စပါထားရွာက အုပ်ချုပ်ရေးမှူးနဲ့ ဆန်စက်ပိုင်ရှင်တစ်ဦးကို တပ်ကခေါ်ဆောင်သွားတဲ့အတွက် မိသားစုဝင်တွေစိုးရိမ်နေ

စပါထားရွာက အုပ်ချုပ်ရေးမှူးနဲ့ ဆန်စက်ပိုင်ရှင်တစ်ဦးကို တပ်ကခေါ်ဆောင်သွားတဲ့အတွက် မိသားစုဝင်တွေစိုးရိမ်နေ

စစ်တွေ၊ စက်တင်ဘာ ၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးကို မနေ့ စက်တင်ဘာလ ၁ ရက်နေ့က တပ်မတော်ကနေ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတဲ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကလည်း စပါးထားရွာက ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းဆိုသူကိုလည်း စစ်ဆေးစရာရှိတယ်ဆိုကာ ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

့ သူတို့နဲ့ပတ်သက်ပြီး ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာကို အခုအချိန်ထိ သတင်းအစအန မရရှိသေးဘူးလို့ မိသားစုဝင်တွေက အတည်ပြုပြောပါတယ်။

ခေါ်ဆောင်သွားတဲ့ ဦးရဲကျော်ထွန်းဆိုသူဟာ ဆန်စက်ပိုင်ရှင်ဖြစ်ပြီး တပ်မတော်သားတွေက ဆန်စက်ကိုစစ်ဆေးတဲ့အခါ ဆန်အိတ်အများအပြားတွေ့တာကြောင့် ဆန်အိတ်တွေကို ခေတ္တထိန်းသိမ်းထားမယ်ဆိုပြီး တပ်မတော်(ရေ) ဇက်ရေယာဉ်နဲ့ တင်ဆောင်သွားကြောင်း သိရပါတယ်။

ဦးရဲကျော်ထွန်းရဲ့ သမီးဖြစ်သူပြောပြတာက” ၃၁ ရက်နေ့က သူတို့ရွာကို ရောက်လာပြီး စစ်ဆေးမှုတွေလုပ်ပါတယ်။ ကျမတို့အိမ်က စပါးကျီတွေကို စစ်ဆေးတယ်။ ဆန်စက်ကိုလည်း စစ်ဆေးတယ်။ ဆန်စက်မှာက ဆန်အိတ်တွေအများကြီးရှိပါတယ်။ ဆန်အိတ်တွေက ကျမတို့ ရောင်းဖို့အတွက် ထိုးထားတာပါ။ အဲ့ဒီမှာ ဆန်အိတ်တွေကိုတွေ့လို့ အဖေ့ကို ခေါ်သွားကြပါတယ်။”လို့ ပြောပါတယ်။

ဆန်အိတ်တွေကို တပ်မတော် ဇက်(နေဗီ) နဲ့ တင်ဆောင်သွားပြီး ခေတ္တထိန်းသိမ်းထားမယ်ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို လက်မှတ်ထိုးခိုင်းကြောင်းနဲ့ ဆန်အိတ် (၇၃) အိတ်ကို ယူသွားတာဖြစ်တယ်လို့ ဦးရဲကျော်ထွန်းရဲ့ သမီးဖြစ်သူက ပြောပါတယ်။

“ ဆန်အိတ်က (၇၃) အိတ်ကို ယူသွားပါတယ်။ အဲ့ဒီ ဆန်အိတ်တွေကို ခေတ္တသိမ်းဆည်းထားမယ်ဆိုပြီး အသိသက်သေစာရွက်ရှိပါတယ်။ ကျေးရွာဥက္ကဌနဲ့ လက်မှတ်ထိုးကြပါတယ်။ စာရွက်ကိုတော့ သူတို့ယူသွားပါတယ်။ ကျမတို့မှာ ဓာတ်ပုံရိုက်ထားလိုက်တာရှိပါတယ်။ ရွာက အိမ်တွေကိုလည်း မွှေနှောက်စစ်ဆေးပါတယ်။” လို့ ပြောပါတယ်။

ဦးရဲကျော်ထွန်းကို ခေါ်သွားတဲ့နေ့ကနေ ဘယ်နေရာကို ခေါ်သွားဆိုတာမသိရသေးတဲ့အပြင် အဆက်အသွယ်လည်း အခုအချိန်ထိမရသေးဘူးလို့ သမီးဖြစ်သူကပြောပါတယ်။

“ ကျမအဖေကို ခေါ်သွားတုန်းက ဖမ်းတာမဟုတ်ဘူး၊ စစ်ဆေးစရာရှိလို့ ခေါ်တာဆိုပြီး ပြောပါတယ်။ ပြီးတော့ အခုထိမရောက်သေးပါဘူး။ စစ်ဆေးဖို့ဆိုပြီး ခေါ်သွားပြီးတော့ သူတို့တွေ မဟုတ်ကဟုတ်က သတင်းလွှင့်တယ်။ ကျမတို့က ရိုက်နှက် မေးမြန်းမှာကို စိုးရိမ်ပါတယ်။ ဘာမှ မဟုတ်ဘဲနဲ့ စွပ်စွဲခံရတဲ့အပေါ်မှာလည်း အရမ်းဒေါသထွက်မိပါတယ်။ ဒါကြောင့် ဘာမှ အပြစ်မရှိတဲ့သူကို ပြန်ပြီး လွှတ်ပေးစေချင်ပါတယ်။” လို့ ဦးရဲကျော်ထွန်းရဲ့ သမီးဖြစ်သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်ကိုင်ဖြေကြားတာမရှိခဲ့ဘဲ ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကို အကြိမ်ကြိမ်ဆက်သွယ်ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဖက်က မနေ့ စက်တင်ဘာ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှာ အေအေအဖွဲ့ရဲ့ ရိက္ခာအတွက် သိုလှောင်ထားတဲ့ ဆန်အိတ်တွေကို ဖမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာတော့” ပုဏ္ဏားကျွန်းမြို့နယ်က တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းမှာ စပါးထားရွာအတွင်း လုံခြုံရေးဆိုင်ရာစစ်ဆေးမှုတွေ ဆောင်ရွက်စဉ် ဦးရဲကျော်ထွန်း (ဘ) ဦးမောင်စောအောင်ရဲ့ နေအိမ်မှာ အေအေအဖွဲ့ရဲ့ ရိက္ခာအတွက် သိုလှောင်ထားတဲ့ ဆန်အိတ် (၈၀) ကို တွေ့ရှိဖမ်းဆီရမိကြောင်းနဲ့ ဖမ်းဆီးရမိသူနဲ့ ဆန်အိတ်တွေကို စစ်တွေမြို့သို့ ပို့ဆောင်ပြီး ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိတယ်။” လို့ ဖော်ပြထားပါတယ်။

စပါးထားအုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူပြောတာက” ကျမရဲ့ ယောက်ျားကို တစ်ခွန်း၊ နှစ်ခွန်းလောက် မေးစရာရှိတယ်ဆိုပြီး ခေါ်သွားပါတယ်။ ဖမ်းတာမဟုတ်ပါဘူး။ အခုတော့ ပြန်မရောက်သေးပါဘူး။ သိပ်တော့ စိုးရိမ်မှုမရှိပါဘူး။ သူတို့က တစ်ခွန်းနှစ်ခွန်းလောက်မေးပြီးရင် ပြန်လွှတ်ပေးဖို့ဆိုတော့ သူတို့ စကားအတိုင်းဆိုရင် ကျမတို့က သိပ်ပြီးစိုးရိမ်မှုမရှိပါဘူး။ ဒါပေမယ့် အိမ်ကို ရောက်တော့မရောက်သေးပါဘူး။ သူတို့က အေးအေးဆေးဆေးနဲ့ မေးမြန်းပြီးတော့ ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ထားပါတယ်။” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကလည်း စပါးထားကျေးရွာက ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းနဲ့ ရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းစိုးတို့ကို တပ်မတော်က ဖမ်းဆီးသွားတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောပါတယ်။

ဦးရဲကျော်ထွန်းကို တပ်မတော်ကဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုဆီကို သွားရောက်တိုင်ကြားဖို့ရှိကြောင်းနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ အကြီးအကဲတွေကို အကူအညီပေးဖို့ တောင်းဆိုထားကြောင်း ဦးရဲကျော်ထွန်းရဲ့သမီးဖြစ်သူ အစိုးရဝန်ထမ်း ကျောင်းဆရာမက ပြောပါတယ်။

စပါထားကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နယ် တောင်းပိုင်းမှာ တည်ရှိကာ အိမ်ခြေ (၃၅၀) ရှိပြီး စစ်တွေမြို့နဲ့ နီးတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း

Zawgyi

စပါထား႐ြာက အုပ္ခ်ဳပ္ေရးမႉးနဲ႔ ဆန္စက္ပိုင္ရွင္တစ္ဦးကို တပ္ကေခၚေဆာင္သြားတဲ့အတြက္ မိသားစုဝင္ေတြစိုးရိမ္ေန

စစ္ေတြ၊ စက္တင္ဘာ ၂- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ပုဏၰားကြၽန္းၿမိဳ႕နယ္၊ စပါးထားေက်း႐ြာက ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို မေန႔ စက္တင္ဘာလ ၁ ရက္ေန႔က တပ္မေတာ္ကေန စစ္ေဆးစရာရွိတယ္ဆိုၿပီး ေခၚေဆာင္သြားတဲ့အျပင္ ၿပီးခဲ့တဲ့ ဩဂုတ္လ ၃၁ ရက္ေန႔ကလည္း စပါးထား႐ြာက ဆန္စက္ပိုင္ရွင္ ဦးရဲေက်ာ္ထြန္းဆိုသူကိုလည္း စစ္ေဆးစရာရွိတယ္ဆိုကာ ေခၚေဆာင္သြားတယ္လို႔ မိသားစုဝင္ေတြရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

႔ သူတို႔နဲ႔ပတ္သက္ၿပီး ဘယ္ေနရာကို ေခၚသြားတယ္ဆိုတာကို အခုအခ်ိန္ထိ သတင္းအစအန မရရွိေသးဘူးလို႔ မိသားစုဝင္ေတြက အတည္ျပဳေျပာပါတယ္။

ေခၚေဆာင္သြားတဲ့ ဦးရဲေက်ာ္ထြန္းဆိုသူဟာ ဆန္စက္ပိုင္ရွင္ျဖစ္ၿပီး တပ္မေတာ္သားေတြက ဆန္စက္ကိုစစ္ေဆးတဲ့အခါ ဆန္အိတ္အမ်ားအျပားေတြ႕တာေၾကာင့္ ဆန္အိတ္ေတြကို ေခတၱထိန္းသိမ္းထားမယ္ဆိုၿပီး တပ္မေတာ္(ေရ) ဇက္ေရယာဥ္နဲ႔ တင္ေဆာင္သြားေၾကာင္း သိရပါတယ္။

ဦးရဲေက်ာ္ထြန္းရဲ႕ သမီးျဖစ္သူေျပာျပတာက” ၃၁ ရက္ေန႔က သူတို႔႐ြာကို ေရာက္လာၿပီး စစ္ေဆးမႈေတြလုပ္ပါတယ္။ က်မတို႔အိမ္က စပါးက်ီေတြကို စစ္ေဆးတယ္။ ဆန္စက္ကိုလည္း စစ္ေဆးတယ္။ ဆန္စက္မွာက ဆန္အိတ္ေတြအမ်ားႀကီးရွိပါတယ္။ ဆန္အိတ္ေတြက က်မတို႔ ေရာင္းဖို႔အတြက္ ထိုးထားတာပါ။ အဲ့ဒီမွာ ဆန္အိတ္ေတြကိုေတြ႕လို႔ အေဖ့ကို ေခၚသြားၾကပါတယ္။”လို႔ ေျပာပါတယ္။

ဆန္အိတ္ေတြကို တပ္မေတာ္ ဇက္(ေနဗီ) နဲ႔ တင္ေဆာင္သြားၿပီး ေခတၱထိန္းသိမ္းထားမယ္ဆိုကာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို လက္မွတ္ထိုးခိုင္းေၾကာင္းနဲ႔ ဆန္အိတ္ (၇၃) အိတ္ကို ယူသြားတာျဖစ္တယ္လို႔ ဦးရဲေက်ာ္ထြန္းရဲ႕ သမီးျဖစ္သူက ေျပာပါတယ္။

“ ဆန္အိတ္က (၇၃) အိတ္ကို ယူသြားပါတယ္။ အဲ့ဒီ ဆန္အိတ္ေတြကို ေခတၱသိမ္းဆည္းထားမယ္ဆိုၿပီး အသိသက္ေသစာ႐ြက္ရွိပါတယ္။ ေက်း႐ြာဥကၠဌနဲ႔ လက္မွတ္ထိုးၾကပါတယ္။ စာ႐ြက္ကိုေတာ့ သူတို႔ယူသြားပါတယ္။ က်မတို႔မွာ ဓာတ္ပုံ႐ိုက္ထားလိုက္တာရွိပါတယ္။ ႐ြာက အိမ္ေတြကိုလည္း ေမႊေႏွာက္စစ္ေဆးပါတယ္။” လို႔ ေျပာပါတယ္။

ဦးရဲေက်ာ္ထြန္းကို ေခၚသြားတဲ့ေန႔ကေန ဘယ္ေနရာကို ေခၚသြားဆိုတာမသိရေသးတဲ့အျပင္ အဆက္အသြယ္လည္း အခုအခ်ိန္ထိမရေသးဘူးလို႔ သမီးျဖစ္သူကေျပာပါတယ္။

“ က်မအေဖကို ေခၚသြားတုန္းက ဖမ္းတာမဟုတ္ဘူး၊ စစ္ေဆးစရာရွိလို႔ ေခၚတာဆိုၿပီး ေျပာပါတယ္။ ၿပီးေတာ့ အခုထိမေရာက္ေသးပါဘူး။ စစ္ေဆးဖို႔ဆိုၿပီး ေခၚသြားၿပီးေတာ့ သူတို႔ေတြ မဟုတ္ကဟုတ္က သတင္းလႊင့္တယ္။ က်မတို႔က ႐ိုက္ႏွက္ ေမးျမန္းမွာကို စိုးရိမ္ပါတယ္။ ဘာမွ မဟုတ္ဘဲနဲ႔ စြပ္စြဲခံရတဲ့အေပၚမွာလည္း အရမ္းေဒါသထြက္မိပါတယ္။ ဒါေၾကာင့္ ဘာမွ အျပစ္မရွိတဲ့သူကို ျပန္ၿပီး လႊတ္ေပးေစခ်င္ပါတယ္။” လို႔ ဦးရဲေက်ာ္ထြန္းရဲ႔ သမီးျဖစ္သူက ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ ျပန္ၾကားေရးတာဝန္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္ကိုင္ေျဖၾကားတာမရွိခဲ့ဘဲ ရခိုင္ျပည္နယ္ လုံ/နယ္ဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန္းကို အႀကိမ္ႀကိမ္ဆက္သြယ္ေပမယ့္လည္း ဆက္သြယ္လို႔မရခဲ့ပါဘူး။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဖက္က မေန႔ စက္တင္ဘာ ၁ ရက္ေန႔ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္မွာေတာ့ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ စပါးထားေက်း႐ြာမွာ ေအေအအဖြဲ႕ရဲ႕ ရိကၡာအတြက္ သိုေလွာင္ထားတဲ့ ဆန္အိတ္ေတြကို ဖမ္းဆီးရမိတယ္လို႔ ေဖာ္ျပထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့” ပုဏၰားကြၽန္းၿမိဳ႕နယ္က တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ဩဂုတ္လ ၃၁ ရက္ေန႔ နံနက္ပိုင္းမွာ စပါးထား႐ြာအတြင္း လုံၿခဳံေရးဆိုင္ရာစစ္ေဆးမႈေတြ ေဆာင္႐ြက္စဥ္ ဦးရဲေက်ာ္ထြန္း (ဘ) ဦးေမာင္ေစာေအာင္ရဲ႕ ေနအိမ္မွာ ေအေအအဖြဲ႕ရဲ႕ ရိကၡာအတြက္ သိုေလွာင္ထားတဲ့ ဆန္အိတ္ (၈၀) ကို ေတြ႕ရွိဖမ္းဆီရမိေၾကာင္းနဲ႔ ဖမ္းဆီးရမိသူနဲ႔ ဆန္အိတ္ေတြကို စစ္ေတြၿမိဳ႕သို႔ ပို႔ေဆာင္ၿပီး ဥပေဒနဲ႔ အညီဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္း သတင္းရရွိတယ္။” လို႔ ေဖာ္ျပထားပါတယ္။

စပါးထားအုပ္ခ်ဳပ္ေရးမွဴးရဲ႕ ဇနီးျဖစ္သူေျပာတာက” က်မရဲ႕ ေယာက္်ားကို တစ္ခြန္း၊ ႏွစ္ခြန္းေလာက္ ေမးစရာရွိတယ္ဆိုၿပီး ေခၚသြားပါတယ္။ ဖမ္းတာမဟုတ္ပါဘူး။ အခုေတာ့ ျပန္မေရာက္ေသးပါဘူး။ သိပ္ေတာ့ စိုးရိမ္မႈမရွိပါဘူး။ သူတို႔က တစ္ခြန္းႏွစ္ခြန္းေလာက္ေမးၿပီးရင္ ျပန္လႊတ္ေပးဖို႔ဆိုေတာ့ သူတို႔ စကားအတိုင္းဆိုရင္ က်မတို႔က သိပ္ၿပီးစိုးရိမ္မႈမရွိပါဘူး။ ဒါေပမယ့္ အိမ္ကို ေရာက္ေတာ့မေရာက္ေသးပါဘူး။ သူတို႔က ေအးေအးေဆးေဆးနဲ႔ ေမးျမန္းၿပီးေတာ့ ျပန္လႊတ္ေပးမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။” လို႔ ေျပာပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာလႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း စပါးထားေက်း႐ြာက ဆန္စက္ပိုင္ရွင္ ဦးရဲေက်ာ္ထြန္းနဲ႔ ႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္သိန္းစိုးတို႔ကို တပ္မေတာ္က ဖမ္းဆီးသြားတာ ဟုတ္မွန္ေၾကာင္း အတည္ျပဳေျပာပါတယ္။

ဦးရဲေက်ာ္ထြန္းကို တပ္မေတာ္ကဖမ္းဆီးသြားတာနဲ႔ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးညီပုဆီကို သြားေရာက္တိုင္ၾကားဖို႔ရွိေၾကာင္းနဲ႔ သက္ဆိုင္ရာဌာနဆိုင္ရာေတြနဲ႔ အႀကီးအကဲေတြကို အကူအညီေပးဖို႔ ေတာင္းဆိုထားေၾကာင္း ဦးရဲေက်ာ္ထြန္းရဲ႕သမီးျဖစ္သူ အစိုးရဝန္ထမ္း ေက်ာင္းဆရာမက ေျပာပါတယ္။

စပါထားေက်း႐ြာဟာ ပုဏၰားကြၽန္းၿမိဳ႕နယ္ ေတာင္းပိုင္းမွာ တည္ရွိကာ အိမ္ေျခ (၃၅၀) ရွိၿပီး စစ္ေတြၿမိဳ႕နဲ႔ နီးတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ပုဏၰားကၽြန္း

Related posts

Leave a Comment

VOM News

FREE
VIEW