးက တခြားရောဂါအခံတွေလည်းရှိတယ်။ အထဲက ကလေးလည်းရှိတော့ သူရဲ့စိုးရိမ်စိတ်ကလည်း ကလေးမလှုပ်တော့ဘူးလို့ပြောရင် တခါတည်း ညဘက်လည်း အာထရာဆောင်းတွေရိုက်ရတယ်။ နောက်ဆုံးတော့ ကလေးကိုခွဲပြီးမွေးလိုက်တယ်။ အခုတော့ဆေးရုံကလည်းဆင်းသွားပါပြီ။ မိခင်ရော၊ ကလေးပါကျန်းမာပါတယ်”လို့ ပါမောက္ခRai Mraက ပြောပါတယ်။

သွေးရည်ကြည်ကုထုံးအဖွဲ့ကို ပါမောက္ခ Rai Mraက ဦးဆောင်ပြီး၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ၊ ဝေဘာဂီအထူးကုဆေးရုံမှ ပါမောက္ခ တစ်ဦး နဲ့ အမျိုးသားသွေးဌာနမှ ဒေါက်တာတစ်ဦးတို့က ဦးဆောင်ပါဝင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ သွေးရည်ကြည်လှူဒါန်းထားသူပေါင်း ၃၀ဦးရှိနေပြီး လက်ကျန်သွေးရည်ကြည် ၁၀ထုပ်ကျန်ရှိနေလျက်ရှိကြောင်း ရောဂါပြင်းထန်လူနာတွေရှိလာရင် ကုသပေးဖို့စီစဉ်ထားကြောင်းနဲ့ အဲ့ဒီသွေးရည်ကြည်ကို တစ်နှစ်အကြာ ထားသိုနိုင်တာကိုလဲ သိရပါတယ်။

အဲ့ဒီကုထုံးကို စတင်ကုသဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဧပြီ ၁၆ရက်က တာဝန်ပေးအပ်ခဲ့ပြီးနောက်ပိုင်း လေ့လာမှုတွေပြုလုပ်ကာ မေလ ၂၆ရက်မှာစတင်ကုသပေးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ျမန္မာႏိုင္ငံက COVID-19 လူနာ (၈)ဦးကို ေသြးရည္ၾကည္ကုထံုးနဲ႔ ကုသေပးႏုိင္ခဲ့

ရန္ကုန္၊ ၾသဂုတ္ ၂၀-၂၀၂၀
ယဥ္ပပထြန္း (VOM)

ျမန္မာႏုိင္ငံမွာ COVID-19 လူနာ (၈)ဦးကို ေသြးရည္ၾကည္ကုထံုးနဲ ့ ကုသေပးႏုိင္ခဲ့ၿပီး၊ လူနာ (၄)ဦးမွာ ေဆး႐ုံကေန ဆင္းနိုင္ခဲ့ျဖစ္တယ္လို႔ COVID- 19 ေသြရည္ၾကည္ကုထံုးအဖြဲ႔ ဥကၠဌ ပါေမာကၡRai Mraက ေျပာပါတယ္ ။

အဲ့ဒီလူနာေတြဟာ ေရာဂါျပင္းထန္ခဲ့တဲ့ လူနာေတြျဖစ္ၿပီး က်န္တဲ့လူနာ ၄ဦးဟာ ေဆးရံုမွာ က်န္ေနေသးတယ္လို႔လည္း ရန္ကုန္ၿမိဳ႕၊ ေဆးသုေတသနဦးစီးဌာနမွာ ဒီကေန႔ျပဳလုပ္ခဲ့တဲ့ COVID-19လူနာမ်ားအားေသြးရည္ၾကည္နဲ႔ ကုသေပးေနမႈအေျခအေန သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္ ။

“ကြၽန္ေတာ္တို႔ ေသြးရည္ၾကည္နဲ႔ကုသေပးႏုိင္ခဲ့တဲ့ လူနာက ၈ေယာက္ကို ၄ေယာက္ကေတာ့ေဆး႐ုံကဆင္းသြားပါၿပီ။ က်န္တဲ့ေလးေယာက္ကေတာ့ သူတို႔ရဲ႕မူရင္းေရာဂါေလးေတြ႐ွိေနေသးတဲ့အတြက္ ဆက္လက္ကုသေပးေနပါတယ္။ ေ႐ွ႕လုပ္ငန္းစဥ္အေနနဲ႔ ေသြးရည္ၾကည္ထဲမွာ႐ွိတဲ့ anti bodyကိုတိုင္းႏုိင္တဲ့စက္ႀကီးနဲ႔ အခုတိုင္းလို႔ရေနပါၿပီ။ အရင္တုန္းကေတာ့မ႐ွိဘူးေပါ့။ ေ႐ွ႕ကိုဘယ္လိုလုပ္ဖို႔စီစဥ္ထားလဲဆိုရင္ COVID-19 ေရာဂါျဖစ္ပြားခဲ့တဲ့လူနာေတြရဲ႕ ေသြးရည္ၾကည္ေတြကိုစစ္မယ္။ အဲဒီဟာေတြထဲက ဒီပိုးကိုတိုက္ဖ်က္ႏုိင္မယ့္အဆင့္ကိုတိုင္းၿပီး အဲဒီေသြးရည္ၾကည္နဲ႔ျပန္လည္ကုသေပးပါမွာျဖစ္တယ္”လို႔ ပါေမာကၡRai Mraက ေျပာပါတယ္။

ေသြးရည္ၾကည္နဲ ့ကုသမႈေတြမွာ လူနာတစ္ဦးကို ေသြးရည္ၾကည္ႏွစ္ထုပ္လိုအပ္ၿပီး၊ လူနာတစ္ဦးက လူႏွစ္ေယာက္စာလႉဒါန္းတဲ့ ေသြးရည္ၾကည္ပမာဏရွိမွသာ ကုသဖို႔လံုေလာက္တာျဖစ္တယ္လို႔လည္း သိရပါတယ္။

“ကုသမယ္ဆိုရင္ လူနာတစ္ေယာက္ကိုေသြးရည္ၾကည္ႏွစ္ထုပ္သြင္းရတယ္။ လူတစ္ေယာက္ဆီကမွ ေသြးရည္ၾကည္က ၂၀၀စီစီပဲထုတ္လို႔ရတယ္။ ေျပာရမယ္ဆိုရင္ လူနာတစ္ဦးက လူႏွစ္ေယာက္စာရဲ႕ေသြးရည္ၾကည္လိုတာေပါ့ေနာ္။ လႉမယ္ဆိုရင္ အခုကေသြးရည္ၾကည္ကိုပဲယူၿပီး ေသြးနီဥေတြျပန္ထည့္ေပးလိုက္တယ္။ အဲဒီစက္လည္း အခု႐ွိေနပါၿပီ။ စက္နဲ႔ယူတာေပါ့ေနာ္။ ဆိုေတာ့ တစ္ခါလႉၿပီး က်န္းမာေရးအေျခအေနေကာင္းရင္ ႏွစ္ပတ္ေနၿပီးျပန္လႉလို႔ရပါတယ္”လို႔ ပါေမာကၡ Rai Mra ကဆက္ၿပီးေျပာပါတယ္။

ကုသမႈေပးခဲ့ရာမွာ COVID- 19 ေရာဂါျပင္းထန္တဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို ကုသေပးခဲ့ရာမွာ အခက္ခဲဆံုးျဖစ္ခဲ့ၿပီး အခုအခါ ကေလးငယ္ကို မီးဖြားေပးၿပီးခဲ့ရာမွာေတာ့ မိခင္ေရာ၊ ကေလးပါက်န္းမာေနတယ္လို႔လည္း သိရပါတယ္ ။

“ကြၽန္ေတာ္တို႔ကုသမႈေပးတဲ့ေနရာမွာေတာ့ ေဝဘာဂီေဆး႐ုံက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို ကုသမႈေပးခဲ့ရတာေတာ့ အခက္အခဲဆံုးလို႔ေျပာလို႔ရတယ္။ အဲဒီအမ်ိဳးသမီးက တျခားေရာဂါအခံေတြလည္း႐ွိတယ္။ အထဲက ကေလးလည္း႐ွိေတာ့ သူရဲ႕စိုးရိမ္စိတ္ကလည္း ကေလးမလႈပ္ေတာ့ဘူးလို႔ေျပာရင္ တခါတည္း ညဘက္လည္း အာထရာေဆာင္းေတြ႐ုိက္ရတယ္။ ေနာက္ဆံုးေတာ့ ကေလးကိုခြဲၿပီးေမြးလိုက္တယ္။ အခုေတာ့ေဆး႐ုံကလည္းဆင္းသြားပါၿပီ။ မိခင္ေရာ၊ ကေလးပါက်န္းမာပါတယ္”လို႔ ပါေမာကၡRai Mraက ေျပာပါတယ္။

ေသြးရည္ၾကည္ကုထံုးအဖြဲ႔ကို ပါေမာကၡ Rai Mraက ဦးေဆာင္ၿပီး၊ ေဆးသုေတသနဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ၊ ေဝဘာဂီအထူးကုေဆး႐ုံမွ ပါေမာကၡ တစ္ဦး နဲ႔ အမ်ိဳးသားေသြးဌာနမွ ေဒါက္တာတစ္ဦးတို႔က ဦးေဆာင္ပါဝင္ခဲ့တာျဖစ္ပါတယ္။

လက္႐ွိအခ်ိန္အထိ ေသြးရည္ၾကည္လႉဒါန္းထားသူေပါင္း ၃၀ဦးရိွေနျပီး လက္က်န္ေသြးရည္ၾကည္ ၁၀ထုပ္က်န္႐ွိေနလ်က္႐ွိေၾကာင္း ေရာဂါျပင္းထန္လူနာေတြ႐ွိလာရင္ ကုသေပးဖို႔စီစဥ္ထားေၾကာင္းနဲ ့ အဲ့ဒီေသြးရည္ၾကည္ကို တစ္ႏွစ္အၾကာ ထားသိုနိုင္တာကိုလဲ သိရပါတယ္။

အဲ့ဒီကုထုံးကို စတင္ကုသဖို႔ က်န္းမာေရးႏွင့့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ဧၿပီ ၁၆ရက္က တာဝန္ေပးအပ္ခဲ့ျပီးေနာက္ပိုင္း ေလ့လာမႈေတြျပဳလုပ္ကာ ေမလ ၂၆ရက္မွာစတင္ကုသေပးခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW