ညောင်ကျိုးဂိတ်စခန်းက သုံးရက်ကြာပိတ်မိနေတဲ့ကားတွေကို ခေါ်ထုတ်

ညောင်ကျိုးဂိတ်စခန်းက သုံးရက်ကြာပိတ်မိနေတဲ့ကားတွေကို ခေါ်ထုတ်

ပြည်၊ ဩဂုတ်လ ၂၇-၂၀၂၀
လမင်း(VOM)

ပြည်မြို့၊ ပန်းတောင်းမြို့နယ်အပိုင် ရခိုင်ပြည်နယ်အထွက် ညောင်ကျိုးဂိတ်စခန်းမှာ ၃ ရက်ကြာပိတ်မိနေတဲ့ကားတွေကို ဒီကနေ့မနက်ပိုင်းက ပြည်မြို့နယ် အမှတ် -၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျနဲ့ မိုးမေတ္တာနာရေးကူညီမှုအသင်းတို့က သွားရောက်ခေါ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

“အဓိကကတော့ ၃ ရက်လောက် လမ်းဘေးမှာ ကားထဲမှာပဲနေရတော့ သူတို့ကျန်းမာရေးအခက်အခဲဖြစ်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ကိုကျော်ဇေယျနဲ့ကျွန်တော်တို့သွားတယ်၊ အဓိကကတော့ ကိုကျော်ဇေယျက လက်မှတ်ထိုးပြီးတော့ သူတို့ ဒီလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဒီလူအကုန်လုံးကို ကွာရန်တင်းနေဖို့ သူတို့နဲ့ခံဝန်လုပ်ပြီးတော့ လက်မှတ်ထိုးထုတ်လာတာပါ” လို့ မိုးမေတ္တာနာမှုကူညီရေးအသင်းက ကိုညီညီအောင်းကVOM ကိုပြောပါတယ်။

အရင်ကသွားရောက်ခေါ်ဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ မိုးမေတ္တာ နာ/ကူက ပရဟိတသမားတွေအပြင် သတင်းရယူခဲ့တဲ့ သတင်းထောက် ၂ ဦးဟာလည်း အခုလက်ရှိ ပြည်တက္ကသိုလ်ထဲမှာရှိတဲ့ သန္ဒာဆောင်မှာ ကွာရန်တင်းဝင်ရောက်နေရတယ်လို့ သိရပါတယ်။

ကွာရန်တင်းဝင်ရောက်နေရတဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုဟန်ထူးဇော်ပြောပြတာက “၂၂ ရက်နေ့မှာသွားပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ကိုသက်ဝင်းလှိုင်နဲ့ အင်တာဗျူးလုပ်တယ် ၂၄ ရက်ကျတော့ သူနဲ့အတူ ညောင်ကျိုးမှာသတင်းသွားယူတယ် ၊ သွားယူတဲ့အခါမှာ ည ၈ နာရီကျတော့ MOHS ကထုတ်တဲ့စာရင်းထဲမှာ ရောဂါပိုးရှိသူအယောက် ၃၀ ပါလာလို့ပြန်လာတယ်၊ ကိုသက်ဝင်လှိုင်တို့က ပထမရက်က အယောက်သုံးဆယ်ခေါ်လာတဲ့အခါမှာပါလာတဲ့အတွက် သူနဲ့ဆက်စပ်မိတဲ့ကျွန်တော်တို့လည်း Contest မိပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက်နဲ့အညီ ကွာရန်တင်းဝင်ခဲ့ကြတယ် ။ သူတို့သွားတဲ့ရည်ရွယ်ချက်က ညောင်ကျိုးဂိတ်မှာပိတ်မိနေတဲ့သူတွေကိုကူညီဖို့ အဲ့ချိန်ကညွန်ကြားချက်တွေကအမျိုမျိုးပဲ၊ တိကျတဲ့ညွန်ကြားချက်မရှိဘူး။ ခုပိတ်မိနေတဲ့သူတွေက ကတ္တရာကိုကြိုတဲ့ တဲတစ်ခုမှာ နေနေရတဲ့သဘောမျိုးရှိတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကုန်ကား ၁၄ စီး ၊ လိုင်းကား ၁ စီး ၊ သုံးဘီး ၁ စီးနဲ့ ဆိုင်ကယ် ၁ စီးနဲ့ လူဦးရေစုစုပေါင်း ၃၁ ယောက်ခန့်ကို ခေါ်ထုတ်ခဲ့တာဖြစ်ပြီး ပြည် ၊ ပေါက်ခေါင်း ၊ ရွှေတောင် ၊ ပေါင်းတလည် ၊ သာယာဝတီနဲ့ ရန်ကုန်ကလူတွေပါဝင်ခဲ့ပြီး ပြည်တက္ကသိုလ်က ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်

Zawgyi

ေညာင္က်ိဳးဂိတ္စခန္းက သုံးရက္ၾကာပိတ္မိေနတဲ့ကားေတြကို ေခၚထုတ္

ျပည္၊ ဩဂုတ္လ ၂၇-၂၀၂၀
လမင္း(VOM)

ျပည္ၿမိဳ႔၊ ပန္းေတာင္းၿမိဳ႕နယ္အပိုင္ ရခိုင္ျပည္နယ္အထြက္ ေညာင္က်ိဳးဂိတ္စခန္းမွာ ၃ ရက္ၾကာပိတ္မိေနတဲ့ကားေတြကို ဒီကေန႔မနက္ပိုင္းက ျပည္ၿမိဳ႕နယ္ အမွတ္ -၂ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ကိုေက်ာ္ေဇယ်နဲ႔ မိုးေမတၱာနာေရးကူညီမႈအသင္းတို႔က သြားေရာက္ေခၚေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။

“အဓိကကေတာ့ ၃ ရက္ေလာက္ လမ္းေဘးမွာ ကားထဲမွာပဲေနရေတာ့ သူတို႔က်န္းမာေရးအခက္အခဲျဖစ္ေနတဲ့အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ ကိုေက်ာ္ေဇယ်နဲ႔ကြၽန္ေတာ္တို႔သြားတယ္၊ အဓိကကေတာ့ ကိုေက်ာ္ေဇယ်က လက္မွတ္ထိုးၿပီးေတာ့ သူတို႔ ဒီလႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ ဒီလူအကုန္လုံးကို ကြာရန္တင္းေနဖို႔ သူတို႔နဲ႔ခံဝန္လုပ္ၿပီးေတာ့ လက္မွတ္ထိုးထုတ္လာတာပါ” လို႔ မိုးေမတၱာနာမႈကူညီေရးအသင္းက ကိုညီညီေအာင္းကVOM ကိုေျပာပါတယ္။

အရင္ကသြားေရာက္ေခၚေဆာင္ခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးနဲ႔ မိုးေမတၱာ နာ/ကူက ပရဟိတသမားေတြအျပင္ သတင္းရယူခဲ့တဲ့ သတင္းေထာက္ ၂ ဦးဟာလည္း အခုလက္ရွိ ျပည္တကၠသိုလ္ထဲမွာရွိတဲ့ သႏၵာေဆာင္မွာ ကြာရန္တင္းဝင္ေရာက္ေနရတယ္လို႔ သိရပါတယ္။

ကြာရန္တင္းဝင္ေရာက္ေနရတဲ့ အလြတ္တန္းသတင္းေထာက္တစ္ဦးျဖစ္တဲ့ ကိုဟန္ထူးေဇာ္ေျပာျပတာက “၂၂ ရက္ေန႔မွာသြားၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ကိုသက္ဝင္းလႈိင္နဲ႔ အင္တာဗ်ဴးလုပ္တယ္ ၂၄ ရက္က်ေတာ့ သူနဲ႔အတူ ေညာင္က်ိဳးမွာသတင္းသြားယူတယ္ ၊ သြားယူတဲ့အခါမွာ ည ၈ နာရီက်ေတာ့ MOHS ကထုတ္တဲ့စာရင္းထဲမွာ ေရာဂါပိုးရွိသူအေယာက္ ၃၀ ပါလာလို႔ျပန္လာတယ္၊ ကိုသက္ဝင္လႈိင္တို႔က ပထမရက္က အေယာက္သုံးဆယ္ေခၚလာတဲ့အခါမွာပါလာတဲ့အတြက္ သူနဲ႔ဆက္စပ္မိတဲ့ကြၽန္ေတာ္တို႔လည္း Contest မိၿပီးေတာ့ က်န္းမာေရးဝန္ႀကီးဌာနကၫႊန္ၾကားခ်က္နဲ႔အညီ ကြာရန္တင္းဝင္ခဲ့ၾကတယ္ ။ သူတို႔သြားတဲ့ရည္႐ြယ္ခ်က္က ေညာင္က်ိဳးဂိတ္မွာပိတ္မိေနတဲ့သူေတြကိုကူညီဖို႔ အဲ့ခ်ိန္ကၫြန္ၾကားခ်က္ေတြကအမ်ိဳမ်ိဳးပဲ၊ တိက်တဲ့ၫြန္ၾကားခ်က္မရွိဘူး။ ခုပိတ္မိေနတဲ့သူေတြက ကတၱရာကိုႀကိဳတဲ့ တဲတစ္ခုမွာ ေနေနရတဲ့သေဘာမ်ိဳးရွိတယ္” လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ ကုန္ကား ၁၄ စီး ၊ လိုင္းကား ၁ စီး ၊ သုံးဘီး ၁ စီးနဲ႔ ဆိုင္ကယ္ ၁ စီးနဲ႔ လူဦးေရစုစုေပါင္း ၃၁ ေယာက္ခန္႕ကို ေခၚထုတ္ခဲ့တာျဖစ္ၿပီး ျပည္ ၊ ေပါက္ေခါင္း ၊ ေ႐ႊေတာင္ ၊ ေပါင္းတလည္ ၊ သာယာဝတီနဲ႔ ရန္ကုန္ကလူေတြပါဝင္ခဲ့ၿပီး ျပည္တကၠသိုလ္က ကြာရန္တင္းစင္တာမွာ ကြာရန္တင္းဝင္ေနၾကရတာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ျပည္

Related posts

Leave a Comment

VOM News

FREE
VIEW