အိုင်စီစီရှေ့နေချုပ်နဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန်အရေးယူပိတ်ဆို့

အိုင်စီစီရှေ့နေချုပ်နဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို အမေရိကန်အရေးယူပိတ်ဆို့

ဝါရှင်တန်၊ စက်တင်ဘာ-၃-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်အစိုးရဟာ အိုင်စီစီရှေ့နေချုပ်နဲ့ Fatou Bensouda အပါအဝင် တရားရုံးက အခြားထိပ်တန်းတာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်ပါတယ်။

အိုင်စီစီဟာ အမေရိကန်နိုင်ငံသားတွေအပေါ် တရားစီရင်ဖို့ တရားမဝင်ကြိုးစားအားထုတ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စွပ်စွဲထားပါတယ်။

သည်ဟိဂ်အခြေစိုက် အိုင်စီစီတရားရုံးဟာ အာဖဂန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းရှိမရှိကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေပါတယ်။

တရားရုံးကို စတင်ဖွဲ့စည်းစဉ်ကတည်းက တရားရုံးအပေါ် အမေရိကန်က ဝေဖန်မှုတွေပြုခဲ့ပြီး အမေရိကန်ဟာ အိုင်စီစီအဖွဲ့ဝင်မထားတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ပါတယ်။

အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေဟာ အဆိုးရွားဆုံးရာဇဝတ်မှုတွေကို ကျူးလွန်ခံထားရသူတွေအတွက် တရားမျှတမှုရှိအောင်လုပ်ဆောင်ရေး အမေရိကန်ရဲ့ကတိကဝတ်တွေအပေါ် ရှက်ဖွယ်လိလိဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထိပ်တန်းအကြံပေးBalkees Jarrah ကဝေဖန်ပြောဆိုပါတယ်။

အိုင်စီစီဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်ဆို့ဖို့နဲ့ သူတို့ကို နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ဖို့ ခွင့်ပြုထားတဲ့အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်း ဇွန်လအတွင်းမှာ အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Ref : BBC
Photo: Getty Image
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

အိုင္စီစီေရွ႕ေနခ်ဳပ္နဲ႔ ထိပ္တန္းတာ၀န္ရိွသူေတြကို အေမရိကန္အေရးယူပိတ္ဆို႔

၀ါရွင္တန္၊ စက္တင္ဘာ-၃-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္အစိုးရဟာ အိုင္စီစီေရွ႕ေနခ်ဳပ္နဲ႔ Fatou Bensouda အပါအ၀င္ တရားရံုးက အျခားထိပ္တန္းတာ၀န္ရွိသူေတြကို အေရးယူပိတ္ဆို႔မႈေတြခ်မွတ္လိုက္ပါတယ္။

အိုင္စီစီဟာ အေမရိကန္နိုင္ငံသားေတြအေပၚ တရားစီရင္ဖို႔ တရားမ၀င္ၾကိဳးစားအားထုတ္ေနတယ္္လုိ႔ အေမရိကန္နုိင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုက စြပ္စြဲထားပါတယ္။

သည္ဟိဂ္အေျခစိုက္ အိုင္စီစီတရားရံုးဟာ အာဖဂန္နိုင္ငံမွာ အေမရိကန္တပ္ဖြဲ႔၀င္ေတြ စစ္ရာဇ၀တ္မႈေတြ က်ဴးလြန္ျခင္းရိွမရိွကို လက္ရိွမွာ စံုစမ္းစစ္ေဆးေနပါတယ္။

တရားရံုးကို စတင္ဖြဲ႔စည္းစဥ္ကတည္းက တရားရံုးအေပၚ အေမရိကန္က ေ၀ဖန္မႈေတြျပဳခဲ႔ျပီး အေမရိကန္ဟာ အိုင္စီစီအဖြဲ႔၀င္မထားတဲ႔ နိုင္ငံအနည္းငယ္ထဲက တစ္နုိင္ငံျဖစ္ပါတယ္။

အေမရိကန္ရဲ႕အေရးယူပိတ္ဆို႔မႈေတြဟာ အဆိုးရြားဆံုးရာဇ၀တ္မႈေတြကို က်ဴးလြန္ခံထားရသူေတြအတြက္ တရားမွ်တမႈရိွေအာင္လုပ္ေဆာင္ေရး အေမရိကန္ရဲ႕ကတိက၀တ္ေတြအေပၚ ရွက္ဖြယ္လိလိျဖစ္တယ္လို႔ လူ႔အခြင္႔အေရးေစာင္႔ၾကည္႔အဖြဲ႔က ထိပ္တန္းအၾကံေပးBalkees Jarrah ကေ၀ဖန္ေျပာဆိုပါတယ္။

အိုင္စီစီ၀န္ထမ္းေတြရဲ႕ ပိုင္ဆိုင္မႈေတြကို ပိတ္ဆို႔ဖို႔နဲ႔ သူတို႔ကို နုိင္ငံအတြင္း၀င္ေရာက္ခြင္႔ ပိတ္ပင္ဖို႔ ခြင္႔ျပဳထားတဲ႔အမိန္႔တစ္ရပ္ကို အေမရိကန္သမၼတေဒၚနယ္ထရန္႔ကလည္း ဇြန္လအတြင္းမွာ အမိန္႔တစ္ရပ္ထုတ္ျပန္ခဲ႔တာျဖစ္ပါတယ္။

Ref : BBC
Photo: Getty Image
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW