ရန်ကုန်မြို့က Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်က စားသောက်ဆိုင်တွေကို ပါဆယ်သာရောင်းချခွင့်ပြု
ရန်ကုန်မြို့က Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်က စားသောက်ဆိုင်တွေကို ပါဆယ်သာရောင်းချခွင့်ပြု
ရန်ကုန် ၊ စက်တင်ဘာ ၃-၂၀၂၀
ယဉ်ပပထွန်း (VOM)
ရန်ကုန်တိုင်းအတွင်းရှိ Stay at Homeအဖြစ်သက်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်က စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ပါဆယ်အဖြစ်နဲ့သာ ပြန်လည်ရောင်းချဖို့ မေတ္တာရပ်ခံထားတယ်လို့ Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးက VOM ကိုပြောပါတယ်။
” လက်ဖက်ရည်ဆိုင်နဲ့စားသောက်ဆိုင်တွေကို ပါဆယ်ပဲရောင်းဖို့အတွက် မေတ္တာရပ်ခံထားတာပါ။ ဘယ်လောက်ကာလ ကြာမယ်ဆိုတာတော့ပြောမရသေးပါဘူး။ အမိန့်တစ်ရပ်အနေနဲ့ဆိုင်တွေကရောင်းမယ်ဆိုရင် ဖမ်းမယ်မဟုတ်ပါဘူး မေတ္တာရပ်ခံတာပါ ။ ဒီနေ့မှ အစဆိုတော့ တချို့ဆိုင်တွေက ကျန်နေအုံးမှာပါ ။ တဖြေးဖြေးချင်းဖြစ်လာမှာပါ ။ဗဟိုကနေပြီး Stay at Home လွတ်ပြီဆိုမှ ပုံမှန်ပြန်ဖြစ်မှာပါ”လို့ ဒေါက်တာကျော်စွာဦးကပြောပါတယ်။
ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနဟာ လတ်တလောပြန်လည်ဖြစ်ပွားနေတဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါ Covid _19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတဲ့အပြင် ဓာတ်ခွဲအတည်ပြူလူနာတွေ ထပ်မံတွေ့ရှိရပြီး ရောဂါကူးစက်မှု ပိုမိုထိရောက်စွာထိန်းသိမ်းနိုင်ဖို့အတွက် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ- ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးကာ အမိန့်အမှတ်( ၁၀၀/ ၂၀၂၀)ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်အရ Covide _ 19 ကာကွယ်ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေနဲ့ မြို့နယ်အတွင်း ကူးစက်မူထပ်မံမဖြစ်ပွားစေဖို့အတွက် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေ စုဝေးစားသောက်ခြင်းကို ခွင့်မပြုဘဲ ပါဆယ်စနစ်သာပြန်ရောင်းချဖို့ မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။
” ယခင်ကာလ သင်္ကြန်တုံးကလဲ Stay at Home တုံးကလဲ မရောင်းရဘူး ။ ပါဆယ်သာရောင်းရတယ် ။ ပြန်ပြိးအဆင်ပြေလာမယ်ဆိုကာမှ အခုထပ်မံပြီး ဖြစ်တော့ ကွန်တောါအနေနဲ့ကမလွယ်ဘူး ။ ဆိုင်ခန်းခက တစ်လတစ်လကို နည်းတာမဟုတ်ဘူး ဌားရတာတွေကလေ အိတ်ထဲကစိုက်နေရတယ်”လို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ရန်ကန်မြို့ထဲက သင်္ဃန်းကျွန်းမြို့နယ် ၊ အင်းစိန်မြို့နယ် ၊ မြောက်ဥက္ကလာပမြို့နယ် ၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပုဇွန်တော်မြို့နယ်နဲ့မင်္ဂလာဒုံမြို့နယ်တို့ကို စက်တင်ဘာ ၁ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ Stay at Home သက်မှတ်ထားတဲ့မြို့နယ်တွေအဖြစ် ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်
Zawgyi
ယဉ်ပပထွန်း (VOM)
Related posts
Leave a Comment
VOM News
FREE
VIEW