တပ်မတော်က အပစ်ရပ်သက်တမ်း ၁ လထပ်တိုး၊ အစိုးရက အကြမ်းဖက်အဖြစ်သတ်မှတ်ထားတဲ့ အေအေရှိတဲ့နေရာတွေမပါဝင်

တပ်မတော်က အပစ်ရပ်သက်တမ်း ၁ လထပ်တိုး၊ အစိုးရက အကြမ်းဖက်အဖြစ်သတ်မှတ်ထားတဲ့ အေအေရှိတဲ့နေရာတွေမပါဝင်

စစ်တွေ၊ ဩဂုတ် ၂၅- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အပစ်ရပ်သက်တမ်း ၁ လထပ်တိုးလိုက်တာဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာ မပါဝင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့ ဩဂုတ်လ ၂၄ ရက် ညနေပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အထူးသဖြင့် အစိုးရကနေ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အေအေရှိတဲ့နေရာတွေ မပါဝင်ဘူးလို့လည်း သိရပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစပ်မှုနဲ့ တိုက်ပွဲတွေဖြစ်နေပြီး အင်တာနက်လည်းဖြတ်တောက်ခံထားရတာကြောင့် အဲ့ဒီကာလအတွင်းမှာ ပြည်သူတွေရဲ့ထိခိုက်နာကျင်မှုတွေများနေတဲ့အတွက် တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတွေရပ်တန့်ပေးလိုက်မယ်ဆိုရင် ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးရာရောက်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦး ဖေသန်းက ထောက်ပြ ပြောပါတယ်။

” အဓိကတော့ အစိုးရက စစ်ရေးအပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်တယ်လို့ပဲမြင်ပါတယ်။ ဒီကနေ့ ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစပ်ရောဂါနဲ့ တကယ့်ကိုကြောင့်ကြနေရတယ်။ တိုက်ပွဲတွေကို မရပ်ပေး၊ အင်တာနက်လှိုင်းတွေကို ဖြတ်တောက်ပေးထားတာတွေ ဒါတွေက ပြည်သူအကျိုးအတွက် စဉ်းစားတာမဟုတ်ဘူး။ တကယ်တော့ ကျနော်တို့ရဲ့တပ်မတော်ဟာ ပြည်သူ့တပ်မတော်ဆိုရင် ပြည်သူအကျိုးအတွက်ပဲ စဉ်စားရမယ်၊ ပြည်သူ့အကျိုးကို ထိခိုက်တဲ့အခါမှ တပ်မတော်အနေနဲ့ ကာကွယ်ရမယ်။ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်မယ့်အလုပ်တွေကို တပ်မတော်က ပြန်ပြီးမဖြေရှင်းပြီးနိုင်၊ ပြဿနာတွေကို မဖြေလျော့ပေးနိုင်ပဲ အဖွဲ့အစည်းတစ်ခုတည်းကို ဦးတည်ပြီးတိုက်ခိုက်တဲ့အခါမှာ ပြည်သူလူထု အကျိုးစီးပွားအတွက် ဆန့်ကျင်ဖက်ဖြစ်သွားတယ်။ ကိုဗစ် ၁၉ ကူးစပ်မှုတွေ၊ တိုက်ပွဲတွေဖြစ်နေပြီး အင်တာနက်လည်းဖြတ်တောက်ခံထားရတာကြောင့် အဲ့ဒီကာလအတွင်းမှာ ပြည်သူတွေရဲ့ထိခိုက်နာကျင်မှုတွေများနေတဲ့အတွက် တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတွေရပ်တန့်ပေးလိုက်မယ်ဆိုရင် ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးရာရောက်မယ်။ ပြည်ထောင်စုရဲ့အားကိုးယုံကြည်မှုကိုလည်း ပြသရာကျမယ်။ အနာဂတ်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထောက်ကူဖြစ်လာမယ်လို့ မြင်တယ်။” လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦး ဖေသန်းကပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကထုတ်ပြန်ချက်မှာ နိုင်ငံတော်ကအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာတွေကလွဲပြီး ကျန်တဲ့နယ်မြေတွေမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တိုးမြင့်ရပ်ဆိုင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို တပ်မတော်အနေနဲ့ နိုင်ငံရေး၊ အမျိုးသားရေးတာဝန်အဖြစ် အင်တိုက်အားတိုက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ပင်လုံ စထုတ္ထအစည်းအဝေးမှာ သဘောတူလက်မှတ်ရေးထိုးထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အပစ်ရပ်သက်တမ်းတိုးမြှင့်လိုက်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေရှိတဲ့နေရာတွေကို အပစ်ရပ်ကြေညာချက်မှာ ချန်ထားခဲ့တာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ အကြမ်းဖက်အဖြစ်သတ်မှတ်ခံရသူနဲ့ အကြမ်းဖက်အဖြစ်အသတ်မှတ်မခံရတဲ့ဟာကို ခွဲခြားတာဖြစ်ပေမယ့် အဲဒီခွဲခြားတာကလည်း တပ်မတော်မဟုတ်ပဲ အစိုးရဖြစ်တယ်ဆိုတာကို တပ်မတော်က ထောက်ပြသွားတာလို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးမောင်မောင်စိုးကို သုံးသပ်ပါတယ်။

” တပ်မတော်ကဆိုလိုချင်တာကတော့ နိုင်ငံတော်ကဆိုတာလည်း အစိုးရကိုဆိုလိုတာပေါ့။ အစိုးရကနေ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားတဲ့နေရာတွေမပါဘူးပေါ့၊ ဒါကတော့ အကြမ်းဖက်နှိမ်နှင်းမှုစစ်ဆင်ရေးလုပ်ရမယ်ဆိုတဲ့သဘောပေါ့။ ကျန်တဲ့ဟာတွေကို အပြစ်ရပ်တယ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာ အကြမ်းဖက်အဖြစ်သတ်မှတ်ခံရသူနဲ့ အကြမ်းဖက်အဖြစ်သတ်မှတ်မခံရသူဆိုပြီး ခွဲခြားတာပေါ့။ ဒါပေမယ့် အဲဒီခွဲခြားတာကလည်း တပ်မတော်မဟုတ်ဘူး၊ အစိုးရဆိုတာကို သူတို့ထောက်ပြသွားတာပါပဲ။ အစိုးရရဲ့ သတ်မှတ်ချက် သူတို့သတ်မှတ်ချက်မဟုတ်ဘူးဆိုတာ ထောက်ပြသွားတာပါပဲ။” လို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပြောပြပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ အေအေအဖွဲ့နဲ့ တပ်မတော်တို့ကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတဲ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း အေအေရဲ့မဟာမိတ်ဖြစ်တဲ့ တအောင်းပလောင်(TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တပ်မတော်တို့ကြား ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်တာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ (၂၁) ရာစုပင်လုံညီလာခံကို အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ကို အစိုးရက ဖိတ်ခေါ်ခဲ့ပေမယ့် အေအေအဖွဲ့ကို ဖိတ်ကြားတာမရှိခဲ့ပါဘူး။

နောက်ပိုင်း ဩဂုတ်လ ၁၃ ရက်နေ့မှာ “ဝ” တပ်မတော် (UWSA) ထိန်းချုပ်ဒေသဖြစ်တဲ့ ပန်ဆန်းမှာ (FPNCC) အဖွဲ့ဝင်တွေ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်ကနေ ၂၁ ရက်နေ့ထိကျင်းပခဲ့တဲ့ ပင်လုံညီလာခံကို (FPNCC)အနေနဲ့ ကိုဗစ် ၁၉ ရောဂါအခြေအနေတွေကြောင့် တက်ရောက်နိုင်မှာမဟုတ်ကြောင်းနဲ့ ပင်လုံညီလာခံကိုတက်ရောက်ဖို့ အစိုးရကဖိတ်ခေါ်ရာမှာ အေအေအဖွဲ့ကို ဖိတ်ခေါ်တာမရှိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းကိုလည်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အေအေအဖွဲ့ဟာ “ဝ” တပ်ဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ရေးဆွေးနွေးညှိနှိုင်းရေးကောက်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်ပြီး ကချင်တပ်မတော် (KIA)၊ “ဝ” ပြည်တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၊ တအောင်းတပ်(TNLA)၊ ကိုးကန့်တပ် (MNDAA)၊ မိုင်းလားတပ်ဖွဲ့ (NDAA)တို့ ပါဝင်တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

တပ္မေတာ္က အပစ္ရပ္သက္တမ္း ၁ လထပ္တိုး၊ အစိုးရက အၾကမ္းဖက္အျဖစ္သတ္မွတ္ထားတဲ့ ေအေအရွိတဲ့ေနရာေတြမပါဝင္

စစ္ေတြ၊ ဩဂုတ္ ၂၅- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအတြက္ လာမယ့္ စက္တင္ဘာလ ၁ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ အပစ္ရပ္သက္တမ္း ၁ လထပ္တိုးလိုက္တာျဖစ္ၿပီး အၾကမ္းဖက္အဖြဲ႕အစည္းေတြရွိတဲ့ေနရာ မပါဝင္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက မေန႔ ဩဂုတ္လ ၂၄ ရက္ ညေနပိုင္းက ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

အထူးသျဖင့္ အစိုးရကေန အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာထားတဲ့ ေအေအရွိတဲ့ေနရာေတြ မပါဝင္ဘူးလို႔လည္း သိရပါတယ္။

အခုလက္ရွိ ရခိုင္ျပည္နယ္မွာ ကိုဗစ္ ၁၉ ကူးစပ္မႈနဲ႔ တိုက္ပြဲေတြျဖစ္ေနၿပီး အင္တာနက္လည္းျဖတ္ေတာက္ခံထားရတာေၾကာင့္ အဲ့ဒီကာလအတြင္းမွာ ျပည္သူေတြရဲ႕ထိခိုက္နာက်င္မႈေတြမ်ားေနတဲ့အတြက္ တပ္မေတာ္အေနနဲ႔ ရခိုင္ျပည္နယ္မွာ စစ္ေရးေတြရပ္တန႔္ေပးလိုက္မယ္ဆိုရင္ ရခိုင္ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္းေပးရာေရာက္မွာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦး ေဖသန္းက ေထာက္ျပ ေျပာပါတယ္။

” အဓိကေတာ့ အစိုးရက စစ္ေရးအေပၚမွာ အေျခခံၿပီးေတာ့ ဆုံးျဖတ္တယ္လို႔ပဲျမင္ပါတယ္။ ဒီကေန႔ ရခိုင္ျပည္နယ္မွာ ကိုဗစ္ ၁၉ ကူးစပ္ေရာဂါနဲ႔ တကယ့္ကိုေၾကာင့္ၾကေနရတယ္။ တိုက္ပြဲေတြကို မရပ္ေပး၊ အင္တာနက္လႈိင္းေတြကို ျဖတ္ေတာက္ေပးထားတာေတြ ဒါေတြက ျပည္သူအက်ိဳးအတြက္ စဥ္းစားတာမဟုတ္ဘူး။ တကယ္ေတာ့ က်ေနာ္တို႔ရဲ႕တပ္မေတာ္ဟာ ျပည္သူ႔တပ္မေတာ္ဆိုရင္ ျပည္သူအက်ိဳးအတြက္ပဲ စဥ္စားရမယ္၊ ျပည္သူ႔အက်ိဳးကို ထိခိုက္တဲ့အခါမွ တပ္မေတာ္အေနနဲ႔ ကာကြယ္ရမယ္။ ျပည္သူ႔အက်ိဳးစီးပြားကို ထိခိုက္မယ့္အလုပ္ေတြကို တပ္မေတာ္က ျပန္ၿပီးမေျဖရွင္းျပီးႏိုင္၊ ျပႆနာေတြကို မေျဖေလ်ာ့ေပးႏိုင္ပဲ အဖြဲ႕အစည္းတစ္ခုတည္းကို ဦးတည္ၿပီးတိုက္ခိုက္တဲ့အခါမွာ ျပည္သူလူထု အက်ိဳးစီးပြားအတြက္ ဆန႔္က်င္ဖက္ျဖစ္သြားတယ္။ ကိုဗစ္ ၁၉ ကူးစပ္မႈေတြ၊ တိုက္ပြဲေတြျဖစ္ေနၿပီး အင္တာနက္လည္းျဖတ္ေတာက္ခံထားရတာေၾကာင့္ အဲ့ဒီကာလအတြင္းမွာ ျပည္သူေတြရဲ႕ထိခိုက္နာက်င္မႈေတြမ်ားေနတဲ့အတြက္ တပ္မေတာ္အေနနဲ႔ ရခိုင္ျပည္နယ္မွာ စစ္ေရးေတြရပ္တန႔္ေပးလိုက္မယ္ဆိုရင္ ရခိုင္ျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ျဖည့္ဆည္းေပးရာေရာက္မယ္။ ျပည္ေထာင္စုရဲ႕အားကိုးယုံၾကည္မႈကိုလည္း ျပသရာက်မယ္။ အနာဂတ္မွာလည္း ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ အေထာက္ကူျဖစ္လာမယ္လို႔ ျမင္တယ္။” လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦး ေဖသန္းကေျပာပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကထုတ္ျပန္ခ်က္မွာ ႏိုင္ငံေတာ္ကအၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ထားတဲ့ အၾကမ္းဖက္အဖြဲ႕အစည္းေတြရွိတဲ့ေနရာေတြကလြဲၿပီး က်န္တဲ့နယ္ေျမေတြမွာ စစ္ေရးဆိုင္ရာလႈပ္ရွားမႈေတြကို စက္တင္ဘာလ ၁ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ တိုးျမင့္ရပ္ဆိုင္သြားမွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြကို တပ္မေတာ္အေနနဲ႔ ႏိုင္ငံေရး၊ အမ်ိဳးသားေရးတာဝန္အျဖစ္ အင္တိုက္အားတိုက္ေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္းနဲ႔ ပိုမိုထိေရာက္လ်င္ျမန္စြာ ေဆာင္႐ြက္ႏိုင္ေရးအျပင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ (၂၁) ပင္လုံ စထုတၳအစည္းအေဝးမွာ သေဘာတူလက္မွတ္ေရးထိုးထားတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း (၃) ကို ထိေရာက္ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ အပစ္ရပ္သက္တမ္းတိုးျမႇင့္လိုက္တာျဖစ္တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ႏိုင္ငံေတာ္က အၾကမ္းဖက္အဖြဲ႕အျဖစ္သတ္မွတ္ထားတဲ့ အဖြဲ႕အစည္းေတြရွိတဲ့ေနရာေတြကို အပစ္ရပ္ေၾကညာခ်က္မွာ ခ်န္ထားခဲ့တာဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြမွာ အၾကမ္းဖက္အျဖစ္သတ္မွတ္ခံရသူနဲ႔ အၾကမ္းဖက္အျဖစ္အသတ္မွတ္မခံရတဲ့ဟာကို ခြဲျခားတာျဖစ္ေပမယ့္ အဲဒီခြဲျခားတာကလည္း တပ္မေတာ္မဟုတ္ပဲ အစိုးရျဖစ္တယ္ဆိုတာကို တပ္မေတာ္က ေထာက္ျပသြားတာလို႔ စစ္ေရးနဲ႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ စာေရးဆရာ ဦးေမာင္ေမာင္စိုးကို သုံးသပ္ပါတယ္။

” တပ္မေတာ္ကဆိုလိုခ်င္တာကေတာ့ ႏိုင္ငံေတာ္ကဆိုတာလည္း အစိုးရကိုဆိုလိုတာေပါ့။ အစိုးရကေန အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကညာထားတဲ့ေနရာေတြမပါဘူးေပါ့၊ ဒါကေတာ့ အၾကမ္းဖက္ႏွိမ္ႏွင္းမႈစစ္ဆင္ေရးလုပ္ရမယ္ဆိုတဲ့သေဘာေပါ့။ က်န္တဲ့ဟာေတြကို အျပစ္ရပ္တယ္ဆိုတာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြမွာ အၾကမ္းဖက္အျဖစ္သတ္မွတ္ခံရသူနဲ႔ အၾကမ္းဖက္အျဖစ္သတ္မွတ္မခံရသူဆိုၿပီး ခြဲျခားတာေပါ့။ ဒါေပမယ့္ အဲဒီခြဲျခားတာကလည္း တပ္မေတာ္မဟုတ္ဘူး၊ အစိုးရဆိုတာကို သူတို႔ေထာက္ျပသြားတာပါပဲ။ အစိုးရရဲ႕ သတ္မွတ္ခ်က္ သူတို႔သတ္မွတ္ခ်က္မဟုတ္ဘူးဆိုတာ ေထာက္ျပသြားတာပါပဲ။” လို႔ စစ္ေရးနဲ႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက သုံးသပ္ေျပာျပပါတယ္။

လက္ရွိမွာ ရခိုင္ျပည္နယ္အတြင္း အစိုးရက အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကညာထားတဲ့ ေအေအအဖြဲ႕နဲ႔ တပ္မေတာ္တို႔ၾကား စစ္ေရးတင္းမာမႈေတြရွိေနၿပီး တိုက္ပြဲေတြမၾကာခဏျဖစ္ပြားေနတဲ့အျပင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာလည္း ေအေအရဲ႕မဟာမိတ္ျဖစ္တဲ့ တေအာင္းပေလာင္(TNLA)၊ ကိုးကန႔္တပ္ဖြဲ႕ (MNDAA) နဲ႔ တပ္မေတာ္တို႔ၾကား ထိေတြ႕တိုက္ပြဲေတြ ခပ္စိပ္စိပ္ျဖစ္တာေတြလည္း ရွိပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၁ ရက္ေန႔က က်င္းပၿပီးစီးခဲ့တဲ့ (၂၁) ရာစုပင္လုံညီလာခံကို အပစ္ရပ္လက္မွတ္မထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ (၇)ဖြဲ႕ကို အစိုးရက ဖိတ္ေခၚခဲ့ေပမယ့္ ေအေအအဖြဲ႕ကို ဖိတ္ၾကားတာမရွိခဲ့ပါဘူး။

ေနာက္ပိုင္း ဩဂုတ္လ ၁၃ ရက္ေန႔မွာ “ဝ” တပ္မေတာ္ (UWSA) ထိန္းခ်ဳပ္ေဒသျဖစ္တဲ့ ပန္ဆန္းမွာ (FPNCC) အဖြဲ႕ဝင္ေတြ အစည္းအေဝးျပဳလုပ္ခဲ့ၿပီး ဩဂုတ္လ ၁၉ ရက္ကေန ၂၁ ရက္ေန႔ထိက်င္းပခဲ့တဲ့ ပင္လုံညီလာခံကို (FPNCC)အေနနဲ႔ ကိုဗစ္ ၁၉ ေရာဂါအေျခအေနေတြေၾကာင့္ တက္ေရာက္ႏိုင္မွာမဟုတ္ေၾကာင္းနဲ႔ ပင္လုံညီလာခံကိုတက္ေရာက္ဖို႔ အစိုးရကဖိတ္ေခၚရာမွာ ေအေအအဖြဲ႕ကို ဖိတ္ေခၚတာမရွိခဲ့တဲ့အတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္းကိုလည္း ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ေအေအအဖြဲ႕ဟာ “ဝ” တပ္ဖြဲ႕ဦးေဆာင္တဲ့ ျပည္ေထာင္စုႏိုင္ေရးေဆြးေႏြးညႇိႏႈိင္းေရးေကာက္မတီ (FPNCC) အဖြဲ႕ဝင္ျဖစ္ၿပီး ကခ်င္တပ္မေတာ္ (KIA)၊ “ဝ” ျပည္တပ္မေတာ္ (UWSA)၊ ရွမ္းျပည္တိုးတက္ေရးပါတီ (SSPP/ SSA)၊ တေအာင္းတပ္(TNLA)၊ ကိုးကန႔္တပ္ (MNDAA)၊ မိုင္းလားတပ္ဖြဲ႕ (NDAA)တို႔ ပါဝင္တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW