ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်ဆဲဖို့ ပြည်နယ်လွှတ်တော်က အတည်ပြု

ကယားဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်ဆဲဖို့ ပြည်နယ်လွှတ်တော်က အတည်ပြု

နေပြည်တော်၊ စက်တင်ဘာ ၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူကို ပြည်နယ်အမတ်လေးပုံတစ်ပုံက စွပ်စွဲ ပြစ်တင်ထားတဲ့ကိစ္စ စုံစမ်းစစ်‌ဆေးမှုအပြီးမှာ ဒီကနေ့ ကျင်းပတဲ့လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးအနိုင်ရခဲ့တာကြောင့် တာဝန်ကနေ ရပ်ဆိုင်းပေးဖို့ နိုင်ငံတော်သမ္မတဆီကို ဆက်လက်တင်ပြဖို့သာကျန်တော့တယ်လို့ ပြည်နယ်လွှတ်တော်အမတ် ခူးသဲရယ်က ပြောပါတယ်။

” စုံစမ်းမှုတွေ အကုန်ပြီးသွားပြီဆိုတော့ ဒီကနေ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ထောက်ခံတင်ပြတာကြောင့် တာဝန်က ရပ်ဆိုင်ပေးဖို့ဆက်တင်ပြသွားမယ်” လို့ ခူးသဲရယ်ကပြောပါတယ်။

ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက စွပ်စွဲပြစ်တင်မှုတွေပြုလုပ်ခဲ့ပြီးနောက်ပိုင်း စစ်ဆေးမှုကို လာရောက်အစစ်ဆေးမခံခဲ့ပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၃ (င)ရဲ့ အပိုဒ်(၂) စစ်ဆေးတင်ပြချက်တွေအရ နိုင်ငံ
တော်သမ္မတဟာ လွှတ်တော်ကတင်ပြမှုလုပ်လာရင် ဝန်ကြီးချုပ်ကိုတာဝန်က
ရပ်စဲရမယ်လို့ ဖော်ပြထားတယ်လို့ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်အချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးပေးဖို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းပေါင်း၂၀ ကျော်က မနေ့ဩဂုတ်လ ၃၁ ရက်နေ့က စာတင်ပြတောင်းဆိုတာတွေလည်းပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့ ရက်သတ္တပတ်ခန့်က စုံစမ်းစစ်
ဆေးရေးအဖွဲ့ကိုဖွဲ့စည်းပေးခဲ့ပေမယ့် ဝန်ကြီးချုပ်က လာရောက်အစစ်ဆေးမခံတာ‌ကြောင့် ရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟာ မြေနေရာကို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့တဲ့ ကိစ္စအပြင် အစိုးရအဖွဲ့က စက်ယန္တယားကြီးများ ဝယ်ယူငှားရမ်း သုံးစွဲတဲ့ကိစ္စများနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက စွပ်စွဲပြစ်တင်ခဲ့ကြခြင်းဖြစ်တယ်လို့လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူကို တာဝန်ကနေရပ်ဆဲဖို့ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ ကယားပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့ရာ တက်ရောက်လာတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ‌၂၀ ဦးအနက် ၁၆ ဦးက ထောက်ခံတင်ပြခဲ့ပြီး ‌၄ ဦးသာ ကန့်ကွက်ခဲ့တဲ့အတွက် လွှတ်တော်ကနေ အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကယား

Zawgyi

ကယားဝန္ႀကီးခ်ဳပ္ကို တာဝန္ကေန ရပ္ဆဲဖို႔ ျပည္နယ္လႊတ္ေတာ္က အတည္ျပဳ

ေနျပည္ေတာ္၊ စက္တင္ဘာ ၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရွိူကို ျပည္နယ္အမတ္ေလးပုံတစ္ပံုက စြပ္စြဲ ျပစ္တင္ထားတဲ့ကိစၥ စံုစမ္းစစ္‌ေဆးမႈအၿပီးမွာ ဒီကေန႔ က်င္းပတဲ့လႊတ္ေတာ္က မဲခြဲဆုံးျဖတ္ၿပီးအႏိုင္ရခဲ့တာေၾကာင့္ တာဝန္ကေန ရပ္ဆိုင္းေပးဖို႔ ႏိုင္ငံေတာ္သမၼတဆီကို ဆက္လက္တင္ျပဖို႔သာက်န္ေတာ့တယ္လို႔ ျပည္နယ္လႊတ္ေတာ္အမတ္ ခူးသဲရယ္က ေျပာပါတယ္။

” စုံစမ္းမႈေတြ အကုန္ၿပီးသြားၿပီဆိုေတာ့ ဒီကေန႔ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္လိုက္ပါတယ္။ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၁၆ ဦးက ေထာက္ခံတင္ျပတာေၾကာင့္ တာဝန္က ရပ္ဆိုင္ေပးဖို႔ဆက္တင္ျပသြားမယ္” လို႔ ခူးသဲရယ္ကေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိကို လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံက စြပ္စြဲျပစ္တင္မႈေတြျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္း စစ္ေဆးမႈကို လာေရာက္အစစ္ေဆးမခံခဲ့ေပမယ့္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ၂၆၃ (င)ရဲ႔ အပိုဒ္(၂) စစ္ေဆးတင္ျပခ်က္ေတြအရ ႏိုင္ငံ
ေတာ္သမၼတဟာ လႊတ္ေတာ္ကတင္ျပမႈလုပ္လာရင္ ဝန္ႀကီးခ်ဳပ္ကိုတာဝန္က
ရပ္စဲရမယ္လို႔ ေဖာ္ျပထားတယ္လို ႔ျပည္နယ္လႊတ္‌ေတာ္ကိုယ္စားလွယ္အခ်ိဳ႔ရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ုပ္ကို စံုစမ္းစစ္ေဆးေပးဖို႔ ေဒသခံအရပ္ဖက္အဖြဲ႕အစည္းေပါင္း၂၀ ေက်ာ္က မေန႔ဩဂုတ္လ ၃၁ ရက္ေန႔က စာတင္ျပေတာင္းဆိုတာေတြလည္းျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ျပည္နယ္လႊတ္ေတာ္က ၿပီးခဲ့တဲ့ ရက္သတၱပတ္ခန္႔က စုံစမ္းစစ္
ေဆးေရးအဖြဲ႕ကိုဖြဲ႕စည္းေပးခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္က လာေရာက္အစစ္ေဆးမခံတာ‌ေၾကာင့္ ရပ္ဆိုင္းလိုက္ရတာျဖစ္ပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ဟာ ေျမေနရာကို စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ေဆာင္ရြက္ခြင့္ျပဳခဲ့တဲ့ ကိစၥအျပင္ အစိုးရအဖြဲ႕က စက္ယႏၲယားႀကီးမ်ား ဝယ္ယူငွားရမ္း သုံးစြဲတဲ့ကိစၥမ်ားနဲ႔ပတ္သက္လို႔ ပြင့္လင္းျမင္သာမႈမရွိဘူးလို႔ဆိုကာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံက စြပ္စြဲျပစ္တင္ခဲ့ၾကျခင္းျဖစ္တယ္လို ႔လႊတ္ေတာ္႐ုံးရဲ႔ ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရွိူကို တာဝန္ကေနရပ္ဆဲဖို႔ ဒီကေန႔ စက္တင္ဘာ ၁ ရက္ေန႔မနက္ပိုင္းက က်င္းပခဲ့တဲ့ ကယားျပည္နယ္လႊတ္ေတာ္ အစည္းအေဝးမွာ မဲခြဲဆံုးျဖတ္ခဲ့ရာ တက္ေရာက္လာတဲ့ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ‌၂၀ ဦးအနက္ ၁၆ ဦးက ေထာက္ခံတင္ျပခဲ့ၿပီး ‌၄ ဦးသာ ကန႔္ကြက္ခဲ့တဲ့အတြက္ လႊတ္ေတာ္ကေန အတည္ျပဳဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကယား

Related posts

Leave a Comment

VOM News

FREE
VIEW