ဘရားဇီးနိုင်ငံက Fernando De Noronhaကျွန်းနေရာကို ကိုဗစ်ပိုးကူးစက်ခံထားရပြီး ပြန်သက်သာလာသူကိုသာ လာရောက်ခွင့်ပြု

ဘရားဇီးနိုင်ငံက Fernando De Noronhaကျွန်းနေရာကို ကိုဗစ်ပိုးကူးစက်ခံထားရပြီး ပြန်သက်သာလာသူကိုသာ လာရောက်ခွင့်ပြု

ဘရာဇီး ၊ စက်တင်ဘာလ ၁-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

ဘရာဇီးနိုင်ငံမှာရှိတဲ့ Fernando De Noronhaကျွန်းကို ခရီးသွားဧည့်သည်တွေအတွက် ဒီကနေ့စက်တင်ဘာ ၁ရက်နေ့မှာပဲ ပြန်ဖွင့်လိုက်ပါတယ်။

ဒါပေမယ့် Pernambuco ပြည်နယ်အစိုးရကကြေငြာထားသာကတော့ COVID-19 ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာတဲ့လူနာများသာ ကျွန်းကို သွားလာနိုင်ခွင့်ရှိတဲ့အကြောင်းကို National Business Daily သတင်းဌာနကတဆင့် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ခရီးသည်တွေဟာ စစ်ဆေးမှုရလဒ်တွေကို အနည်းဆုံး ရက်၂၀အတွင်း ပြုလုပ်ထားတာကို သက်သေပြဖို့လိုအပ်မှာဖြစ်ပြီး ဒါမှမဟုတ် ရက်၉၀အတွင်း Serological စမ်းသပ်မှုရလဒ်က ခန္ဓာကိုယ်ထဲမှာ CoronaVirus Antibody တွေရှိနေတယ်ဆိုတာကို သက်သေပြနိုင်ရမှာဖြစ်ပါတယ်။

ကျွန်းပေါ်ကို ဆင်းသက်ခွင့်ပြုဖို့အတွက် ကျွန်းပေါ်ကိုမဆင်းမီ အနည်းဆုံး ၇၂ နာရီ(သုံးရက်)မှာ သက်ဆိုင်ရာစာရွက်စာတမ်းတွေကို တရားဝင်ဝက်ဘ်ဆိုက်ကိုတင်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘရားဇီးသတင်းဌာနတွေရဲ့ရေးသားဖော်ပြချက်အရ လူနာတွေမှာ ထပ်ခါတလဲလဲ ကူးစက်မှုတွေရှိခဲ့ပြီး လူ့ခန္ဓာကိုယ်အတွင်းက Antibodyထိရောက်တဲ့အချိန်ကို တိကျမှန်ကန်စွာသက်သေပြဖို့ သိပ္ပံနည်းကျအခြေခံမရှိတဲ့အတွက် အငြင်းပွားမှုတွေလည်း ဖြစ်နေပါတယ်။

အခုအချိန်ထိ Fernando De Noronhaကျွန်းမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၉၃ဦးရှိပြီး သေဆုံးလူနာ မရှိဘူးလို့ သိရပါတယ်။

ဘရာဇီးနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာစုစုပေါင်း ၄သန်းနီးပါး ၊ သေဆုံးလူနာ ၁သိန်း၂သောင်းကျော်ရှိတယ်လို့ WHOအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘရာဇီးနိုင်ငံဟာ COVID-19 ရောဂါကူးစက်မှုအခြေအနေဟာ တစ်ကမ္ဘာလုံးနဲ့နိူင်းယှဉ်ရင် ဒုတိယအများဆုံး ရောဂါကူးစက်ခံရတဲ့နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

REF: NBD
Photo: Getty Image
#voiceofmyanmar #VOM #ဘရာဇီး

Zawgyi

ဘရားဇီးႏိုင္ငံက Fernando De Noronhaကြၽန္းေနရာကို ကိုဗစ္ပိုးကူးစက္ခံထားရၿပီး ျပန္သက္သာလာသူကိုသာ လာေရာက္ခြင့္ျပဳ

ဘရာဇီး ၊ စက္တင္ဘာလ ၁-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

ဘရာဇီးႏိုင္ငံမွာရွိတဲ့ Fernando De Noronhaကြၽန္းကို ခရီးသြားဧည့္သည္ေတြအတြက္ ဒီကေန႔စက္တင္ဘာ ၁ရက္ေန႔မွာပဲ ျပန္ဖြင့္လိုက္ပါတယ္။

ဒါေပမယ့္ Pernambuco ျပည္နယ္အစိုးရကေၾကျငာထားသာကေတာ့ COVID-19 ကူးစက္ခံရၿပီး ျပန္လည္ေကာင္းမြန္လာတဲ့လူနာမ်ားသာ ကြၽန္းကို သြားလာႏိုင္ခြင့္ရွိတဲ့အေၾကာင္းကို National Business Daily သတင္းဌာနကတဆင့္ ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

ခရီးသည္ေတြဟာ စစ္ေဆးမႈရလဒ္ေတြကို အနည္းဆုံး ရက္၂၀အတြင္း ျပဳလုပ္ထားတာကို သက္ေသျပဖို႔လိုအပ္မွာျဖစ္ၿပီး ဒါမွမဟုတ္ ရက္၉၀အတြင္း Serological စမ္းသပ္မႈရလဒ္က ခႏၶာကိုယ္ထဲမွာ CoronaVirus Antibody ေတြရွိေနတယ္ဆိုတာကို သက္ေသျပႏိုင္ရမွာျဖစ္ပါတယ္။

ကြၽန္းေပၚကို ဆင္းသက္ခြင့္ျပဳဖို႔အတြက္ ကြၽန္းေပၚကိုမဆင္းမီ အနည္းဆုံး ၇၂ နာရီ(သုံးရက္)မွာ သက္ဆိုင္ရာစာ႐ြက္စာတမ္းေတြကို တရားဝင္ဝက္ဘ္ဆိုက္ကိုတင္ေပးဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ဘရားဇီးသတင္းဌာနေတြရဲ႔ေရးသားေဖာ္ျပခ်က္အရ လူနာေတြမွာ ထပ္ခါတလဲလဲ ကူးစက္မႈေတြရွိခဲ့ၿပီး လူ႔ခႏၶာကိုယ္အတြင္းက Antibodyထိေရာက္တဲ့အခ်ိန္ကို တိက်မွန္ကန္စြာသက္ေသျပဖို႔ သိပၸံနည္းက်အေျခခံမရွိတဲ့အတြက္ အျငင္းပြားမႈေတြလည္း ျဖစ္ေနပါတယ္။

အခုအခ်ိန္ထိ Fernando De Noronhaကြၽန္းမွာ ကိုဗစ္ေရာဂါကူးစက္ခံရသူ ၉၃ဦးရွိၿပီး ေသဆုံးလူနာ မရွိဘူးလို႔ သိရပါတယ္။

ဘရာဇီးႏိုင္ငံမွာ ကိုဗစ္ေရာဂါကူးစက္ခံရတဲ့ လူနာစုစုေပါင္း ၄သန္းနီးပါး ၊ ေသဆုံးလူနာ ၁သိန္း၂ေသာင္းေက်ာ္ရွိတယ္လို႔ WHOအဖြဲ႔ရဲ႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဘရာဇီးႏိုင္ငံဟာ COVID-19 ေရာဂါကူးစက္မႈအေျခအေနဟာ တစ္ကမ႓ာလံုးနဲ႔ႏိူင္းယွဥ္ရင္ ဒုတိယအမ်ားဆံုး ေရာဂါကူးစက္ခံရတဲ႔ႏိုင္ငံျဖစ္တယ္လို႔ သိရပါတယ္။

REF: NBD
Photo: Getty Image
#voiceofmyanmar #VOM #ဘရာဇီး

Related posts

Leave a Comment

VOM News

FREE
VIEW