မော်လမြိုင်မှာတွေ့ရှိတဲ့ COVID -19 လူနာ ၈ ဦးမှာ ပရဟိတအဖွဲ့ဝင် ၄ဦးပါဝင်နေ

မော်လမြိုင်မှာတွေ့ရှိတဲ့ COVID -19 လူနာ ၈ ဦးမှာ ပရဟိတအဖွဲ့ဝင် ၄ဦးပါဝင်နေ

နေပြည်တော်၊ စက်တင်ဘာ၂-၂၀၂၀
ကောင်းလက်ျာ(VOM)

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်ခဲ့တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က COVID-19 ရောဂါပိုးတွေ့တဲ့ လူနာ ၈ ယောက်ထဲမှာ ပရဟိတလုပ်ကိုင်နေတဲ့ အမျိုးသား ၄ ဦးပါဝင်တယ်လို့ မော်လမြိုင်မြို့နယ်ဘို
ဘိုဝင်း လူမှုကူညီရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောပါတယ်။

” အေးမြကြည်လင်ပရဟိတအဖွဲ့ကနှစ်ဦးနဲ့ ကျွန်တော်တို့ဆီက နှစ်ဦးပါ။ အခုလက်ရှိ မော်လမြိုင်ဆေးရုံကြီးမှာ ကုသပေးနေပါတယ်။ သင်္ဘောသားလူနာနဲ့ ထိတွေ့ဆက်ဆံသူတွေချည်းပါပဲ”လို့ ဦးဘိုဘိုဝင်းကပြောပါတယ်။

မော်လမြိုင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာအသစ် ၈ ဦးမှာ အသက် ၁၈ နှစ်အရွယ်ကနေ အသက် ၅၇ နှစ်အရွယ်ကြားရှိတဲ့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး၂ ဦးဖြစ်ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေရတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မော်လမြိုင်မြို့မှာ COVID-19 ဒုတိယလှိုင်း ဖြစ်ပေါ်ချိန်ကနေ ဒီကနေ့အချိန်ထိ မော်လမြိုင်ခရိုင် ပညာရေးမှူးရုံးမှ ‌လက်ထောက်ညွန်ကြားရေးမှူးအဆင့်ရှိတဲ့ အမျိုးသမီးတစ်ဦး(ရခိုင်ပြည်နယ်ပြန်လာသူ)၊ ‌သင်္ဘောသားတစ်ဦးနဲ့ စက်တင်ဘာလ ၁ရက်နေ့က ၈ ဦး စုစုပေါင်း ၁၀ဦးထိရှိလာတာလည်း ဖြစ်ပါတယ်။

Photo – ဘိုဘိုဝင်း
#voiceofmyanmar #VOM #မော်လမြိုင်

Zawgyi

ေမာ္လၿမိဳင္မွာေတြ႕ရွိတဲ့ COVID -19 လူနာ ၈ ဦးမွာ ပရဟိတအဖြဲ႔ဝင္ ၄ဦးပါဝင္ေန

ေနျပည္ေတာ္၊ စက္တင္ဘာ၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက စက္တင္ဘာ ၁ ရက္ေန႔ ည ၈ နာရီမွာ ထုတ္ျပန္ခဲ့တဲ့ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္က COVID-19 ေရာဂါပိုးေတြ႕တဲ့ လူနာ ၈ ေယာက္ထဲမွာ ပရဟိတလုပ္ကိုင္ေနတဲ့ အမ်ိဳးသား ၄ ဦးပါဝင္တယ္လို႔ ေမာ္လၿမိဳင္ၿမိဳ႕နယ္ဘို
ဘိုဝင္း လူမႈကူညီေရးအဖြဲ႕မွ ဦးဘိုဘိုဝင္းက ေျပာပါတယ္။

” ေအးျမၾကည္လင္ပရဟိတအဖြဲ႕ကႏွစ္ဦးနဲ႔ ကြၽန္ေတာ္တို႔ဆီက ႏွစ္ဦးပါ။ အခုလက္ရွိ ေမာ္လၿမိဳင္ေဆး႐ုံႀကီးမွာ ကုသေပးေနပါတယ္။ သေဘၤာသားလူနာနဲ႔ ထိေတြ႔ဆက္ဆံသူေတြခ်ည္းပါပဲ”လို႔ ဦးဘိုဘိုဝင္းကေျပာပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕လူနာအသစ္ ၈ ဦးမွာ အသက္ ၁၈ ႏွစ္အရြယ္ကေန အသက္ ၅၇ ႏွစ္အ႐ြယ္ၾကားရွိတဲ့ အမ်ိဳးသား ၆ ဦးနဲ႔ အမ်ိဳးသမီး၂ ဦးျဖစ္ၿပီး ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးမွာ ကုသမႈခံယူေနရတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႔ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႔မွာ COVID-19 ဒုတိယလႈိင္း ျဖစ္ေပၚခ်ိန္ကေန ဒီကေန႔အခ်ိန္ထိ ေမာ္လၿမိဳင္ခ႐ိုင္ ပညာေရးမႉး႐ုံးမွ ‌လက္ေထာက္ၫြန္ၾကားေရးမႉးအဆင့္ရွိတဲ့ အမ်ိဳးသမီးတစ္ဦး(ရခိုင္ျပည္နယ္ျပန္လာသူ)၊ ‌သေဘၤာသားတစ္ဦးနဲ႔ စက္တင္ဘာလ ၁ရက္ေန႔က ၈ ဦး စုစုေပါင္း ၁၀ဦးထိရွိလာတာလည္း ျဖစ္ပါတယ္။

Photo – ဘိုဘိုဝင္း
#voiceofmyanmar #VOM #ေမာ္လၿမိဳင္

Related posts

Leave a Comment

VOM News

FREE
VIEW