ဒေသကို အကျိုးပြုနည်းပါးတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး စိုးရိမ်နေရ

ဒေသကို အကျိုးပြုနည်းပါးတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး စိုးရိမ်နေရ

ဟုမ္မလင်း ၊ သြဂုတ် ၂၂- ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရဲ့ အဓိက ရွှေသတ္တုထွက်ရှိရာ ဥရုမြစ်ဘေးအနီးက ဒေသခံပြည်သူတွေဟာ ရွှေတူးဖော်ရေးလုပ်ကွက်မျှောတွေထဲမှာ ဝင်ရောက်လုပ်ကိုင်ဖို့ အခက်အခဲရှိတဲ့အတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။

အခုလို အခက်အခဲတွေကြောင့် လက်ရှိမှာ လမ်းဘေးက စွန့်ပစ်မြေစာတွေကို အင်ဝိုင်းလက်လှည့်တဲ့ မိရိုးဖလာ နည်းလမ်းအတိုင်း ရှာဖွေစားသောက်နေရတယ်လို့လည်း သိရပါတယ်။

“ အရင်ကတော့ ကုမ္မဏီ လုပ်ကွက်တွေထဲက ပစ်စာပုံတွေမှာ ဝင်ရောက်လုပ်ခွင့်ရတယ် ၊ အခုနောက်ပိုင်း သက်ဆိုင်ရာက ကုမ္မဏီလုပ်ကွက် အမျိုးအစားတွေကို ကန့်သတ်လိုက်တယ်၊ ဟိုအရင်တုန်းကလို လုပ်ပိုင်ခွင့်ဧရိယာက အကျယ်ကြီးမလုပ်ရတော့ဘူး ၊ လုပ်ကွက်တစ်ခုကို ၄ ဧကပဲ လုပ်ရတော့တယ် ၊ ၄ ဧက လုပ်ပိုင်ခွင့်ရရှိထားတဲ့ လုပ်ကွက်ထဲကို ဝင်ရောက်လုပ်ကိုင်ချင်တယ်ဆိုရင် အဲ့ဒီကုမ္မဏီကို အဖွဲ့ဝင်ကြေးက သိန်းနှစ်ရာ ၊ လစဉ်ကြေးက တစ်လကို ဆယ်သိန်းပေးရတယ် ၊ အဲ့ဲ့ဒီလို အဖွဲ့ဝင်ကြေးပေးပြီး လုပ်ကိုင်တဲ့သူ ဆယ်လေးငါးဦး ရှိတဲ့ ကုမ္မဏီဟာ ကိုယ်တိုင်လုပ်စရာမလိုဘဲ အမြတ်ထွက်တယ် ၊ အဖွဲ့ဝင်ကြေးပေးဖို့ လစဉ်ကြေးပေးဖို့ မတတ်နိုင်လို့ မိရိုးဖလာနည်းအတိုင်းပဲ ရှာဖွေရင်း ဝမ်းစာရေးကို ဖြေရှင်းနေရတာပါ ”လို့ ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာက ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီဒေသမှာ ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်ပေါင်း ရာနဲ့ချီရှိနေပေမယ့် ဒေသခံ ပြည်သူတွေပိုင်ဆိုင်တဲ့ လုပ်ကွက်ဆိုတာ မရှိသလောက်နည်းတယ်လို့ သိရပါတယ်။

ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်တွေကို ပိုင်ဆိုင်ထားသူ အများစုဟာ လုပ်ပိုင်ခွင့် အခွင့်အာဏာရ အသိုက်အဝန်းက လူပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ ဖြစ်ပြီး ရွှေသတ္တုတူးဖော်ရေး လုပ်ပိုင်ခွင့်ရရှိထားသူ အများစုကလည်း ဒေသခံတွေမဟုတ်တဲ့အတွက် ဒေသမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စရပ်တွေကို အလုပ်သဘောလောက်သာ လိုက်နာပြီး ထိရောက်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုမျိုး လုပ်ကိုင်ပေးတာ မတွေ့ရဘူးလို့ သိရပါတယ်။

“ ဆိုင်ရာနှိုက် အက်စစ်ဆိုတာ နိုင်ငံတကာမှာ အရေးကြီး ကန့်သတ်ပစ္စည်းဖြစ်ပါတယ် ၊ ရုရှနိုင်ငံမှာဆို ခွင့်ပြုချက် ပါမစ်မရှိဘဲ ဆိုင်ရာနှိုက် အက်စစ် ၁၆ အောင်စ လက်ဝယ်မှာ တွေ့ရှိရင် အဲ့ဒီလူကို သူတို့ ဥပဒေအရ ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်တယ် ၊ အကြောင်းက ဆိုင်ရာနှိုက် အက်စစ်ဆိုတာ လူ့ကိုယ်ခန္ဓာအရေပြားပေါ်မှာရှိတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ မွှေးညှင်းပေါက်ကလေးတွေကနေ ဝမ်းတွင်းပိုင်းထဲက အစိပ်အပိုင်းတွေအထိ ဝင်ရောက်ပြီး လူကိုယ် ကျန်းမာရေး ဒုက္ခအတိပေးနိုင်လို့ဖြစ်တယ် ၊ ဒီမှာက အဲ့ဒီ အက်စစ်တွေကို ထိန်းချုပ်မှုမရှိဘဲ လက်လွတ်စပယ် ထင်သလိုသုံးစွဲနေကြတာဖြစ်တယ် ” လို့ ဥရုမြစ်ကြောင်းအနီးမှာရှိတဲ့ ရွှေလုပ်ကွက်တွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမယ့် အရေးကို လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဖက်ပညာရှင် ဦးရဲထွဏ်းက ပြောပါတယ်။

ရွှေသတ္တုတူးဖော်ရှာဖွေပြီး ရွှေသတ္တုသန့်စင်လုပ်ကိုင်ရာမှာ ဆိုင်ရာနှိုက်အက်စစ်ဟာ မဖြစ်မနေ သုံးစွဲရတာဖြစ်ပြီး အဲ့ဒီလို အက်စစ် ဒြပ်ကြွင်းတွေကိန်းနေတဲ့ စွန့်ပစ်အရာတွေဟာ ချောင်းမြှောင်းတွေထဲကို ရောက်သွားရင် ရေသယံဇတဖြစ်တဲ့ သားငါးတွေသေဆုံးနိုင်သလို လူ့ကိုယ်ခန္ဓာအတွင်း ဝင်ရောက်သွားမယ်ဆိုရင်လည်း အသည်း ၊ကျောက်ကပ် ၊ နှလုံး ၊ အူလမ်းကြောင်း ရောဂါတွေအပြင် ကိုယ်ဝန်ဆောင် မိခင်တွေဆိုရင် ကိုယ်ဝန်ပျက်တာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါ့အပြင် မွေးဖွားလာတဲ့ကလေးတွေကလည်း ကိုယ်လက်အင်္ဂါမစွမ်းတာတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေက အနာဂါတ်မျိုးဆက်တွေရဲ့ ကျန်းမာရေးကိစ္စအတွက်ကိုပါ စိုးရိမ်နေကြရတာဖြစ်ပါတယ်။

ဒေသအကျိုးပြုမှုအလွန်နည်းပါးပြီး ဒေသရဲ့သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အလွန်များပြားတဲ့ ရွှေသတ္တူတူးဖော်ရေးလုပ်ငန်းတွေကြောင့် အဲ့ဒီဒေသက ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးအပြင် ကျန်းမာရေးပြဿနာတွေပါ တွေ့ကြုံနေရတယ်လို့ သိရပါတယ်။

#voiceomyanmar #VOM #ဟုမ္မလင်း

Zawgyi

ေဒသကို အက်ိဳးျပဳနည္းပါးတဲ႔ ေရႊတူးေဖာ္ေရးလုပ္ငန္းရွင္ေတြေၾကာင့္ ေဒသခံျပည္သူေတြ စား၀တ္ေနေရးနဲ႔ က်န္းမာေရး စိုးရိမ္ေနရ

ဟုမၼလင္း ၊ ၾသဂုတ္ ၂၂- ၂၀၂၀
ကိုတိုးၾကီး (VOM)

စစ္ကိုင္းတိုင္း၊ ဟုမၼလင္းျမိဳ႕နယ္ရဲ႕ အဓိက ေရႊသတၱဳထြက္ရွိရာ ဥရုျမစ္ေဘးအနီးက ေဒသခံျပည္သူေတြဟာ ေရႊတူးေဖာ္ေရးလုပ္ကြက္ေမွ်ာေတြထဲမွာ ၀င္ေရာက္လုပ္ကိုင္ဖို႔ အခက္အခဲရွိတဲ့အတြက္ စားဝတ္ေနေရးနဲ႔ က်န္းမာေရးအတြက္ စိုးရိမ္ေနရတယ္လို႔ ေဒသခံျပည္သူေတြကေျပာပါတယ္။

အခုလို အခက္အခဲေတြေၾကာင့္ လက္ရွိမွာ လမ္းေဘးက စြန္႔ပစ္ေျမစာေတြကို အင္၀ိုင္းလက္လွည္႔တဲ႔ မိရိုးဖလာ နည္းလမ္းအတိုင္း ရွာေဖြစားေသာက္ေနရတယ္လို႔လည္း သိရပါတယ္။

“ အရင္ကေတာ႔ ကုမၼဏီ လုပ္ကြက္ေတြထဲက ပစ္စာပံုေတြမွာ ၀င္ေရာက္လုပ္ခြင္႔ရတယ္ ၊ အခုေနာက္ပိုင္း သက္ဆိုင္ရာက ကုမၼဏီလုပ္ကြက္ အမ်ိဳးအစားေတြကို ကန္႔သတ္လိုက္တယ္၊ ဟိုအရင္တုန္းကလို လုပ္ပိုင္ခြင္႔ဧရိယာက အက်ယ္ၾကီးမလုပ္ရေတာ႔ဘူး ၊ လုပ္ကြက္တစ္ခုကို ၄ ဧကပဲ လုပ္ရေတာ႔တယ္ ၊ ၄ ဧက လုပ္ပိုင္ခြင္႔ရရွိထားတဲ႔ လုပ္ကြက္ထဲကို ၀င္ေရာက္လုပ္ကိုင္ခ်င္တယ္ဆိုရင္ အဲ႔ဒီကုမၼဏီကို အဖြဲ႔၀င္ေၾကးက သိန္းႏွစ္ရာ ၊ လစဥ္ေၾကးက တစ္လကို ဆယ္သိန္းေပးရတယ္ ၊ အဲ႔ဲ႔ဒီလို အဖြဲ႔၀င္ေၾကးေပးျပီး လုပ္ကိုင္တဲ႔သူ ဆယ္ေလးငါးဦး ရွိတဲ႔ ကုမၼဏီဟာ ကိုယ္တိုင္လုပ္စရာမလိုဘဲ အျမတ္ထြက္တယ္ ၊ အဖြဲ႔၀င္ေၾကးေပးဖို႔ လစဥ္ေၾကးေပးဖို႔ မတတ္နိုင္လို႔ မိရိုးဖလာနည္းအတိုင္းပဲ ရွာေဖြရင္း ၀မ္းစာေရးကို ေျဖရွင္းေနရတာပါ ”လို႔ ဟုမၼလင္းျမိဳ႕နယ္ နမ္႔ေတာေက်းရြာက ေဒသခံ ျပည္သူတစ္ဦးက ေျပာပါတယ္။

အဲ႔ဒီေဒသမွာ ေရႊသတၱဳတူးေဖာ္ေရး လုပ္ကြက္ေပါင္း ရာနဲ႔ခ်ီရွိေနေပမယ္႔ ေဒသခံ ျပည္သူေတြပိုင္ဆိုင္တဲ႔ လုပ္ကြက္ဆိုတာ မရွိသေလာက္နည္းတယ္လို႔ သိရပါတယ္။

ေရႊသတၱဳတူးေဖာ္ေရး လုပ္ကြက္ေတြကို ပိုင္ဆိုင္ထားသူ အမ်ားစုဟာ လုပ္ပိုင္ခြင္႔ အခြင္႔အာဏာရ အသိုက္အ၀န္းက လူပုဂၢိဳလ္ေတြနဲ႔ ရင္းႏွီးကၽြမ္း၀င္သူေတြ ျဖစ္ၿပီး ေရႊသတၱဳတူးေဖာ္ေရး လုပ္ပိုင္ခြင္႔ရရွိထားသူ အမ်ားစုကလည္း ေဒသခံေတြမဟုတ္တဲ့အတြက္ ေဒသမွာရွိတဲ႔ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး ကိစၥရပ္ေတြကို အလုပ္သေဘာေလာက္သာ လိုက္နာၿပီး ထိေရာက္တဲ႔ ထိန္းသိမ္းေစာင္႔ေရွာက္မႈမ်ိဳး လုပ္ကိုင္ေပးတာ မေတြ႔ရဘူးလို႔ သိရပါတယ္။

“ ဆိုင္ရာႏႈိက္ အက္စစ္ဆိုတာ နိုင္ငံတကာမွာ အေရးၾကီး ကန္႔သတ္ပစၥည္းျဖစ္ပါတယ္ ၊ ရုရွနိုင္ငံမွာဆို ခြင္႔ျပဳခ်က္ ပါမစ္မရွိဘဲ ဆိုင္ရာႏႈိက္ အက္စစ္ ၁၆ ေအာင္စ လက္၀ယ္မွာ ေတြ႔ရွိရင္ အဲ႔ဒီလူကို သူတို႔ ဥပေဒအရ ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္နိုင္တယ္ ၊ အေၾကာင္းက ဆိုင္ရာႏႈိက္ အက္စစ္ဆိုတာ လူ႔ကိုယ္ခႏၶာအေရျပားေပၚမွာရွိတဲ႔ မ်က္စိနဲ႔ မျမင္နိုင္တဲ႔ ေမႊးညွင္းေပါက္ကေလးေတြကေန ၀မ္းတြင္းပိုင္းထဲက အစိပ္အပိုင္းေတြအထိ ၀င္ေရာက္ျပီး လူကိုယ္ က်န္းမာေရး ဒုကၡအတိေပးနိုင္လို႔ျဖစ္တယ္ ၊ ဒီမွာက အဲ႔ဒီ အက္စစ္ေတြကို ထိန္းခ်ဳပ္မႈမရွိဘဲ လက္လြတ္စပယ္ ထင္သလိုသံုးစြဲေနၾကတာျဖစ္တယ္ ” လို႔ ဥရုျမစ္ေၾကာင္းအနီးမွာရွိတဲ႔ ေရႊလုပ္ကြက္ေတြေၾကာင္႔ သဘာ၀ပတ္၀န္းက်င္ ထိခိုက္ပ်က္စီးလာမယ့္ အေရးကို ေလ႔လာေစာင္႔ၾကည္႔ေနတဲ႔ အရပ္ဖက္ပညာရွင္ ဦးရဲထြဏ္းက ေျပာပါတယ္။

ေရႊသတၱဳတူးေဖာ္ရွာေဖြျပီး ေရႊသတၱဳသန္႔စင္လုပ္ကိုင္ရာမွာ ဆိုင္ရာႏႈိက္အက္စစ္ဟာ မျဖစ္မေန သံုးစြဲရတာျဖစ္ၿပီး အဲ႔ဒီလို အက္စစ္ ၿဒပ္ၾကြင္းေတြကိန္းေနတဲ႔ စြန္႔ပစ္အရာေတြဟာ ေခ်ာင္းေျမွာင္းေတြထဲကို ေရာက္သြားရင္ ေရသယံဇတျဖစ္တဲ႔ သားငါးေတြေသဆံုးနိုင္သလို လူ႔ကိုယ္ခႏၶာအတြင္း ၀င္ေရာက္သြားမယ္ဆိုရင္လည္း အသည္း ၊ေက်ာက္ကပ္ ၊ ႏွလံုး ၊ အူလမ္းေၾကာင္း ေရာဂါေတြအျပင္ ကိုယ္၀န္ေဆာင္ မိခင္ေတြဆိုရင္ ကိုယ္ဝန္ပ်က္တာကိုလည္း ျဖစ္ေပၚေစနိုင္ပါတယ္။

ဒါ႔အျပင္ ေမြးဖြားလာတဲ႔ကေလးေတြကလည္း ကိုယ္လက္အဂၤါမစြမ္းတာေတြျဖစ္ေပၚလာနိုင္တဲ့အတြက္ ေဒသခံျပည္သူေတြက အနာဂါတ္မ်ိဳးဆက္ေတြရဲ႕ က်န္းမာေရးကိစၥအတြက္ကိုပါ စိုးရိမ္ေနၾကရတာျဖစ္ပါတယ္။

ေဒသအက်ိဳးျပဳမႈအလြန္နည္းပါးျပီး ေဒသရဲ႕သဘာ၀ပတ္၀န္းက်င္ ထိခိုက္ပ်က္စီးမႈ အလြန္မ်ားျပားတဲ႔ ေရႊသတၱဴတူးေဖာ္ေရးလုပ္ငန္းေတြေၾကာင္႔ အဲ႔ဒီေဒသက ေဒသခံျပည္သူေတြဟာ စား၀တ္ေနေရးအျပင္ က်န္းမာေရးျပႆနာေတြပါ ေတြ႔ၾကံဳေနရတယ္လို႔ သိရပါတယ္။

#voiceomyanmar #VOM #ဟုမၼလင္း

Related posts

Leave a Comment

VOM News

FREE
VIEW