ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုအခြေအနေ သိရှိဖို့အတွက် စစ်တွေမြို့က လူ ၁၂၀၀ခန့်ကို သွေးနမူနာရယူစစ်ဆေး

ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုအခြေအနေ သိရှိဖို့အတွက် စစ်တွေမြို့က လူ ၁၂၀၀ခန့်ကို သွေးနမူနာရယူစစ်ဆေး

ရန်ကုန်၊ ဩဂုတ် ၃၁-၂၀၂၀
သိင်္ဂီ (VOM)

ရခိုင်ပြည်နယ်မှာ Covid-19 ရောဂါ ပြည်တွင်းကူစက်မှုကိုသိရှိနိုင်ဖို့အတွက် ရောဂါကူးစက်နိုင်ခြေများတဲ့ လူအုပ်စုတွေကို သွေးနမူနာ ရယူစစ်ဆေးမှု စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ ရခိုပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်ကပြောပါတယ်။

သွေးနမူနာ ရယူစစ်ဆေးမှုကို ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့ကနေ့စတင်ပြီး စက်တင်ဘာလ ၅ ရက်နေ့အထိ ၆ ရက်အကြာ ရယူမှာဖြစ်ပြီး ဒီကနေ့မှာတော့ ကျန်းမာရေးဝန်ထမ်း ၂၆၀ ကို သွေးနမူနာရယူတယ်လို့ သိရပါတယ်။

” ပြည်တွင်းကူးစက်မှုအခြေအနေကို သိရှိနိုင်ဖို့ ကျပန်းသွေးနမူနာဖောက်တာပါ။ စစ်တွေက အားလုံး လူ ၁၂၀၀ လောက်အထိ လုပ်ဖို့ရည်ရွယ်ထားပါတယ်။ မနက်ဖန်မှာ စစ်တွေမြို့မဈေးကိုသွားမယ်၊ အတည်ပြုလူနာ အများဆုံးတွေ့ရှိထားတဲ့ရပ်ကွက် ၅ ခုက လူ ၁၀၀ လောက်ကို သွေးဖောက်မယ်။ ပိုးတွေ့ခဲ့ရင်တော့ အစိုးရဘက်ကနေ အချိန်မီကုသမှာဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေလည်းပါပါမယ်။ “လို့ ဒေါက်တာစိုးဝင်းပိုင်ကပြောပါတယ်။

သွေးနမူနာရယူမှုကို ရောဂါကူးစက်နိုင်ချေများတဲ့ ဆေးရုံ၊ IDP စခန်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးခန်း၊ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို သွေးဖောက်ယူစစ်ဆေးပေးသွားမှာဖြစ်ပါတယ်။

စစ်ဆေးမှုရလဒ်အရ သွေးနမူနာ ဓာတ်ခွဲအဖြေမှာ Positive ဖြစ်ပါက ရလဒ်အဖြေတိကျစေဖို့အတွက် လူနာကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာရယူပြီး ထပ်မံစစ်ဆေးသွားမယ်လို့သိရပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ ကိုဗစ်ရောဂါကူးစက်မှုဟာ သြဂုတ်လ ၁၆ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့ မနက် ၈ နာရီအချိန်ထိကို လူပေါင်း ၃၆၂ ယောက်အထိ ကူးစက်ခံထားရပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo – khine naing soe
#voiceofmyanmar #VOM #စစ်တွေ #သွေးနမူနာယူ

Zawgyi

ရခိုင္ျပည္နယ္မွာ ျပည္တြင္းကူးစက္မႈအေျခအေန သိရွိဖို႔အတြက္ စစ္ေတြၿမိဳ႕က လူ ၁၂၀၀ခန႔္ကို ေသြးနမူနာရယူစစ္ေဆး

ရန္ကုန္၊ ဩဂုတ္ ၃၁-၂၀၂၀
သိဂႌ (VOM)

ရခိုင္ျပည္နယ္မွာ Covid-19 ေရာဂါ ျပည္တြင္းကူစက္မႈကိုသိရွိႏိုင္ဖို႔အတြက္ ေရာဂါကူးစက္ႏိုင္ေျခမ်ားတဲ့ လူအုပ္စုေတြကို ေသြးနမူနာ ရယူစစ္ေဆးမႈ စတင္ျပဳလုပ္ေနၿပီျဖစ္တယ္လို႔ ရခိုျပည္နယ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာ စိုးဝင္းပိုင္ကေျပာပါတယ္။

ေသြးနမူနာ ရယူစစ္ေဆးမႈကို ဒီကေန႔ ၾသဂုတ္လ ၃၁ ရက္ေန႔ကေန႔စတင္ၿပီး စက္တင္ဘာလ ၅ ရက္ေန႔အထိ ၆ ရက္အၾကာ ရယူမွာျဖစ္ၿပီး ဒီကေန႔မွာေတာ့ က်န္းမာေရးဝန္ထမ္း ၂၆၀ ကို ေသြးနမူနာရယူတယ္လို႔ သိရပါတယ္။

” ျပည္တြင္းကူးစက္မႈအေျခအေနကို သိရွိႏိုင္ဖို႔ က်ပန္းေသြးနမူနာေဖာက္တာပါ။ စစ္ေတြက အားလုံး လူ ၁၂၀၀ ေလာက္အထိ လုပ္ဖို႔ရည္႐ြယ္ထားပါတယ္။ မနက္ဖန္မွာ စစ္ေတြၿမိဳ႕မေဈးကိုသြားမယ္၊ အတည္ျပဳလူနာ အမ်ားဆုံးေတြ႕ရွိထားတဲ့ရပ္ကြက္ ၅ ခုက လူ ၁၀၀ ေလာက္ကို ေသြးေဖာက္မယ္။ ပိုးေတြ႕ခဲ့ရင္ေတာ့ အစိုးရဘက္ကေန အခ်ိန္မီကုသမွာျဖစ္ပါတယ္။ ဒုကၡသည္စခန္းေတြလည္းပါပါမယ္။ “လို႔ ေဒါက္တာစိုးဝင္းပိုင္ကေျပာပါတယ္။

ေသြးနမူနာရယူမႈကို ေရာဂါကူးစက္ႏိုင္ေခ်မ်ားတဲ့ ေဆး႐ုံ၊ IDP စခန္း၊ စစ္ေဘးေရွာင္စခန္း၊ ေဆးခန္း၊ရဲတပ္ဖြဲ႕အပါအဝင္ ဌာနဆိုင္ရာ ဝန္ထမ္းေတြကို ေသြးေဖာက္ယူစစ္ေဆးေပးသြားမွာျဖစ္ပါတယ္။

စစ္ေဆးမႈရလဒ္အရ ေသြးနမူနာ ဓာတ္ခြဲအေျဖမွာ Positive ျဖစ္ပါက ရလဒ္အေျဖတိက်ေစဖို႔အတြက္ လူနာကို ႏွာေခါင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္ နမူနာရယူၿပီး ထပ္မံစစ္ေဆးသြားမယ္လို႔သိရပါတယ္။

လက္ရွိရခိုင္ျပည္နယ္မွာ ကိုဗစ္ေရာဂါကူးစက္မႈဟာ ၾသဂုတ္လ ၁၆ ရက္ေန႔ကေန ၾသဂုတ္လ ၃၁ ရက္ေန႔ မနက္ ၈ နာရီအခ်ိန္ထိကို လူေပါင္း ၃၆၂ ေယာက္အထိ ကူးစက္ခံထားရၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

Photo – khine naing soe
#voiceofmyanmar #VOM #စစ္ေတြ #ေသြးနမူနာယူ

Related posts

Leave a Comment

VOM News

FREE
VIEW