စစ်ကိုင်းတိုင်းမှာ သြဂုတ်လ တစ်လထဲ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၀၀ကျော်ရှိ

စစ်ကိုင်းတိုင်းမှာ သြဂုတ်လ တစ်လထဲ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၄၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၀၀ကျော်ရှိ

မုံရွာ၊ စက်တင်ဘာ ၃ – ၂၀၂၀
ကိုတိုးကြီး ၊ (VOM)

စစ်ကိုင်းတိုင်းမှာ ယာဉ်မတော်တဆမှုကြောင့် သြဂုတ်လ တစ်လထဲ သေဆုံးသူ ၄၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၁၃ ယောက်ရှိတယ်လို့ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ ဒုတပ်ဖွဲ့ခွဲမှူး (မုံရွာ)ရုံးကနေ သိရပါတယ်။

“ အက်စီးဒင့်တစ်ခုဖြစ်ပြီဆိုရင် အဲ့ဒီအက်စီးဒင့်က ဘာကြောင့်ဖြစ်ရတာလဲ၊ လမ်းကြောင့်လား ၊ ယာဉ်ကြောင့်လား ဒါမှမဟုတ် လူကြောင့်လား အရင်စီစစ် အဖြေရှာရတယ် ၊ ယာဉ်မတော်တဆမှုဆိုတာ ရည်ရွယ်ချက်မပါတဲ့အတွက် နစ်နာမှု အသက်သာဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးရတယ် ” လို့ အမှတ်(၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ကိုကိုနိုင် ကပြောပါတယ် ။

သြဂုတ်လ တစ်လထဲမှာ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၃၃ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက် သေဆုံးခဲ့တဲ့အပြင် အမျိုးသား ၁၃၈ ယောက်နဲ့ အမျိုးသမီး ၇၅ ယောက်ဟာလည်း ယာဉ်တိုက်မှုကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးပြီး အပြင်အထန် ဒဏ်ရာရတဲ့အတွက် ဆေးကုသမှု ခံယူနေရဆဲဖြစ်ပါတယ်။

အဲ့ဒီလို သေဆုံး၊ ဒဏ်ရာရသူ အများစုဟာ ဆိုင်ကယ်အသုံးပြုသူတွေ ဖြစ်ကြပြီး ဆိုင်ကယ်စီး ဦးထုပ်စောင်းဖို့ ပျက်ကွက်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်တိုက်မှုတွေ လျော့နည်းကျဆင်းလာဖို့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့က လမ်း နဲ့ ယာဉ်အချက်ပြစနစ်တွေကို ခေတ်မီစွာ အသုံးပြုပေးထားပေမယ့် လိုက်နာသူ နည်းပါးတာကြောင့် အခုလိုယာဉ်တိုက်မှုတွေ ဖြစ်ပွားရတာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း နဲ့ ပတ်သက်လို့ အများပြည်သူသိရှိဖို့ အသိပညာပေး လက်ကမ်းစာစောင်တွေကို ယာဉ်ထိန်းရဲဝန်ထမ်းတွေက ဖြန့်ဝေပေးခဲ့ပြီး စည်းကမ်းပျက်ယာဉ် ၂၂၄ စီးနဲ့ လိုင်စင်မဲ့ယာဉ် ၁၅ စီးကိုလည်း ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

စစ္ကိုင္းတိုင္းမွာ ၾသဂုတ္လ တစ္လထဲ ယာဥ္တိုက္မႈေၾကာင္႔ ေသဆံုးသူ ၄၅ ေယာက္နဲ႔ ဒဏ္ရာရသူ ၂၀၀ေက်ာ္ရွိ

မံုရြာ၊ စက္တင္ဘာ ၃ – ၂၀၂၀
ကိုတိုးၾကီး ၊ (VOM)

စစ္ကိုင္းတိုင္းမွာ ယာဥ္မေတာ္တဆမႈေၾကာင္႔ ၾသဂုတ္လ တစ္လထဲ ေသဆံုးသူ ၄၅ ေယာက္နဲ႔ ဒဏ္ရာရသူ ၂၁၃ ေယာက္ရွိတယ္လို႔ အမွတ္(၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႔ ၊ ဒုတပ္ဖြဲ႔ခြဲမွဴး (မံုရြာ)ရံုးကေန သိရပါတယ္။

“ အက္စီးဒင္႔တစ္ခုျဖစ္ျပီဆိုရင္ အဲ႔ဒီအက္စီးဒင္႔က ဘာေၾကာင္႔ျဖစ္ရတာလဲ၊ လမ္းေၾကာင္႔လား ၊ ယာဥ္ေၾကာင္႔လား ဒါမွမဟုတ္ လူေၾကာင္႔လား အရင္စီစစ္ အေျဖရွာရတယ္ ၊ ယာဥ္မေတာ္တဆမႈဆိုတာ ရည္ရြယ္ခ်က္မပါတဲ႔အတြက္ နစ္နာမႈ အသက္သာဆံုးျဖစ္ေအာင္ ၀န္ေဆာင္မႈေပးရတယ္ ” လို႔ အမွတ္(၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႔ ၊ ဒုတပ္ဖြဲ႔ခြဲမွဴး ရဲမွဴး ကိုကိုနိုင္ ကေျပာပါတယ္ ။

ၾသဂုတ္လ တစ္လထဲမွာ ယာဥ္တိုက္မႈေၾကာင္႔ အမ်ိဳးသား ၃၃ ေယာက္နဲ႔ အမ်ိဳးသမီး ၁၂ ေယာက္ ေသဆံုးခဲ႔တဲ့အျပင္ အမ်ိဳးသား ၁၃၈ ေယာက္နဲ႔ အမ်ိဳးသမီး ၇၅ ေယာက္ဟာလည္း ယာဥ္တိုက္မႈေၾကာင္႔ ကိုယ္အဂၤါအစိတ္အပိုင္းေတြ ပ်က္စီးျပီး အျပင္အထန္ ဒဏ္ရာရတဲ့အတြက္ ေဆးကုသမႈ ခံယူေနရဆဲျဖစ္ပါတယ္။

အဲ႔ဒီလို ေသဆံုး၊ ဒဏ္ရာရသူ အမ်ားစုဟာ ဆိုင္ကယ္အသံုးျပဳသူေတြ ျဖစ္ၾကျပီး ဆိုင္ကယ္စီး ဦးထုပ္ေစာင္းဖို႔ ပ်က္ကြက္ေနသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ယာဥ္တိုက္မႈေတြ ေလ်ာ႔နည္းက်ဆင္းလာဖို႔အတြက္ ယာဥ္ထိန္းရဲတပ္ဖြဲ႔က လမ္း နဲ႔ ယာဥ္အခ်က္ျပစနစ္ေတြကို ေခတ္မီစြာ အသံုးျပဳေပးထားေပမယ္႔ လိုက္နာသူ နည္းပါးတာေၾကာင္႔ အခုလိုယာဥ္တိုက္မႈေတြ ျဖစ္ပြားရတာျဖစ္တယ္လို႔ သိရပါတယ္။

ယာဥ္စည္းကမ္း လမ္းစည္းကမ္း နဲ႔ ပတ္သက္လို႔ အမ်ားျပည္သူသိရွိဖို႔ အသိပညာေပး လက္ကမ္းစာေစာင္ေတြကို ယာဥ္ထိန္းရဲ၀န္ထမ္းေတြက ျဖန္႔ေ၀ေပးခဲ႔ျပီး စည္းကမ္းပ်က္ယာဥ္ ၂၂၄ စီးနဲ႔ လိုင္စင္မဲ႔ယာဥ္ ၁၅ စီးကိုလည္း ဖမ္းဆီးအေရးယူခဲ႔တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW