ကချင်ပြည်နယ်အတွင်း တပ်မတော်သားမဲဆန္ဒရှင်တွေ မဲရုံ ၅၃ ရုံမှာ မဲပေးမယ်

ကချင်ပြည်နယ်အတွင်း တပ်မတော်သားမဲဆန္ဒရှင်တွေ မဲရုံ ၅၃ ရုံမှာ မဲပေးမယ်

မြစ်ကြီးနား၊ စက်တင်ဘာ ၂-၂၀၂၀
ရန်အောင်ထွန်း(VOM(

ကချင်တစ်ပြည်နယ်လုံးမှာ တပ်မတော်သား မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးမယ့် မဲရုံပေါင်း ၅၃ ရုံရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

အဲ့ဒီမဲရုံတွေထဲက ၅၂ ရုံဟာ အရပ်သားတွေနဲ့အတူ ဆန္ဒမဲပေးရမှာဖြစ်ပြီး ပူတာအို တပ်သစ်ရပ်ကွက်မှာတော့ တပ်ပြင်ပက တပ်မတော်သားတွေချည်း သီးသန့်ပေးမယ့် မဲရုံနဲ့ မဲပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော်သားတွေပါဝင်မဲပေးမယ့် မဲရုံတွေကတော့ ပူတာအို ၊ မချမ်းဘော ၊ ဗန်းမော် ၊ မန်စီ၊ မိုးမောက်၊ ရွှေကူ၊ မိုးညှင်း၊ မြစ်ကြီးနာခရိုင်မှာ ဆော့လော်မြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တို့ကလွဲပြီး မြို့နယ်အားလုံးမှာ ပါဝင်တယ်လို့ သိရပါတယ်။

တပ်မတော်သားမဲဆန္ဒရှင်အရေအတွက် တိတိကျကျသိရဖို့ စာရင်းမေးမြန်းခဲ့ပေမယ့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေကြားခွင့်မရှိသေးဘူးလို့ ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ကချင်ပြည်နယ်အတွင်းက ပါတီ ၁၉ ပါတီကနေ ကိုယ်စားလှယ်တွေ ဝင်ရောက်အရွေးချယ်ခံမှာ ဖြစ်ပါတယ်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကနေ စက်တင်ဘာ ၁ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းအရ ပြည်သူ့လွှတ်တော်မှာ ၁၁၉ ဦး၊ အမျိုးသားလွှတ်တော်မှာ ၈၈ ဦး၊ ပြည်နယ်လွှတ်တော်မှာ ၂၄၇ ဦး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ပြီး တိုင်းရင်းသားလူမျိုးရေးရာအတွက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ကတော့ ၂၉ ဦးရှိတယ်လို့ သိရပါတယ်။

ကချင်တစ်ပြည်နယ်လုံးမှာ မဲဆန္ဒရှင်အရေအတွက် ၁၀သိန်းကျော်ရှိပြီး မဲရုံပေါင်း ၈၉၀ ဖွင့်လှစ်ဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတွေမထားရှိဖို့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ ပြင်ဆင်ချက်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ အတည်ပြုပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကချင်

Zawgyi

ကခ်င္ျပည္နယ္အတြင္း တပ္မေတာ္သားမဲဆႏၵရွင္ေတြ မဲ႐ုံ ၅၃ ႐ုံမွာ မဲေပးမယ္

ျမစ္ႀကီးနား၊ စက္တင္ဘာ ၂-၂၀၂၀
ရန္ေအာင္ထြန္း(VOM(

ကခ်င္တစ္ျပည္နယ္လုံးမွာ တပ္မေတာ္သား မဲဆႏၵရွင္ေတြအေနနဲ႔ မဲေပးမယ့္ မဲ႐ုံေပါင္း ၅၃ ႐ုံရွိတယ္လို႔ ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္အတြင္းေရးမႉး ဦးထြန္းေအာင္ခိုင္က ေျပာပါတယ္။

အဲ့ဒီမဲရံုေတြထဲက ၅၂ ႐ုံဟာ အရပ္သားေတြနဲ႔အတူ ဆႏၵမဲေပးရမွာျဖစ္ၿပီး ပူတာအို တပ္သစ္ရပ္ကြက္မွာေတာ့ တပ္ျပင္ပက တပ္မေတာ္သားေတြခ်ည္း သီးသန႔္ေပးမယ့္ မဲ႐ုံနဲ႔ မဲေပးသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

တပ္မေတာ္သားေတြပါဝင္မဲေပးမယ့္ မဲ႐ုံေတြကေတာ့ ပူတာအို ၊ မခ်မ္းေဘာ ၊ ဗန္းေမာ္ ၊ မန္စီ၊ မိုးေမာက္၊ ေ႐ႊကူ၊ မိုးညႇင္း၊ ျမစ္ႀကီးနာခ႐ိုင္မွာ ေဆာ့ေလာ္ၿမိဳ႕နယ္နဲ႔ အင္ဂ်န္းယန္ၿမိဳ႕နယ္တို႔ကလြဲၿပီး ၿမိဳ႕နယ္အားလုံးမွာ ပါဝင္တယ္လို႔ သိရပါတယ္။

တပ္မေတာ္သားမဲဆႏၵရွင္အေရအတြက္ တိတိက်က်သိရဖို႔ စာရင္းေမးျမန္းခဲ့ေပမယ့္ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ေျဖၾကားခြင့္မရွိေသးဘူးလို႔ ေျပာပါတယ္။

လာမယ့္ ႏိုဝင္ဘာ ၈ ရက္မွာက်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲကို ကခ်င္ျပည္နယ္အတြင္းက ပါတီ ၁၉ ပါတီကေန ကိုယ္စားလွယ္ေတြ ဝင္ေရာက္အေ႐ြးခ်ယ္ခံမွာ ျဖစ္ပါတယ္။

ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ကေန စက္တင္ဘာ ၁ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့ စာရင္းအရ ျပည္သူ႔လႊတ္ေတာ္မွာ ၁၁၉ ဦး၊ အမ်ိဳးသားလႊတ္ေတာ္မွာ ၈၈ ဦး၊ ျပည္နယ္လႊတ္ေတာ္မွာ ၂၄၇ ဦး ကိုယ္စားလွယ္ေလာင္း အမည္စာရင္း တင္သြင္းခဲ့ၿပီး တိုင္းရင္းသားလူမ်ိဳးေရးရာအတြက္ယွဥ္ၿပိဳင္တဲ့ ကိုယ္စားလွယ္ကေတာ့ ၂၉ ဦးရွိတယ္လို႔ သိရပါတယ္။

ကခ်င္တစ္ျပည္နယ္လုံးမွာ မဲဆႏၵရွင္အေရအတြက္ ၁၀သိန္းေက်ာ္ရွိၿပီး မဲ႐ုံေပါင္း ၈၉၀ ဖြင့္လွစ္ဖို႔ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တပ္တြင္းမဲ႐ုံေတြမထားရွိဖို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒ ျပင္ဆင္ခ်က္ကို ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္မွာ အတည္ျပဳျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ကခ်င္

Related posts

Leave a Comment

VOM News

FREE
VIEW