ကယားဝန်ကြီးချုပ် စွပ်စွဲပြစ်တင်ခံရတဲ့အမှုကို ဝန်ကြီးချုပ်ကိုယ်စား လာရောက်‌အစစ်ခံသူက စုံစမ်းစစ်ဆေးရေးအဖွဲ့မစုံဘူးလို့ဆိုကာ ပြန်သွား

ကယားဝန်ကြီးချုပ် စွပ်စွဲပြစ်တင်ခံရတဲ့အမှုကို ဝန်ကြီးချုပ်ကိုယ်စား လာရောက်‌အစစ်ခံသူက စုံစမ်းစစ်ဆေးရေးအဖွဲ့မစုံဘူးလို့ဆိုကာ ပြန်သွား

နေပြည်‌ေ‌တာ်၊ဩဂုတ်၂၅-၂၀၂၀
ကောင်းလက်ျာ(VOM)

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိူကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ထားတဲ့ အမှုနဲ့ပတ်သက်လို့ ဒီကနေ့မနက် ၁၀ နာရီခန့်က အစိုးရအဖွဲ့အတွင်းရေးမှူး လာရောက်အစစ်ဆေးခံပေမယ့်လည်း အဖွဲ့မစုံဘူးလို့ပြောပြီး ပြန်သွားကြောင်း စုံစမ်းစစ်ဆေး
ရေးအဖွဲ့ခေါင်းဆောင်ပြည်နယ်လွှတ်တာ်ကိုယ်စားလှယ် ခူးသဲရယ်က ပြောပါတယ်။

ကယားပြည်နယ်နေ့ပွဲတော်ကျင်းပတဲ့ မြေနေရာကိစ္စနဲ့ ပြည်နယ်အစိုးရအဖွဲ့က စက်ယန္တယားတွေ ဝယ်ယူငှားရမ‌်းတာမှာ ဥပဒေနဲ့မညီဘူးလို့ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ထားတဲ့အမှုအား စုံစမ်းဆေးဖို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ဦးနဲ့ဖွဲ့စည်းခဲ့‌‌ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက အဖွဲ့ဝင်တစ်ဦး နုတ်ထွက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

” ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ရက်မှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို ရုတ်သိမ်းဖို့စာပို့တယ်။ ဥပဒေနဲ့အညီလုပ်တာလို့ စာပြန်ပို့တော့ ဒီကနေ့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးလာတယ်။ အဖွဲ့ဝင် ၅ဦးမစုံလို့ဆိုပြီး ပြန်သွားတယ်။ ဥပေဒလမ်းကြောင်းနဲ့ လာအစစ်ဆေး
ခံဖို့ စာထပ်ပို့မယ်”လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ခူးသဲရယ်ကပြောပါတယ်။

ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦး‌ရေရဲ့ လေးပုံတစ်ပုံက ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း(၅)၊ ပုဒ်မ-၂၆၃(ခ)အရ လက် မှတ် စွပ်စွဲပြစ်တင်တယ့်ကိစ္စနဲ့စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖရူဆိုမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁ ခူးသဲရယ်ကို ဥက္ကဠအဖြစ်ခန့်အပ်ကာ အတွင်းရေးမှူးတစ်ဦး၊ အဖွဲ့ဝင် ၃ဦးနဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုလို ပြည်နယ်ဝန်ကြီးချုပ်ကိုစွပ်စွဲပြစ်တင်တဲ့စာကို လက်မှတ်ရေးထိုးခဲ့ခြင်းဟာ ပြည်နယ်လွှတ်တော်က ဖိအားပေး ‌စေခိုင်းခဲ့တဲ့အပြင် သေချာကြည့်ရှူလေ့လာခြင်းမရှိဘဲ ရေးထိုးခဲ့တဲ့အတွက် စွပ်စွဲပြစ်တင်မှုကို ကန့်ကွက်ကြောင်းနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနုတ်ထွက်ကြောင်း ဩဂုတ်၂၀ရက်နေ့မှာ အဖွဲ့ဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်‌းအောင်(ခ)စဲရယ်က ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို စာနဲ့ ရေးသားတင်ပြခဲ့ပါတယ်။

အဲ့ဒီမြေနေရာနဲ့ပတ်သက်ပြီး ဒေသခံ တိုင်းရင်းသားတွေနဲ့ အရပ်ဖက်အဖွဲ့စည်းတွေက အစဉ်တစ်စိုက် ကန့်ကွက်ခဲ့ကြပြီး အဲ့ဒီနေရာဟာ လေယာဉ်ကွင်းလုံခြုံရေးကိစ္စတွေနဲ့လည်းသက်ဆိုင်နေတာကြောင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင်တယ်လို့ယူဆကြောင်း ကယားအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးကျော်ထင်အောင်က ပြောပါတယ်။

အခုလို ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်‌တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တဲ့ကိစ္စကို ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူဆီကို ဩဂုတ်လ၂၅ ရက်နေ့မွန်းလွဲပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်စုံစမ်း‌မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

Photo – ကယားပြည်နယ် အစိုးရအဖွဲ့ရုံး
#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ကယားဝန္ႀကီးခ်ဳပ္ စြပ္စြဲျပစ္တင္ခံရတဲ့အမႈကို ဝန္ႀကီးခ်ဳပ္ကိုယ္စား လာေရာက္‌အစစ္ခံသူက စုံစမ္းစစ္ေဆးေရးအဖြဲ႕မစုံဘူးလို႔ဆိုကာ ျပန္သြား

ေနျပည္‌ေ‌တာ္၊ဩဂုတ္၂၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးအယ္လ္ေဖာင္းရွိူကို ျပည္နယ္လႊတ္ေတာ္က စြပ္စြဲျပစ္တင္ထားတဲ့ အမႈနဲ႔ပတ္သက္လို႔ ဒီကေန႔မနက္ ၁၀ နာရီခန႔္က အစိုးရအဖြဲ႕အတြင္းေရးမႉး လာေရာက္အစစ္ေဆးခံေပမယ့္လည္း အဖြဲ႕မစုံဘူးလို႔ေျပာၿပီး ျပန္သြားေၾကာင္း စုံစမ္းစစ္ေဆး
ေရးအဖြဲ႕ေခါင္းေဆာင္ျပည္နယ္လႊတ္တာ္ကိုယ္စားလွယ္ ခူးသဲရယ္က ေျပာပါတယ္။

ကယားျပည္နယ္ေန႔ပြဲေတာ္က်င္းပတဲ့ ေျမေနရာကိစၥနဲ႔ ျပည္နယ္အစိုးရအဖြဲ႕က စက္ယႏၲယားေတြ ဝယ္ယူငွားရမ‌္းတာမွာ ဥပေဒနဲ႔မညီဘူးလို႔ဆိုၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္ထားတဲ့အမႈအား စုံစမ္းေဆးဖို႔ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၅ဦးနဲ႔ဖြဲ႕စည္းခဲ့‌‌ေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းက အဖြဲ႕ဝင္တစ္ဦး ႏုတ္ထြက္သြားခဲ့တာလည္း ျဖစ္ပါတယ္။

” ဝန္ႀကီးခ်ဳပ္က ၿပီးခဲ့တဲ့ရက္မွာ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ကို ႐ုတ္သိမ္းဖို႔စာပို႔တယ္။ ဥပေဒနဲ႔အညီလုပ္တာလို႔ စာျပန္ပို႔ေတာ့ ဒီကေန႔ ျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉးလာတယ္။ အဖြဲ႕ဝင္ ၅ဦးမစုံလို႔ဆိုၿပီး ျပန္သြားတယ္။ ဥေပဒလမ္းေၾကာင္းနဲ႔ လာအစစ္ေဆး
ခံဖို႔ စာထပ္ပို႔မယ္”လို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ဥကၠ႒ ခူးသဲရယ္ကေျပာပါတယ္။

ကယားျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦး‌ေရရဲ႕ ေလးပုံတစ္ပုံက ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္ဖို႔ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ အခန္း(၅)၊ ပုဒ္မ-၂၆၃(ခ)အရ လက္ မွတ္ စြပ္စြဲျပစ္တင္တယ့္ကိစၥနဲ႔စပ္လ်ဥ္းၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖ႐ူဆိုၿမိဳ႕နယ္ ျပည္နယ္မဲဆႏၵနယ္ အမွတ္ ၁ ခူးသဲရယ္ကို ဥကၠဠအျဖစ္ခန႔္အပ္ကာ အတြင္းေရးမႉးတစ္ဦး၊ အဖြဲ႕ဝင္ ၃ဦးနဲ႔ ဩဂုတ္လ ၁၄ ရက္ေန႔မွာ ျပည္နယ္လႊတ္ေတာ္ဥကၠ႒က လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အခုလို ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုစြပ္စြဲျပစ္တင္တဲ့စာကို လက္မွတ္ေရးထိုးခဲ့ျခင္းဟာ ျပည္နယ္လႊတ္ေတာ္က ဖိအားေပး ‌ေစခိုင္းခဲ့တဲ့အျပင္ ေသခ်ာၾကည့္ရႉေလ့လာျခင္းမရွိဘဲ ေရးထိုးခဲ့တဲ့အတြက္ စြပ္စြဲျပစ္တင္မႈကို ကန႔္ကြက္ေၾကာင္းနဲ႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကႏုတ္ထြက္ေၾကာင္း ဩဂုတ္၂၀ရက္ေန႔မွာ အဖြဲ႕ဝင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္‌းေအာင္(ခ)စဲရယ္က ကယားျပည္နယ္လႊတ္ေတာ္ဥကၠ႒ကို စာနဲ႔ ေရးသားတင္ျပခဲ့ပါတယ္။

အဲ့ဒီေျမေနရာနဲ႔ပတ္သက္ၿပီး ေဒသခံ တိုင္းရင္းသားေတြနဲ႔ အရပ္ဖက္အဖြဲ႕စည္းေတြက အစဥ္တစ္စိုက္ ကန႔္ကြက္ခဲ့ၾကၿပီး အဲ့ဒီေနရာဟာ ေလယာဥ္ကြင္းလုံၿခဳံေရးကိစၥေတြနဲ႔လည္းသက္ဆိုင္ေနတာေၾကာင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက စြပ္စြဲျပစ္တင္တယ္လို႔ယူဆေၾကာင္း ကယားအေျခစိုက္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ဦးေက်ာ္ထင္ေအာင္က ေျပာပါတယ္။

အခုလို ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္‌တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းလိုက္တဲ့ကိစၥကို ကယားျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရွိူဆီကို ဩဂုတ္လ၂၅ ရက္ေန႔မြန္းလြဲပိုင္းမွာ ဖုန္းနဲ႔ဆက္သြယ္စုံစမ္း‌ေမးျမန္းေပမယ့္ လက္ခံေျဖၾကားတာ မရွိခဲ့ပါဘူး။

Photo – ကယားျပည္နယ္ အစိုးရအဖြဲ႕႐ုံး
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW