၂၁ပင်လုံညီလာခံအပေါ် တပ်မတော်၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ရဲ့ သဘောထားအမြင်များ

၂၁ပင်လုံညီလာခံအပေါ် တပ်မတော်၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ရဲ့ သဘောထားအမြင်များ

နေပြည်တော်၊သြဂုတ် ၂၂-၂၀၂၀
အေးချမ်းသူ(VOM)

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်ရှင်းစင်တာ(MICC ll)မှာ ကျင်းပခဲ့တဲ့ ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်လာတဲ့ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီတွေရဲ့ သဘောထားအမြင်တွေကို VOMက စုစည်းထားတာဖြစ်ပါတယ်။

ဗိုလ်မှုးကြီးခွန်ဥက္ကာ(ပအိုပ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
PNLO)ကတော့ ” နိုင်ငံရေးသဘောတူညီချက် ကောင်းကောင်းမွန်မွန် ဖြစ်ပေါ်လာတာနဲ့အညီ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစီးခြင်းကိုလည်း တစ်ခါတည်းဆွေးနွေးသွားမယ်။ မချန်ထားဘူးပေါ့ နိုင်ငံရေးသဘောတူညီချက်မရခင်ကတော့ ဒီကိစွကိုခဏမဆွေးနွေးဘဲထားမယ်။ သဘောတူချက် တစ်ဆင့်ပြီးတစ်ဆင့် ကောင်းကောင်းမွန်မွန်ရတယ်ဆိုရင် တပ်မတော်က ဆွေးနွေးချင်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိုပါ တစ်ပါတည်းဆွေးနွေးသွားမယ်။ ဒါက အားလုံးသဘောတူညီချက်၊ ဒါကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လုံခြုံရေးဆိုင်ရာဆွေးနွေးတာရော အရှိန်အဟုန်နဲ့ ဆက်သွားမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့) ပြောတာကတော့ ” မြန်မာစကားမှာ “တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်မယ် ” ဆိုတာ စကားပုံလှတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ် စစ်ရေးလုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ စစ်သားအယူအဆကတော့ စစ်သားအယူအဆပဲ။ တစ်ချက်ခုတ်ရင် တစ်ချက်ပြတ်ရမယ်။ တစ်ချက်ခုတ်ရင် တစ်ချက်ပြတ်တာပဲ အရေးကြီးတာ ။ ငြိမ်းချမ်းရေးရဲ့ ပထမဆုံးလိုလားချက်က ဘာလဲ အပစ်အခတ်ရပ်စဲရေး၊ အပစ်အခတ်ရပ်စဲရေးကိုပဲ ပထမဦးဆုံးပုံဖော်ရမယ်။ အပစ်အခတ်ရပ်ပြီးရင် လက်နက်တွေ စွဲကိုင်မထားတော့ဘူး။ ဒီလက်နက်တွေကို အသုံးမပြုတော့ဘူးဆိုတဲ့ ရည်ရွယ်ချက်ရလာရင် နောက်တစ်ဆင့်တက်လှမ်းလို့ရတယ်။ အဲ့လိုမှ မဟုတ်ဘဲ အခြေခံယူဆချက်တွေအပေါ်မှာ မယူဆဘဲ အဆင့်တွေကျော်ပြီးလုပ်နေမယ်ဆိုရင် သိအောင်ပြောခြင်းဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒေါ်စောမြရာဇာလင်း(ALP)ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ပြောတာကလည်း ” ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဒုတိယခေါင်းဆောင် ဘယ်လိုပဲပြောပြော မတွန်းတာထက်စာရင် တွန်းတာကရွေ့တယ်။ လုံးဝမရွေ့ဘူးလားဆိုတော့ မဟုတ်ဘူး။ရွေ့သလောက် ရွေ့လာပါတယ်”လို့ ပြောခဲ့ပါတယ်။

တာလှဖေ(တအောင်းပလောင်အမျိုးသားပါတီ) ကလည်း ” ကျနော်ကတော့ အားရခြင်းအားမရခြင်းက ဒွန်တွဲနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာနှုန်းပြည့်မရောက်သေးဘူး။ ဒါပေမဲ့ ရှေဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ချမှတ်နိူင်ခဲ့တယ်။ အခြေခံ အုတ်မြစ်တွေ တည်ဆောက်နိူင်ခဲ့တယ်လို့ အောက်မေ့တယ်”လို့ ပြောပါတယ်။

ဗဒိုစောကွယ်ထူးဝင်း(KNU ဒုဥက္ကဌ) ပြောတာက ” အစိုးရက ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ပုံစံကို လိုချင်တယ်။ ဆိုလိုတဲ့သဘောက ဗဟိုကနေခွဲဝေပေးတဲ့ အာဏာအပေါ်မူတည်ပြီး ကျနော်တို့ဘက်ကျပြန်တော့လည်း ကိုယ့်အာဏာကို ဘယ်လိုခွဲဝေပေးမမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒါကြောင့်ဒီနှစ်ခုကို ဆက်ပြီးဆွေးနွေးသွားမှာပါ”လို့ ပြောပါတယ်။

စိုင်းကျော်ညွန့်( ရှမ်းတိုင်းရင်းသားများဒီမီုကရေစီအဖွဲ့ချုပ်ပါတီ
မှ တွဲဘက်အတွင်းရေးမှုး(၁)) ပြောတာကတော့ “ကျွန်တော်တို့ကတော့ အားလုံးလာနိူင်ရင်ကောင်းတယ်။ အကုန်လုံးကိုကြိုဆိုတယ်။ အားလုံးလာစေချင်တယ်။ ကျနော်တို့က အစိုးရကို အားလုံးကိုဖိတ်ပါ။ ဒီဖြစ်စဉ်မှာပါတဲ့ သူတွေအားလုံးကိုဖိတ်ပါလို့
ပြောချင်တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

၂၁ပင္လုံညီလာခံအေပၚ တပ္မေတာ္၊ လက္နက္ကိုင္၊ ႏိုင္ငံေရးပါတီတို႔ရဲ႕ သေဘာထားအျမင္မ်ား

ေနျပည္ေတာ္၊ၾသဂုတ္ ၂၂-၂၀၂၀
ေအးခ်မ္းသူ(VOM)

ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗန္ရွင္းစင္တာ(MICC ll)မွာ က်င္းပခဲ့တဲ့ ၂၁ရာစုပင္လုံညီလာခံကို တက္ေရာက္လာတဲ့ တပ္မေတာ္၊ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား ၊ ႏိုင္ငံေရးပါတီေတြရဲ႔ သေဘာထားအျမင္ေတြကို VOMက စုစည္းထားတာျဖစ္ပါတယ္။

ဗိုလ္မႈးႀကီးခြန္ဥကၠာ(ပအိုပ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္
PNLO)ကေတာ့ ” ႏိုင္ငံေရးသေဘာတူညီခ်က္ ေကာင္းေကာင္းမြန္မြန္ ျဖစ္ေပၚလာတာနဲ႔အညီ လုံၿခဳံေရးဆိုင္ရာျပန္လည္ေပါင္းစီးျခင္းကိုလည္း တစ္ခါတည္းေဆြးေႏြးသြားမယ္။ မခ်န္ထားဘူးေပါ့ ႏိုင္ငံေရးသေဘာတူညီခ်က္မရခင္ကေတာ့ ဒီကိစြကိုခဏမေဆြးေႏြးဘဲထားမယ္။ သေဘာတူခ်က္ တစ္ဆင့္ၿပီးတစ္ဆင့္ ေကာင္းေကာင္းမြန္မြန္ရတယ္ဆိုရင္ တပ္မေတာ္က ေဆြးေႏြးခ်င္တဲ့ လုံၿခဳံေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းျခင္းကိုပါ တစ္ပါတည္းေဆြးေႏြးသြားမယ္။ ဒါက အားလုံးသေဘာတူညီခ်က္၊ ဒါေၾကာင့္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ လုံၿခဳံေရးဆိုင္ရာေဆြးေႏြးတာေရာ အရွိန္အဟုန္နဲ႔ ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း(တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕) ေျပာတာကေတာ့ ” ျမန္မာစကားမွာ “တစ္ခ်က္ခုတ္ရင္ ႏွစ္ခ်က္ျပတ္မယ္ ” ဆိုတာ စကားပုံလွတယ္။ ဒါေပမဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာပဲျဖစ္ျဖစ္ ႏိုင္ငံေရးလုပ္ငန္းစဥ္မွာပဲျဖစ္ျဖစ္ စစ္ေရးလုပ္ငန္းစဥ္မွာပဲျဖစ္ျဖစ္ က်ေနာ္တို႔ရဲ႔ စစ္သားအယူအဆကေတာ့ စစ္သားအယူအဆပဲ။ တစ္ခ်က္ခုတ္ရင္ တစ္ခ်က္ျပတ္ရမယ္။ တစ္ခ်က္ခုတ္ရင္ တစ္ခ်က္ျပတ္တာပဲ အေရးႀကီးတာ ။ ၿငိမ္းခ်မ္းေရးရဲ႕ ပထမဆုံးလိုလားခ်က္က ဘာလဲ အပစ္အခတ္ရပ္စဲေရး၊ အပစ္အခတ္ရပ္စဲေရးကိုပဲ ပထမဦးဆုံးပုံေဖာ္ရမယ္။ အပစ္အခတ္ရပ္ၿပီးရင္ လက္နက္ေတြ စြဲကိုင္မထားေတာ့ဘူး။ ဒီလက္နက္ေတြကို အသုံးမျပဳေတာ့ဘူးဆိုတဲ့ ရည္႐ြယ္ခ်က္ရလာရင္ ေနာက္တစ္ဆင့္တက္လွမ္းလို႔ရတယ္။ အဲ့လိုမွ မဟုတ္ဘဲ အေျခခံယူဆခ်က္ေတြအေပၚမွာ မယူဆဘဲ အဆင့္ေတြေက်ာ္ၿပီးလုပ္ေနမယ္ဆိုရင္ သိေအာင္ေျပာျခင္းျဖစ္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။

ေဒၚေစာျမရာဇာလင္း(ALP)ရခိုင္​ျပည္လႊတ္ေျမာက္ေရးပါတီ ေျပာတာကလည္း ” ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးအဖြဲ႕ဒုတိယေခါင္းေဆာင္ ဘယ္လိုပဲေျပာေျပာ မတြန္းတာထက္စာရင္ တြန္းတာကေ႐ြ႕တယ္။ လုံးဝမေ႐ြ႕ဘူးလားဆိုေတာ့ မဟုတ္ဘူး။ေ႐ြ႕သေလာက္ ေ႐ြ႕လာပါတယ္”လို႔ ေျပာခဲ့ပါတယ္။

တာလွေဖ(တေအာင္းပေလာင္အမ်ိဳးသားပါတီ) ကလည္း ” က်ေနာ္ကေတာ့ အားရျခင္းအားမရျခင္းက ဒြန္တြဲေနတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ရာႏႈန္းျပည့္မေရာက္ေသးဘူး။ ဒါေပမဲ့ ေရွဆက္လုပ္ရမယ့္ လုပ္ငန္းစဥ္ေတြအတြက္ ခ်မွတ္ႏိူင္ခဲ့တယ္။ အေျခခံ အုတ္ျမစ္ေတြ တည္ေဆာက္ႏိူင္ခဲ့တယ္လို႔ ေအာက္ေမ့တယ္”လို႔ ေျပာပါတယ္။

ဗဒိုေစာကြယ္ထူးဝင္း(KNU ဒုဥကၠဌ) ေျပာတာက ” အစိုးရက ဗဟုိခ်ဳပ္ကိုင္မႈအားေကာင္းတဲ့ပုံစံကို လိုခ်င္တယ္။ ဆိုလိုတဲ့သေဘာက ဗဟိုကေနခြဲေဝေပးတဲ့ အာဏာအေပၚမူတည္ၿပီး က်ေနာ္တို႔ဘက္က်ျပန္ေတာ့လည္း ကိုယ့္အာဏာကို ဘယ္လိုခြဲေဝေပးမမလဲဆိုတဲ့အေပၚမွာ မူတည္တယ္။ ဒါေၾကာင့္ဒီႏွစ္ခုကို ဆက္ၿပီးေဆြးေႏြးသြားမွာပါ”လို႔ ေျပာပါတယ္။

စိုင္းေက်ာ္ၫြန႔္( ရွမ္းတိုင္းရင္းသားမ်ားဒီမီုကေရစီအဖြဲ႕ခ်ဳပ္ပါတီ
မွ တြဲဘက္အတြင္းေရးမႈး(၁)) ေျပာတာကေတာ့ “ကြၽန္ေတာ္တို႔ကေတာ့ အားလုံးလာႏိူင္ရင္ေကာင္းတယ္။ အကုန္လုံးကိုႀကိဳဆိုတယ္။ အားလုံးလာေစခ်င္တယ္။ က်ေနာ္တို႔က အစိုးရကို အားလုံးကိုဖိတ္ပါ။ ဒီျဖစ္စဥ္မွာပါတဲ့ သူေတြအားလုံးကိုဖိတ္ပါလို႔
ေျပာခ်င္တယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW