မူဆယ်မှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

မူဆယ်မှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

နေပြည်တော်၊ ဩဂုတ်၂၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နယ်၊ ခရစ်ယာန်ရပ်ကွက်တစ်ခုရဲ့ နေအိမ်တစ်အိမ်ရှေ့မှာ ဩဂုတ်လ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်က အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ မူဆယ်မြို့မရဲစခန်းကနေ သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတဲ့ အမျိုးသမီးဟာ အသက် ၅၈ နှစ်အရွယ်ရှိပြီး နေအိမ်ရှေ့မှာ ရပ်နေချိန် အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်ခဲ့တာဖြစ်တဲ့အပြင် CCTVမှတ်တမ်းအရ သေနတ်နဲ့ သုံးချက်တိတိပစ်ခတ်ခဲ့တဲ့အတွက် အခင်းဖြစ်နေရာမှာ လဲကျသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ကိစ္စကို မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ “‌တာဝန်မှူးမရှိလို့ အသေးစိတ် ပြောလို့မရသေးပါဘူး။ သေဆုံးတာမှန်ပါတယ်”လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုလို အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ့်အမှုနဲ့ပတ်သက်လို့ မူဆယ်မြို့မရဲစခန်းမှာ လူသတ်မှုပုဒ်မနဲ့ အမှုဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။

Photo -Tin Maung Thein(FaceBook)
#voiceofmyanmar #VOM #မူဆယ်

Zawgyi

မူဆယ္မွာ အမ်ိဳးသမီးတစ္ဦး ေသနတ္နဲ႔ ပစ္သတ္ခံရ

ေနျပည္ေတာ္၊ ဩဂုတ္၂၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕ နယ္၊ ခရစ္ယာန္ရပ္ကြက္တစ္ခုရဲ႕ ေနအိမ္တစ္အိမ္ေရွ႕မွာ ဩဂုတ္လ၂၅ ရက္ေန႔ ညေန ၆ နာရီခန႔္က အမ်ိဳးသမီးတစ္ဦး ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရတယ္လို႔ မူဆယ္ၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ေသနတ္နဲ႔ပစ္သတ္ခံရတဲ့ အမ်ိဳးသမီးဟာ အသက္ ၅၈ ႏွစ္အ႐ြယ္ရွိၿပီး ေနအိမ္ေရွ႕မွာ ရပ္ေနခ်ိန္ အမည္မသိအမ်ိဳးသားႏွစ္ဦးက ဆိုင္ကယ္နဲ႔ လာေရာက္ ပစ္ခတ္ခဲ့တာျဖစ္တဲ့အျပင္ CCTVမွတ္တမ္းအရ ေသနတ္နဲ႔ သုံးခ်က္တိတိပစ္ခတ္ခဲ့တဲ့အတြက္ အခင္းျဖစ္ေနရာမွာ လဲက်ေသဆုံးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အမ်ိဳးသမီးတစ္ဦး ေသနတ္နဲ႔ပစ္သတ္ခံရတဲ့ကိစၥကို မူဆယ္ၿမိဳ႔နယ္ရဲတပ္ဖြဲ႔မွဴးရံုးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “‌တာဝန္မွဴးမရွိလို႔ အေသးစိတ္ ေျပာလို႔မရေသးပါဘူး။ ေသဆုံးတာမွန္ပါတယ္”လို႔ တာဝန္က်ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာပါတယ္။

အခုလို အမ်ိဳးသမီးတစ္ဦး ေသနတ္နဲ႔ပစ္သတ္ခံရတယ့္အမႈနဲ႔ပတ္သက္လို႔ မူဆယ္ၿမိဳ႕မရဲစခန္းမွာ လူသတ္မႈပုဒ္မနဲ႔ အမႈဖြင့္လွစ္ထားတယ္လို႔လည္း သိရပါတယ္။

Photo -Tin Maung Thein(FaceBook)
#voiceofmyanmar #VOM #မူဆယ္

Related posts

Leave a Comment

VOM News

FREE
VIEW