မြေလိုင်းကျင်းတူးရာကနေ သမိုင်းဝင်ခြသေ့ၤရုပ်ထုတွေရဲ့ အစွယ်နှစ်ချောင်းတွေ့ရှိ

မြေလိုင်းကျင်းတူးရာကနေ သမိုင်းဝင်ခြသေ့ၤရုပ်ထုတွေရဲ့ အစွယ်နှစ်ချောင်းတွေ့ရှိ

စစ်ကိုင်း၊ သြဂုတ် ၂၀-၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသမှာ မြေလိုင်းကျင်းတူးရာကနေ သမိုင်းဝင်ခြသေ့ၤရုပ်ထုတွေရဲ့ အစွယ်နှစ်ချောင်းကို တွေ့ရှိခဲ့ပါတယ်။

မင်းကွန်းဒေသရှိ သမိုင်းဝင်ခြသေ့ၤရုပ်ထုတွေတည်ရှိရာ ဝန်းအတွင်း အနောက်ထောင့်နေရာမှာ မနေ့သြဂုတ်လ ၁၉ ရက်နေ့က ဈေးဆိုင်ခန်းတွေဆောက်ဖို့ မြေလိုင်းကျင်းတူးရာကနေ မြေမြုပ်ပျောက်ကွယ်နေတဲ့ မင်းကွန်းသမိုင်းဝင် ခြင်္သေ့ရုပ်ထုကြီးတွေရဲ့အစွယ် နှစ်ချောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ မင်းကွန်းဒေသ ပန်းချီဆရာ ကိုစုကပြောပါတယ်။

”ခြင်္သေ့ရုပ်ထုကြီး ဝန်းအတွင်းထဲ ဈေးဆိုင်ခန်း ဆောက်ဖို့ရာအတွက် တူးတာ၊ ဈေးဆိုင်ခန်းလေးတွေ တညီတည်းစနစ်တကျဖြစ်အောင် ပြန်ဆောက်ဖို့ လိုင်းကျင်းတူးတာပါ။ အဲ့ဒီလိုတူးရင်း တစ်ပေခွဲလောက်မှာ စကျင်ကျောက်သားနဲ့လုပ်ထားတဲ့ ရှေးဟောင်း ခြင်္သေကြီးတွေရဲ့အစွယ်နှစ်ချောင်းကို တွေ့ရှိတာပါ “လို့ ကိုစုကပြောပါတယ်။

(၁၁၅၂) ခုနှစ်မှာ ဘိုးတော်ဘုရားက မင်းကွန်းပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းကြီး၊ခြင်္သေ့ကြီးနှစ်ကောင်နဲ့ ကြက်ထောင့်ကန်ကြီးကို တည်ထားခဲ့ပြီး မင်းကွန်းခြင်္သေ့ရုပ်ထုနှစ်ကောင်မှာ ရှေးခေတ်အုပ်ချပ်ရေ ၈သိန်း အကုန်အကျခံတည်ထားခဲ့ပြီး အမြင့်ပေ ၉၅ပေရှိပါတယ်။

၁၂၀၀ ပြည့်နှစ်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ခြင်္သေ့ကြီးနှစ်ကောင်ရဲ့ ရှေ့ပိုင်းကိုယ်တွေပြိုကျပျက်စီး မြေခခဲ့ရတာဖြစ်ပါတယ်။

”အခု ရှေးဟောင်းရုံးအဖွဲ့က လာတယ်၊ အစွယ်လို့တော့ မပြောဘူး၊ခြင်္သေ့ကြီးရဲ့ အစိတ်အပိုင်းတစ်ခုလို့ သုံးပါတယ်။ ခြင်္သေ့ကြီးတွေရဲ့ အစွယ် ဒါမှမဟုတ် ခြေသည်းလက်သည်းလည်းဖြစ်နိုင်တယ်။ အတိအကျ မသိသေးတဲ့အတွက် ခြင်္သေ့ကြီးရဲ့ အစိတ်အပိုင်းတစ်ခုလို့ သုံးစွဲသွားပါတယ်၊ ရှေးဟောင်းတုန်းက မြုပ်နေတဲ့အရာမဟုတ်ပါဘူး။အရင်တုန်းက ခြောက်ခု၊ခုနှစ်ခုလောက်ရှိတယ်။ အချို့တဝက်က အဲဒီကာလတွေက သယ်သွားပြီးတော့ မသယ်တဲ့နှစ်ခုက ကျန်ခဲ့တာ၊ အုတ်တံတိုင်းမလုပ်ခင်က မိုးချောင်းသဲဖို့ဖို့ ပြီးတော့သဲဖို့သွားတာပါ။နှစ်ပေါင်းကာလ ကြာရှည်စွာ မြုပ်နေတဲ့ဟာ မဟုတ်ပါဘူး။” လို့ မင်းကွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ထွန်းကပြောပါတယ်။

တူးဖော်တွေ့ရှိရတဲ့ ခြင်္သေ့ရုပ်ထုတွေရဲ့အစွယ်တွေဟာ အရှည် ၆၉ လက်မ၊ လုံးပတ် အရင်း ၆၅ လက်မ၊ အလယ် ၆၅ လက်မ၊ အဖျား အတွင်းအရင်း ၂၀ လက်မ နဲ့ အချွန်းနေရာ ၁၆ လက်မ၊ အချင်း ၃ပေရှိပြီး ခန့်မှန်း အလေးချိန်ပိဿာ (၁၀၀၀)ခန့်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ တူးဖော်တွေ့ရှိခဲ့တဲ့ စကျင်ကျောက်သားခြင်္သေ့ရုပ်ထုကြီးတွေရဲ့ အစွယ်တွေကို ခြင်္သေ့ကြီး နှစ်ကောင်အနီးက ခုံပေါ်မှာ ယာယီထားရှိပြီး မင်းကွန်းလေးဋ္ဌာနဆရာတော်တွေကနေ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Photo – ကိုစု
#voiceofmyanmar #VOM #စစ်ကိုင်း

Zawgyi

ေၿမလုိင္းက်င္းတူးရာကေန သမိုင္းဝင္ၿခေသ့ၤရုပ္ထုေတြရဲ႕ အစြယ္ႏွစ္ေခ်ာင္းေတြ႕ရွိ

စစ္ကိုင္း၊ ၾသဂုတ္ ၂၀-၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကုိင္းၿမဳိ႕နယ္ မင္းကြန္းေဒသမွာ ေၿမလုိင္းက်င္းတူးရာကေန သမိုင္းဝင္ၿခေသ့ၤရုပ္ထုေတြရဲ႕ အစြယ္ႏွစ္ေခ်ာင္းကုိ ေတြ႕ရွိခဲ့ပါတယ္။

မင္းကြန္းေဒသရွိ သမိုင္းဝင္ၿခေသ့ၤရုပ္ထုေတြတည္ရွိရာ ဝန္းအတြင္း အေနာက္ေထာင့္ေနရာမွာ မေန႔ႀသဂုတ္လ ၁၉ ရက္ေန႔က ေစ်းဆုိင္ခန္းေတြေဆာက္ဖုိ႔ ေၿမလိုင္းက်င္းတူးရာကေန ေျမျမဳပ္ေပ်ာက္ကြယ္ေနတဲ့ မင္းကြန္းသမိုင္းဝင္ ျခေသၤ့ရုပ္ထုႀကီးေတြရဲ႕အစြယ္ ႏွစ္ေခ်ာင္းကို ျပန္လည္ေတြ႕ရွိခဲ့တာျဖစ္တယ္လုိ႔ မင္းကြန္းေဒသ ပန္းခ်ီဆရာ ကုိစုကေျပာပါတယ္။

”ၿခေသၤ့ရုပ္ထုႀကီး ဝန္းအတြင္းထဲ ေစ်းဆုိင္ခန္း ေဆာက္ဖုိ႔ရာအတြက္ တူးတာ၊ ေစ်းဆုိင္ခန္းေလးေတြ တညီတည္းစနစ္တက်ၿဖစ္ေအာင္ ၿပန္ေဆာက္ဖို့ လိုင္းက်င္းတူးတာပါ။ အဲ့ဒီလုိတူးရင္း တစ္ေပခြဲေလာက္မွာ စက်င္ေက်ာက္သားနဲ႔လုပ္ထားတဲ့ ေရွးေဟာင္း ျခေသၤႀကီးေတြရဲ့အစြယ္ႏွစ္ေခ်ာင္းကို ေတြ႕ရွိတာပါ “လုိ႔ ကိုစုကေျပာပါတယ္။

(၁၁၅၂) ခုႏွစ္မွာ ဘုိးေတာ္ဘုရားက မင္းကြန္းပုထိုးေတာ္ႀကီး၊ မင္းကြန္းေခါင္းေလာင္းႀကီး၊ျခေသၤ့ႀကီးႏွစ္ေကာင္နဲ႕ ၾကက္ေထာင့္ကန္ႀကီးကုိ တည္ထားခဲ့ၿပီး မင္းကြန္းျခေသၤ့ရုပ္ထုႏွစ္ေကာင္မွာ ေရွးေခတ္အုပ္ခ်ပ္ေရ ၈သိန္း အကုန္အက်ခံတည္ထားခဲ့ၿပီး အၿမင့္ေပ ၉၅ေပရွိပါတယ္။

၁၂၀၀ ၿပည့္ႏွစ္ကလွုပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ ၿခေသၤ့ႀကီးႏွစ္ေကာင္ရဲ႔ ေရွ႕ပိုင္းကိုယ္ေတြၿပိဳက်ပ်က္စီး ေျမခခဲ့ရတာျဖစ္ပါတယ္။

”အခု ေရွးေဟာင္းရုံးအဖြဲ႕က လာတယ္၊ အစြယ္လုိ့ေတာ့ မေျပာဘူး၊ၿခေသၤ့ႀကီးရဲ႕ အစိတ္အပုိင္းတစ္ခုလုိ႕ သုံးပါတယ္။ ျခေသၤ့ႀကီးေတြရဲ႕ အစြယ္ ဒါမွမဟုတ္ ေျခသည္းလက္သည္းလည္းၿဖစ္ႏုိင္တယ္။ အတိအက် မသိေသးတဲ့အတြက္ ၿခေသၤ့ႀကီးရဲ႕ အစိတ္အပုိင္းတစ္ခုလုိ႕ သုံးစြဲသြားပါတယ္၊ ေရွးေဟာင္းတုန္းက ၿမဳပ္ေနတဲ့အရာမဟုတ္ပါဘူး။အရင္တုန္းက ေျခာက္ခု၊ခုႏွစ္ခုေလာက္ရွိတယ္။ အခ်ုိ႕တဝက္က အဲဒီကာလေတြက သယ္သြားျပီးေတာ့ မသယ္တဲ့ႏွစ္ခုက က်န္ခဲ့တာ၊ အုတ္တံတုိင္းမလုပ္ခင္က မုိးေခ်ာင္းသဲဖုိ႔ဖုိ႔ ျပီးေတာ့သဲဖုိ႔သြားတာပါ။ႏွစ္ေပါင္းကာလ ႀကာရွည္စြာ ၿမဳပ္ေနတဲ့ဟာ မဟုတ္ပါဘူး။” လို႔ မင္းကြန္းေက်းရြာအုပ္ခ်ုပ္ေရးမွဴး ဦးမ်ုိးျမတ္ထြန္းကေျပာပါတယ္။

တူးေဖာ္ေတြ႕ရွိရတဲ့ ျခေသၤ့ရုပ္ထုေတြရဲ႕အစြယ္ေတြဟာ အရွည္ ၆၉ လက္မ၊ လုံးပတ္ အရင္း ၆၅ လက္မ၊ အလယ္ ၆၅ လက္မ၊ အဖ်ား အတြင္းအရင္း ၂၀ လက္မ နဲ႕ အခၽြန္းေနရာ ၁၆ လက္မ၊ အခ်င္း ၃ေပရွိၿပီး ခန္႔မွန္း အေလးခ်ိန္ပိႆာ (၁၀၀၀)ခန္႔ရွိတယ္လုိ႔ သိရပါတယ္။

လက္ရွိ တူးေဖာ္ေတြ႕ရွိခဲ့တဲ့ စက်င္ေက်ာက္သားျခေသၤ့ရုပ္ထုႀကီးေတြရဲ႕ အစြယ္ေတြကို ျခေသၤ့ႀကီး ႏွစ္ေကာင္အနီးက ခုံေပၚမွာ ယာယီထားရွိၿပီး မင္းကြန္းေလး႒ာနဆရာေတာ္ေတြကေန ဆက္လက္ထိန္းသိမ္းေစာင့္ေရွာက္သြားဖို႔ စီစဥ္ေဆာင္ရြက္သြားမယ္လုိ႔ သိရပါတယ္။

Photo – ကုိစု
#voiceofmyanmar #VOM #စစ္ကိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW