ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ ဆက်တိုက်တွေ့ရှိပြီး ပိုးတွေ့သူ ၁၉ ဦးထိရှိလာ

ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ ဆက်တိုက်တွေ့ရှိပြီး ပိုးတွေ့သူ ၁၉ ဦးထိရှိလာ

စစ်တွေ၊ ဩဂုတ် ၂၁- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ မြောက်ဦးမြို့နယ်တို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ အခုရပ်ပိုင်းမှာ ဆက်တိုက်ဆိုသလိုတွေ့ရှိနေရပြီး ဒီကနေ့မနက်ပိုင်းအချိန်ထိ ၁၉ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းထုတ်ပြန်တဲ့ ပိုးတွေ့လူနာတွေဟာ CB ဘဏ်ဝန်ထမ်းတွေ ရဲ့ မိသားစုဝင်တွေဖြစ်ကြောင်းနဲ့ လူနာအမှတ် (၃၇၅) နဲ့ တိုက်ရိုက်ထိတွေ့ သူတွေမဟုတ်ဘူးလို့ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က VOM ကိုပြောပါတယ်။

လက်ရှိအချိန်ထိ စစ်တွေဆေးရုံမှာ ကိုဗစ် ၁၉ အတည်ပြုပိုးတွေ့လူနာ ၁၈ ဦးရှိပြီး စောင့်ကြည့်လူနာ (၁၁) ဦးရှိကာ ဒီကနေ့ မနက်က ပိုးတွေ့လူနာတွေထဲမှာတော့ မြောက်ဦးမြို့နယ်က ပိုးတွေ့လူနာတစ်ဦး ပါဝင်တာဖြစ်ပါတယ်။

စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ပြောတာကတော့” ဒီမနက် စစ်တွေမှာ Case (375) နဲ့ ဆက်စပ်တဲ့ CB ဘဏ်ဝန်ထမ်းတွေရဲ့ မိသားစုတွေ ဖြစ်ပါတယ်။ မိသားစု (၄) စုကနေ မိသားစုဝင် (၉) ယောက်ကို ဒီနေ့သယ်ပြီးတော့ စစ်တွေဆေးရုံမှာ ကုတော့မယ်။ စစ်တွေဆေးရုံမှာ Positive လူနာက အရင် (၉) ယောက် အခု(၉) ယောက်ဆိုရင် ၁၈ ဦးရှိတယ်။ ဒီနေ့ ပိုးတွေ့တဲ့ (၁၀) ယောက်ထဲမှာ တစ်ယောက်က မြောက်ဦးက သူတို့က လူနာအမှတ် (၃၇၅) ရဲ့ Secondary contact လို့ ခေါ်ပါတယ်။ မနေ့က ပြည်သူ့ဆေးရုံမှာ လူ(၇၀) ကျော်ကို စစ်တာမှာ (၁၀) ယောက်တွေ့တယ်။ ၉ ယောက်ကတော့ စစ်တွေက၊ တစ်ယောက်ကတော့ မြောက်ဦးက ဖြစ်ပါတယ်။ မြောက်ဦးက လူနာကတော့ မြောက်ဦးဆေးရုံမှာပဲ ရှိပါတယ်။” လို့ ရှင်းပြပါတယ်။

စစ်တွေဆေးရုံမှာရှိတဲ့ လူနာ (၁၈) ယောက်လုံးဟာ ကျန်းမာရေးအခြေအနေတွေ ဆိုးဆိုးဝါးဝါးမရှိကြောင်းနဲ့ အားလုံးကျန်းမာရေးကောင်းတယ်လို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကူးစပ်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ (၂၁) ပုဒ်မခွဲ(ခ) အရ အမိန့်ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး ကိုဗစ်အတည်ပြု ပိုးတွေ့လူနာတွေ ဆက်တိုက်ဆိုသလိုတွေရှိနေတဲ့အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ မိမိနေအိမ်မှာ နေထိုင်ရေး (Stay at Home) လိုအပ်ကြောင်းနဲ့ အဲဒီလို နေအိမ်တွင်း နေထိုင်ရေးအစီအစဉ်မှာ အစိုးရဌာန၊ အဖွဲ့အစည်းတွေ၊ ကုမ္မဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်သူတွေ မပါဝင်ကြောင်းကို မနေ့သြဂုတ်လ ၂၀ရက် ညပိုင်းက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မနေ့ ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကိုဗစ်ပိုးတွေ့လူနာ (၃) ဦးရှိပြီး အဲ့ဒီ အထဲမှာ နား၊ နှာခေါင်း နဲ့ လည်ချောင်းအထူးကုဆရာဝန်ကြီးရဲ့ အကူ သူနာပြုတစ်ဦး၊ စစ်တွေမြို့ ၊ ရွာကြီး မြောက်ရပ်ကွက်နဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိုင္ျပည္နယ္မွာ ကိုဗစ္အတည္ျပဳလူနာေတြ ဆက္တိုက္ေတြ႕ရွိၿပီး ပိုးေတြ႕သူ ၁၉ ဦးထိရွိလာ

စစ္ေတြ၊ ဩဂုတ္ ၂၁- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နဲ႔ ေျမာက္ဦးၿမိဳ႔နယ္တို႔မွာ ကိုဗစ္-၁၉ ပိုးေတြ႕လူနာေတြ အခုရပ္ပိုင္းမွာ ဆက္တိုက္ဆိုသလိုေတြ႕ရွိေနရၿပီး ဒီကေန႔မနက္ပိုင္းအခ်ိန္ထိ ၁၉ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီကေန႔မနက္ပိုင္းထုတ္ျပန္တဲ့ ပိုးေတြ႕လူနာေတြဟာ CB ဘဏ္ဝန္ထမ္းေတြ ရဲ႕ မိသားစုဝင္ေတြျဖစ္ေၾကာင္းနဲ႔ လူနာအမွတ္ (၃၇၅) နဲ႔ တိုက္႐ိုက္ထိေတြ႕ သူေတြမဟုတ္ဘူးလို႔ စစ္ေတြျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဇာ္လြင္က VOM ကိုေျပာပါတယ္။

လက္ရွိအခ်ိန္ထိ စစ္ေတြေဆး႐ုံမွာ ကိုဗစ္ ၁၉ အတည္ျပဳပိုးေတြ႕လူနာ ၁၈ ဦးရွိၿပီး ေစာင့္ၾကည့္လူနာ (၁၁) ဦးရွိကာ ဒီကေန႔ မနက္က ပိုးေတြ႕လူနာေတြထဲမွာေတာ့ ေျမာက္ဦးၿမိဳ႕နယ္က ပိုးေတြ႕လူနာတစ္ဦး ပါဝင္တာျဖစ္ပါတယ္။

စစ္ေတြေဆး႐ုံအုပ္ႀကီး ေဒါက္တာေဇာ္လြင္ေျပာတာကေတာ့” ဒီမနက္ စစ္ေတြမွာ Case (375) နဲ႔ ဆက္စပ္တဲ့ CB ဘဏ္ဝန္ထမ္းေတြရဲ႕ မိသားစုေတြ ျဖစ္ပါတယ္။ မိသားစု (၄) စုကေန မိသားစုဝင္ (၉) ေယာက္ကို ဒီေန႔သယ္ၿပီးေတာ့ စစ္ေတြေဆး႐ုံမွာ ကုေတာ့မယ္။ စစ္ေတြေဆး႐ုံမွာ Positive လူနာက အရင္ (၉) ေယာက္ အခု(၉) ေယာက္ဆိုရင္ ၁၈ ဦးရွိတယ္။ ဒီေန႔ ပိုးေတြ႕တဲ့ (၁၀) ေယာက္ထဲမွာ တစ္ေယာက္က ေျမာက္ဦးက သူတို႔က လူနာအမွတ္ (၃၇၅) ရဲ႕ Secondary contact လို႔ ေခၚပါတယ္။ မေန႔က ျပည္သူ႔ေဆး႐ုံမွာ လူ(၇၀) ေက်ာ္ကို စစ္တာမွာ (၁၀) ေယာက္ေတြ႕တယ္။ ၉ ေယာက္ကေတာ့ စစ္ေတြက၊ တစ္ေယာက္ကေတာ့ ေျမာက္ဦးက ျဖစ္ပါတယ္။ ေျမာက္ဦးက လူနာကေတာ့ ေျမာက္ဦးေဆး႐ုံမွာပဲ ရွိပါတယ္။” လို႔ ရွင္းျပပါတယ္။

စစ္ေတြေဆး႐ုံမွာရွိတဲ့ လူနာ (၁၈) ေယာက္လုံးဟာ က်န္းမာေရးအေျခအေနေတြ ဆိုးဆိုးဝါးဝါးမရွိေၾကာင္းနဲ႔ အားလုံးက်န္းမာေရးေကာင္းတယ္လို႔ ေဒါက္တာေဇာ္လြင္က ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ကူးစပ္ေရာဂါကာကြယ္ႏွိမ္နင္းေရး ဥပေဒပုဒ္မ (၂၁) ပုဒ္မခြဲ(ခ) အရ အမိန႔္ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္လိုက္ၿပီး ကိုဗစ္အတည္ျပဳ ပိုးေတြ႕လူနာေတြ ဆက္တိုက္ဆိုသလိုေတြရွိေနတဲ့အတြက္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ျပည္သူေတြအေနနဲ႔ မိမိေနအိမ္မွာ ေနထိုင္ေရး (Stay at Home) လိုအပ္ေၾကာင္းနဲ႔ အဲဒီလို ေနအိမ္တြင္း ေနထိုင္ေရးအစီအစဥ္မွာ အစိုးရဌာန၊ အဖြဲ႕အစည္းေတြ၊ ကုမၼဏီ၊ စက္႐ုံ၊ အလုပ္႐ုံေတြမွာ တာဝန္ထမ္းေဆာင္သူေတြ မပါဝင္ေၾကာင္းကို မေန႔ၾသဂုတ္လ ၂၀ရက္ ညပိုင္းက ထုတ္ျပန္ထားတာျဖစ္ပါတယ္။

မေန႔ ညပိုင္းက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ကိုဗစ္ပိုးေတြ႕လူနာ (၃) ဦးရွိၿပီး အဲ့ဒီ အထဲမွာ နား၊ ႏွာေခါင္း နဲ႔ လည္ေခ်ာင္းအထူးကုဆရာဝန္ႀကီးရဲ႕ အကူ သူနာျပဳတစ္ဦး၊ စစ္ေတြၿမိဳ႕ ၊ ႐ြာႀကီး ေျမာက္ရပ္ကြက္နဲ႔ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးက ဝန္ထမ္းတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW