ပုဒ်မ-၁၄၄ ထုတ်ထားတဲ့ စားကျက်မြေမှာ သီးနှံတွေစိုက်ပျိုးခွင့်ပြု

ပုဒ်မ-၁၄၄ ထုတ်ထားတဲ့ စားကျက်မြေမှာ သီးနှံတွေစိုက်ပျိုးခွင့်ပြု

ရန်ကုန်၊ သြဂုတ် ၂၁-၂၀၂၀
သိဂီ ၤ(VOM)

ပဲခူးတိုင်းအတွင်း ပုဒ်မ-၁၄၄ ထုတ်ပြန်ထားတဲ့ စားကျက်နယ်မြေမှာ သီးနှံစိုက်ပျိုးတာရှိပါက စုံစမ်းစစ်ဆေးပြီး စိုက်ပျိုးခွင့်ပြုတဲ့သူကို အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ကအစ အရေးယူသွားမယ် လို့ပဲခူးတိုင်း ဝန်ကြီးချုပ်ဦးဝင်းသိန်းကပြောဆိုလိုက်ပါတယ်။

အဲ့ဒီနယ်မြေတွေမှာ ဘယ်လိုသီးနှံမျိုးကိုမှ စိုက်ပျိုးခွင့်မရှိကြောင်း၊ စိုက်ပျိုးခြင်းဟာ တရားမဝင်ဘူးလို့သိရပြီး ပြည်သူတွေအနေနဲ့ ၁၄၄ ထုတ်ပြန်ထားတဲ့ စားကျက်မြေပေါ်မှာ သီးနှံတွေစိုက်ပျိုးထားတာရှိရင် မြို့နယ် ၊ နေရာ အတိအကျနဲ့တကွ စာတင်တိုင်ကြားနိုင်တယ်လို့ ပြောပါတယ်။

ဖြေလျှော့မှုတစ်ခုအနေနဲ့ကတော့ ၁၄၄ မထုတ်ပြန်ခင်မှာ စိုက်ပျိုးထားတဲ့ စားကျက်မြေထဲက သီးနှံတွေအတွက်ကိုတော့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ပြီး ရိတ်သိမ်းခွင့်ပြုပေးသွားမယ်လို့လည်း သိရပါတယ်။

“ ၁၄၄ ထုတ်ထားတာက ိုဝင်စိုက်တယ်ဆိုကတည်းက မှားနေပြီ။ ကျနော်တိုခွင့်လွှတ်ခဲ့တာများနေပြီ။ တချို့နေရာတွေမှာစိုက်ခွင့်ပေးတယ်ဆို စိုက်စရာနေရာကိုမရှိလို့ ၊ ဒေသအချင်းချင်းညီညွတ်လို့ ၊ နည်းနည်းပါးပါးခွင့်ပြုတာရှိတယ်။ စားကျက်မြေကိစ္စက ပြဿနာတွေဖြစ်လွန်းလို့ ၁၄၄ ထုတ်ထား တဲ့နယ်မြေတွေရှိတယ်။ ၁၄၄ ထုတ်ထားတာကို ဝင်ခွင့်ပေးရင် ပေးတဲ့ဝန်ထမ်းကို အရေးယူမယ်။ အုပ်ချုပ်ရေးမှူးကြောင့်လား၊ မြို့နယ် က ခွင့်မပြုပေမယ့်လည်း ရပ်ကျေးအုပ်ချုပ် ရေးမှူးတွေက အချင်းချင်းဆောင် ရွက်တာ တွေရှိနိုင် တယ်။ရပ်ကျေးလိုအပ်ချက်လား မြိုနယ်ပိုင်းလိုအပ်ချက်လား ပြန်ကြည့်မယ်။ ဒါမှမဟုတ် တားချင် သလိုတားတို့ကတော့ဝင်လုပ်မယ်ဆိုတဲ့ အောက်ချေမှာ တချို့ပြည်သူတွေရှိတယ်။ အသိပေး လို့မရဘဲ လွန်ပြီး လုပ်တာကိုတော့အရေးယူရပါမယ်။”လို့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြောပါတယ်။

သတ်မှတ်ထားတဲ့ စားကျက်မြေပေါ်မှာ သီးနှံတွေစိုက်ပျိုးတာတွေကြောင့် စားကျက်မြေနေရာမရှိတဲ့အတွက် တောင်သူအချင်းအချင်း စကားများပြီး ခိုက်ရန်ဖြစ်ပွားတဲ့ပြသာနာတွေကြောင့် စားကျက်မြေကို ၂၀၁၈ခုနှစ်ကတည်းက ပုဒ်မ-၁၄၄ ထုတ်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပဲခူးတိုင်းထဲမှာ စားကျက်မြေဧကပေါင်း ၁၂၇၂၈၅.၀၈ ဧကရှိပြီး ပြဿနာဖြစ်ပွားမှုတွေကြောင့် ၁၄၄ ထုတ်ထားရတဲ့ စားကျက်နယ်မြေတွေကတော့ ဝေါမြို့နယ် ၊ ပဲခူးမြို့နယ်အပြင် တခြားမြို့နယ်တွေမှာလည်း ရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ပုဒ္မ-၁၄၄ ထုတ္ထားတဲ့ စားက်က္ေျမမွာ သီးႏွံေတြစိုက္ပ်ိဳးခြင့္ျပဳ

ရန္ကုန္၊ ႀသဂုတ္ ၂၁-၂၀၂၀
သိဂီ ၤ(VOM)

ပဲခူးတုိင္းအတြင္း ပုဒ္မ-၁၄၄ ထုတ္ျပန္ထားတဲ့ စားက်က္နယ္ေျမမွာ သီးနွံစိုက္ပ်ိဳးတာရွိပါက စုံစမ္းစစ္ေဆးၿပီး စိုက္ပ်ိဳးခြင့္ျပဳတဲ့သူကုိ အုပ္ခ်ဳပ္ေရးမွဴး ၊ ၿမိဳ႕နယ္ကအစ အေရးယူသြားမယ္ လို႔ပဲခူးတုိင္း ၀န္ႀကီးခ်ဳပ္ဦး၀င္းသိန္းကေျပာဆိုလိုက္ပါတယ္။

အဲ့ဒီနယ္ေျမေတြမွာ ဘယ္လုိသီးႏွံမ်ိဳးကိုမွ စိုက္ပ်ိဳးခြင့္မရွိေၾကာင္း၊ စိုက္ပ်ိဳးျခင္းဟာ တရားမ၀င္ဘူးလို႔သိရၿပီး ျပည္သူေတြအေနနဲ႔ ၁၄၄ ထုတ္ျပန္ထားတဲ့ စားက်က္ေျမေပၚမွာ သီးႏွံေတြစိုက္ပ်ိဳးထားတာရွိရင္ ၿမိဳ႕နယ္ ၊ ေနရာ အတိအက်နဲ႔တကြ စာတင္တုိင္္ၾကားႏုိင္တယ္လို႔ ေျပာပါတယ္။

ေျဖေလွ်ာ့မႈတစ္ခုအေနနဲ႔ကေတာ့ ၁၄၄ မထုတ္ျပန္ခင္မွာ စုိက္ပ်ိဳးထားတဲ့ စားက်က္ေျမထဲက သီးႏွံေတြအတြက္ကိုေတာ့ ေဆြးေႏြးညွိႏိႈင္းမႈေတြလုပ္ၿပီး ရိတ္သိမ္းခြင့္ျပဳေပးသြားမယ္လုိ႔လည္း သိရပါတယ္။

“ ၁၄၄ ထုတ္ထားတာက ုိ၀င္စုိက္တယ္ဆုိကတည္းက မွားေနၿပီ။ က်ေနာ္တုိခြင့္လႊတ္ခဲ့တာမ်ားေနၿပီ။ တခ်ိဳ႕ေနရာေတြမွာစိုက္ခြင့္ေပးတယ္ဆုိ စိုက္စရာေနရာကိုမရွိလုိ႔ ၊ ေဒသအခ်ငး္ခ်ငး္ညီညြတ္လို႔ ၊ နည္းနညး္ပါးပါးခြင့္ျပဳတာရွိတယ္။ စားက်က္ေျမကိစၥက ျပႆနာေတြျဖစ္လြန္းလို႔ ၁၄၄ ထုတ္ထား တဲ့နယ္ေျမေတြရွိတယ္။ ၁၄၄ ထုတ္ထားတာကုိ ၀င္ခြင့္ေပးရင္ ေပးတဲ့၀န္ထမ္းကို အေရးယူမယ္။ အုပ္ခ်ဳပ္ေရးမွဴးေၾကာင့္လား၊ ၿမိဳ႕နယ္ က ခြင့္မျပဳေပမယ့္လည္း ရပ္ေက်းအုပ္ခ်ဳပ္ ေရးမွဴးေတြက အခ်င္းခ်င္းေဆာင္ ရြက္တာ ေတြရွိႏုိင္ တယ္။ရပ္ေက်းလုိအပ္ခ်က္လား ၿမိဳနယ္ပုိင္းလိုအပ္ခ်က္လား ျပန္ၾကည့္မယ္။ ဒါမွမဟုတ္ တားခ်င္ သလိုတားတို႔ကေတာ့၀င္လုပ္မယ္ဆုိတဲ့ ေအာက္ေခ်မွာ တခ်ိဳ႕ျပည္သူေတြရွိတယ္။ အသိေပး လို႔မရဘဲ လြန္ၿပီး လုပ္တာကိုေတာ့အေရးယူရပါမယ္။”လို႔ ၀န္ႀကီးခ်ဳပ္ဦး၀င္းသိန္းက ေျပာပါတယ္။

သတ္မွတ္ထားတဲ့ စားက်က္ေျမေပၚမွာ သီးႏွံေတြစိုက္ပ်ိဳးတာ​ေတြ​ေၾကာင့္ စားက်က္ေျမေနရာမ႐ွိတဲ့အတြက္ ေတာင္သူအခ်င္းအခ်င္း စကားမ်ားၿပီး ခိုက္ရန္ျဖစ္ပြားတဲ့ျပသာနာ​ေတြ​ေၾကာင့္ စားက်က္ေျမကို ၂၀၁၈ခုႏွစ္ကတည္းက ပုဒ္မ-၁၄၄ ထုတ္ထားတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ပဲခူးတုိင္းထဲမွာ စားက်က္ေျမဧကေပါင္း ၁၂၇၂၈၅.၀၈ ဧကရွိၿပီး ျပႆနာျဖစ္ပြားမႈေတြေၾကာင့္ ၁၄၄ ထုတ္ထားရတဲ့ စားက်က္နယ္ေျမေတြကေတာ့ ေ၀ါၿမိဳ႕နယ္ ၊ ပဲခူးၿမိဳ႔နယ္အျပင္ တျခားၿမိဳ႕နယ္ေတြမွာလည္း ရွိတယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW