အပစ်ရပ်သက်တမ်းထပ်တိုးတာ တကယ်ရော အပစ်ရပ်မှာလား 

အပစ်ရပ်သက်တမ်းထပ်တိုးတာ တကယ်ရော အပစ်ရပ်မှာလား

အပစ်ရပ်သက်တမ်းထပ်တိုးတာ တကယ်ရော အပစ်ရပ်မှာလား

စစ်တွေ၊ စက်တင်ဘာ ၂- ၂၀၂၀
ထက်အောင်စိုင်း(VOM)

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့် (MNTJP/ MNDAA)၊ တအောင်း (TSLF/TNLA)၊ ရခိုင် (ULA/AA) တို့ဟာ သတ္တမအကြိမ်မြောက် ရက်ပေါင်း (၇၀) ကြာ တစ်ဖက်သက်အပစ်ရပ်ကြေညာချက်ကို မနေ့ စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တအန်း(တအောင်း) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်
TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ပြောတာက ” ကျနော်တို့က အရင်ကလည်း အပစ်ရပ်ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ အခုထုတ်ပြန်တာကလည်း ကျနော်တို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ပေါင်းပြီးတော့ ထုတ်ပြန်တာပါ။ အဓိကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆွေးနွေးတဲ့ အချိန်မှာ အထောက်အကူဖြစ်ဖို့၊ ပိုပြီး ထိရောက်အောင် အပစ်ရပ်ထားတာဖြစ်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲကာလမှာ လူထုတွေက လွတ်လပ်စွာနဲ့ မဲပေးနိုင်အောင်၊ နောက်တစ်ခုက ကိုဗစ်ဒုတိယလှိုင်းက မြန်မာနိုင်ငံမှာ တော်တော်လေးမြင့်တက်လာပြီ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီးမှ ထုတ်ပြန်ရတာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

တပ်မတော်က ပြီးခဲ့တဲ့လက အပစ်ရပ်ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်မပါဝင်ခဲ့ကြောင်းနဲ့ တကယ်တမ်းအပစ်ရပ်မယ်ဆိုရင်တော့ အားလုံးပါဝင်ဖို့ လိုတဲ့အပြင် ရခိုင်ပြည်နယ်ဖက် အေအေရှိတဲ့ဖက်မှာ စစ်ရှိန်လျှော့်ဖိုလိုပြီး ဆွေးနွေးမှုလုပ်တဲ့အခါပိုပြီး ထိရောက်မှာဖြစ်ကြောင်း ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေအနေနဲ့ တစ်ဖက်သက်အပစ်ရပ်သက်တမ်းတိုးကြေညာချက်ထုတ်ပြန်ထားတာဆိုပေမယ့် အဲဒီကာလအတွင်း တပ်မတော်ဖက်က တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည်ခုခံသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်သူဦးခင်မောင်မြင့်ကလည်း
” ထုတ်ပြန်လိုက်တာကို ပြည်သူတွေသိရုံတင်မဟုတ်ဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သူတို့ရဲ့ထုတ်ပြန်လိုက်တာကို တပ်မတော်ကရော၊ ပြည်ထောင်စုအစိုးရဖက်ကရော လက်ခံနိုင်အောင် တစ်ဆင့်တိုးပြီးတော့၊ ပြည်ထောင်စုအစိုးရနဲ့ ကမ်းလှမ်းဆက်သွယ်တာ၊ တပ်မတော်နဲ့ ကမ်းလှမ်းဆက်သွယ်တာတွေ ဒါမျိုးအဆင့်ထိတိုးလုပ်နိုင်ရင်တော့ ပိုအကျိုးရှိမယ်လို့ မြင်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အထူးသဖြင့် ကိုဗစ်အန္တရာယ်ကို ပျံ့ပျံ့နှံ့နှံ့ရင်ဆိုင်နေရတဲ့အချိန်မှာ အပစ်ရပ်တာကို လိုချင်၊ ရချင်ကြတာပေါ့။ ဒီအပစ်ရပ်မှလည်းဘဲ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ပြင်ဆင် ကာကွယ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှာပေါ့။” လို့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူ့အမြင်ကို သုံးသပ်ပါတယ်။

တပ်မတော်ဖက်က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အပစ်ရပ်သက်တမ်း ၁ လထပ်တိုးလိုက်ပြီး အကြမ်းဖက်အဖွဲ့အစည်းတွေရှိတဲ့နေရာ မပါဝင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်တာဖြစ်ပြီး အထူးသဖြင့် အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အေအေရှိတဲ့နေရာတွေ မပါဝင်ခဲ့တာဖြစ်ပါတယ်။

စစ်ရေးနဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာဦးမောင်မောင်စိုးသုံးသပ်တာကတော့
” အဲဒါကတော့ တစ်နှစ်ကျော် နှစ်နှစ်အတွင်းမှာတော့ တပ်နဲ့ မြောက်ပိုင်းအဖွဲ့တွေ အပြန်အလှန်ကြေညာနေကြတာပါပဲ။ နိုင်ငံရေးအရပြောမယ်ဆိုရင်တော့ အပစ်ရပ်ကြေညာတာသည် ငြိမ်းချမ်းရေးကို လိုလားကြတယ်ဆိုတဲ့သဘောထားကို အပြန်အလှန်ဖော်ပြဖို့ ကြိုးစားကြတယ်လို့ပဲ ပြောရပါမယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ နှစ်ဖက်အပစ်ရပ်မှသာလျှင် အပစ်ရပ်တာဖြစ်ပါလိမ့်မယ်။ မဟုတ်ဘူးဆိုရင်တော့ ဒီနှစ်ဖက်အပစ်မရပ်ရင်တော့ တိုက်ပွဲတွေဆက်ရှိ နေပါလိမ့်မယ်။” လို့ သုံးသပ်ပြောဆိုပါတယ်။

အပစ်ရပ်သက်တမ်းတိုးတာတွေရှိပေမယ့် လက်တွေ့မှာ ထိတွေ့တိုက်ပွဲတွေရှိနေကြပြီး အထူးသဖြင့် တပ်မတော်ရဲ့ အပစ်ရပ်အကြိမ်ကြိမ်ကြေညာတဲ့အခါမပါဝင်တဲ့ အေအေနဲ့ တပ်မတော်တို့ကြား စစ်ရေးအရှိန်လျှော့ချကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက်ပြနေကြတာဖြစ်ပါတယ်။ခုလို မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ ခုလိုထုတ်ပြန်တဲ့နေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင် H.E. Mr. Yang Jiechi ဟာ မြန်မာနိုင်ငံရဲ့အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ဒါ့အပြင်လားရှိုးနဲ့ ၁၂ မိုင်အကွာလောက်မှာရှိတဲ့ ပန်ခမ်းရွာနဲ့ ပတ်ဝန်းကျင်ရွာက ဒေသခံတွေ တိုက်ပွဲဖြစ်မှာစိုးလို့ဆိုပြီး လားရှိုးမြို့က မန်ဆူဘုန်းကြီးကျောင်းကို ရုတ်တရက်ရောက်လာတဲ့အတွက် ဒေသခံတွေက လုံခြုံရေးနဲ့ရွေးကောက်ပွဲအတွက်ပါ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #မြောက်ပိုင်းမဟာမိတ်
Photo- Arakan Army (Website)

Zawgyi

အပစ္ရပ္သက္တမ္းထပ္တိုးတာ တကယ္ေရာ အပစ္ရပ္မွာလား

စစ္ေတြ၊ စက္တင္ဘာ ၂- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ေျမာက္ပိုင္း တိုင္းရင္းသားလက္နက္ကိုင္ မဟာမိတ္အဖြဲ႕ေတြျဖစ္တဲ့ ကိုးကန႔္ (MNTJP/ MNDAA)၊ တေအာင္း (TSLF/TNLA)၊ ရခိုင္ (ULA/AA) တို႔ဟာ သတၱမအႀကိမ္ေျမာက္ ရက္ေပါင္း (၇၀) ၾကာ တစ္ဖက္သက္အပစ္ရပ္ေၾကညာခ်က္ကို မေန႔ စက္တင္ဘာလ ၁ ရက္ေန႔ ရက္စြဲနဲ႔ မေန႔က ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

တအန္း(တေအာင္း) အမ်ိဳးသားလႊတ္ေျမာက္ေရးတပ္မေတာ္
TNLA သတင္းနဲ႔ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ေျပာတာက ” က်ေနာ္တို႔က အရင္ကလည္း အပစ္ရပ္ေၾကညာခ်က္ေတြထုတ္ျပန္ခဲ့ပါတယ္။ အခုထုတ္ျပန္တာကလည္း က်ေနာ္တို႔ ညီေနာင္မဟာမိတ္ (၃) ဖြဲ႕ေပါင္းၿပီးေတာ့ ထုတ္ျပန္တာပါ။ အဓိကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြေဆြးေႏြးတဲ့ အခ်ိန္မွာ အေထာက္အကူျဖစ္ဖို႔၊ ပိုၿပီး ထိေရာက္ေအာင္ အပစ္ရပ္ထားတာျဖစ္တယ္။ ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲကာလမွာ လူထုေတြက လြတ္လပ္စြာနဲ႔ မဲေပးႏိုင္ေအာင္၊ ေနာက္တစ္ခုက ကိုဗစ္ဒုတိယလႈိင္းက ျမန္မာႏိုင္ငံမွာ ေတာ္ေတာ္ေလးျမင့္တက္လာၿပီ ေရာဂါႀကိဳတင္ကာကြယ္ေရးလုပ္ငန္းေတြကိုလည္း ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ရည္႐ြယ္ၿပီးမွ ထုတ္ျပန္ရတာျဖစ္ပါတယ္။” လို႔ ေျပာပါတယ္။

တပ္မေတာ္က ၿပီးခဲ့တဲ့လက အပစ္ရပ္ထုတ္ျပန္ခ်က္မွာ ရခိုင္ျပည္နယ္မပါဝင္ခဲ့ေၾကာင္းနဲ႔ တကယ္တမ္းအပစ္ရပ္မယ္ဆိုရင္ေတာ့ အားလုံးပါဝင္ဖို႔ လိုတဲ့အျပင္ ရခိုင္ျပည္နယ္ဖက္ ေအေအရွိတဲ့ဖက္မွာ စစ္ရွိန္ေလွ်ာ့္ဖိုလိုၿပီး ေဆြးေႏြးမႈလုပ္တဲ့အခါပိုၿပီး ထိေရာက္မွာျဖစ္ေၾကာင္း ဗိုလ္မႉးမိုင္အိုက္ေက်ာ္က ေျပာပါတယ္။

ညီေနာင္မဟာမိတ္အဖြဲ႕ေတြအေနနဲ႔ တစ္ဖက္သက္အပစ္ရပ္သက္တမ္းတိုးေၾကညာခ်က္ထုတ္ျပန္ထားတာဆိုေပမယ့္ အဲဒီကာလအတြင္း တပ္မေတာ္ဖက္က တိုက္ခိုက္လာမယ္ဆိုရင္ေတာ့ ျပန္လည္ခုခံသြားမွာ ျဖစ္ေၾကာင္း ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ျမန္မာ့ႏိုင္ငံေရးေလ့လာ သုံးသပ္သူဦးခင္ေမာင္ျမင့္ကလည္း
” ထုတ္ျပန္လိုက္တာကို ျပည္သူေတြသိ႐ုံတင္မဟုတ္ဘဲနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြအေနနဲ႔ သူတို႔ရဲ႕ထုတ္ျပန္လိုက္တာကို တပ္မေတာ္ကေရာ၊ ျပည္ေထာင္စုအစိုးရဖက္ကေရာ လက္ခံႏိုင္ေအာင္ တစ္ဆင့္တိုးၿပီးေတာ့၊ ျပည္ေထာင္စုအစိုးရနဲ႔ ကမ္းလွမ္းဆက္သြယ္တာ၊ တပ္မေတာ္နဲ႔ ကမ္းလွမ္းဆက္သြယ္တာေတြ ဒါမ်ိဳးအဆင့္ထိတိုးလုပ္ႏိုင္ရင္ေတာ့ ပိုအက်ိဳးရွိမယ္လို႔ ျမင္ပါတယ္။ ႏိုင္ငံသူႏိုင္ငံသားေတြအေနနဲ႔ အထူးသျဖင့္ ကိုဗစ္အႏၲရာယ္ကို ပ်ံ႕ပ်ံ႕ႏွံ႔ႏွံ႔ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ အပစ္ရပ္တာကို လိုခ်င္၊ ရခ်င္ၾကတာေပါ့။ ဒီအပစ္ရပ္မွလည္းဘဲ ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ လိုအပ္တဲ့ျပင္ဆင္ ကာကြယ္မႈေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ႏိုင္မွာေပါ့။” လို႔ ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး သူ႔အျမင္ကို သုံးသပ္ပါတယ္။

တပ္မေတာ္ဖက္က ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၄ ရက္က ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရးအတြက္ လာမယ့္ စက္တင္ဘာလ ၁ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ အပစ္ရပ္သက္တမ္း ၁ လထပ္တိုးလိုက္ၿပီး အၾကမ္းဖက္အဖြဲ႕အစည္းေတြရွိတဲ့ေနရာ မပါဝင္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္လိုက္တာျဖစ္ၿပီး အထူးသျဖင့္ အစိုးရက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ ေၾကညာထားတဲ့ ေအေအရွိတဲ့ေနရာေတြ မပါဝင္ခဲ့တာျဖစ္ပါတယ္။

စစ္ေရးနဲ႔ ျမန္မာ့ႏိုင္ငံေရးေလ့လာသုံးသပ္သူ စာေရးဆရာဦးေမာင္ေမာင္စိုးသုံးသပ္တာကေတာ့
” အဲဒါကေတာ့ တစ္ႏွစ္ေက်ာ္ ႏွစ္ႏွစ္အတြင္းမွာေတာ့ တပ္နဲ႔ ေျမာက္ပိုင္းအဖြဲ႕ေတြ အျပန္အလွန္ေၾကညာေနၾကတာပါပဲ။ ႏိုင္ငံေရးအရေျပာမယ္ဆိုရင္ေတာ့ အပစ္ရပ္ေၾကညာတာသည္ ၿငိမ္းခ်မ္းေရးကို လိုလားၾကတယ္ဆိုတဲ့သေဘာထားကို အျပန္အလွန္ေဖာ္ျပဖို႔ ႀကိဳးစားၾကတယ္လို႔ပဲ ေျပာရပါမယ္။ ဒါေပမဲ့ လက္ေတြ႕မွာေတာ့ ႏွစ္ဖက္အပစ္ရပ္မွသာလွ်င္ အပစ္ရပ္တာျဖစ္ပါလိမ့္မယ္။ မဟုတ္ဘူးဆိုရင္ေတာ့ ဒီႏွစ္ဖက္အပစ္မရပ္ရင္ေတာ့ တိုက္ပြဲေတြဆက္ရွိ ေနပါလိမ့္မယ္။” လို႔ သုံးသပ္ေျပာဆိုပါတယ္။

အပစ္ရပ္သက္တမ္းတိုးတာေတြရွိေပမယ့္ လက္ေတြ႕မွာ ထိေတြ႕တိုက္ပြဲေတြရွိေနၾကၿပီး အထူးသျဖင့္ တပ္မေတာ္ရဲ႕ အပစ္ရပ္အႀကိမ္ႀကိမ္ေၾကညာတဲ့အခါမပါဝင္တဲ့ ေအေအနဲ႔ တပ္မေတာ္တို႔ၾကား စစ္ေရးအရွိန္ေလွ်ာ့ခ်ၾကဖို႔ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက ေထာက္ျပေနၾကတာျဖစ္ပါတယ္။ခုလို ေျမာက္ပိုင္းမဟာမိတ္ ၃ဖြဲ႕ ခုလိုထုတ္ျပန္တဲ့ေန႔မွာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တ႐ုတ္ကြန္ျမဴနစ္ပါတီ ႏိုင္ငံေရး ဗ်ဴ႐ိုအဖြဲ႕ဝင္ H.E. Mr. Yang Jiechi ဟာ ျမန္မာႏိုင္ငံရဲ႕အႀကီးအကဲေတြနဲ႔ ေတြ႕ဆုံခဲ့တာနဲ႔ တိုက္ဆိုင္ခဲ့ပါတယ္။ ဒါ့အျပင္လားရႈိးနဲ႔ ၁၂ မိုင္အကြာေလာက္မွာရွိတဲ့ ပန္ခမ္း႐ြာနဲ႔ ပတ္ဝန္းက်င္႐ြာက ေဒသခံေတြ တိုက္ပြဲျဖစ္မွာစိုးလို႔ဆိုၿပီး လားရႈိးၿမိဳ႕က မန္ဆူဘုန္းႀကီးေက်ာင္းကို ႐ုတ္တရက္ေရာက္လာတဲ့အတြက္ ေဒသခံေတြက လုံၿခဳံေရးနဲ႔ေ႐ြးေကာက္ပြဲအတြက္ပါ စိုးရိမ္ေနၾကတယ္လို႔ သိရပါတယ္။

 

#voiceofmyanmar #VOM #ေျမာက္ပိုင္းမဟာမိတ္
Photo- Arakan Army (Website)

Related posts

Leave a Comment

VOM News

FREE
VIEW