ကိုဗစ်အတည်ပြုလူနာတွေ့ထားတဲ့ မင်္ဂလာဒုံက EMCစက်ရုံကို ယာယီပိတ်ဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်လည်ပတ်နေ

ကိုဗစ်အတည်ပြုလူနာတွေ့ထားတဲ့ မင်္ဂလာဒုံက EMCစက်ရုံကို ယာယီပိတ်ဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်လည်ပတ်နေ

ရန်ကုန် ၊စက်တင်ဘာ ၄-၂၀၂၀
သိင်္ဂီ (VOM)

မင်္ဂလာဒုံမြို့နယ်က လုပ်သားအင်အား ၅၀၀၀ နီးပါးရှိတဲ့ စက်ရုံတစ်ခုမှာ ကိုဗစ် အတည်ပြုလူနာ တွေ့ရှိထားတဲ့အတွက် စက်ရုံကိုယာယီပိတ်ထားဖို့ ညွှန်ကြားစာထွက်နေပေမယ့် စက်ရုံကတော့ လည်ပတ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

” စက်ရုံက ခုထိတော့မပိတ်သေးပါဘူး။ ဖွင့်နေဆဲပါ။ ကျန်တဲ့ အသေးစိတ်အခြေအနေကိုတော့ သေချာမသိသေးပါဘူး၊ ” လို့ EMCစက်ရုံဘက်က ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာ EMC စက်ရုံကို ယာယီပိတ်ဖို့အတွက် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားစာထွက်ထားပေမယ့် စက်ရုံဘက်က အလုပ်ကိုပိတ်ထားတာမရှိဘဲ ဆက်လက်ဖွင့်လှစ်နေပြီး အလုပ်မဆင်းလို့မရကြောင်း ပြောဆိုနေသလို အလုပ်သမားတွေနေထိုင်ရာ ပတ်ဝန်းကျင် ၊ နေအိမ်၊ အဆောင်ပိုင်ရှင်တွေကလည်း အလုပ်သွားရောက်ပါက အိမ်မှာလက်မခံဘူးလို့် ပြောဆိုတာတွေရှိနေတာကြောင့် အခက်အခဲတွေ ဖြစ်နေပါတယ်။

” မနေ့က ဝန်ကြီးလာစစ်ဆေးတယ်။ စက်ရုံကိုယာယီပိတ်ထားဖို့ပြောတယ်။ ဘယ်အချိန်ထိပိတ်မလဲဆိုတာတော့ သေချာမသိရသေးပါဘူး။ ဒီစက်ရုံက ပိုးကူးစက်ခံထားရတဲ့ လူနာတွေ့လို့ သူနဲ့တိုက်ရိုက်ထိစပ်တဲ့ လူ ၁၁ ဦးကိုတော့ ဒိနေ့မှာ ဆေးရုံကိုခေါ်ပြီး Swap ယူဖို့စီစဉ်ထားပါတယ်။ ကျွန်မမြို့နယ်မှာက ကွာရန်တင်းနေရာလိုအပ်ချက်တွေရှိနေတယ်။ ပြည်တော်ပြန်တွေ၊ ပြည်တွင်းတွေနဲ့ ဆိုတော့။ ” လို့ မင်္ဂလာဒုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးကပြောပါတယ်။

အဲ့ဒီစက်ရုံမှာ လုပ်သားအင်းအား ၅၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း ၊ စက်ရုံဝန်ထမ်းအားလုံးကိုကွာရန်တင်းထားဖို့အတွက်လည်း နေရာအခက်အခဲရှိနေကြောင်းနဲ့ လတ်တလောမှာတော့ စက်ရုံကို ယာယီပိတ်ထာဖို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးကလည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

” LHEOအနေနဲ့ စက်ရုံပိတ်ထားမယ့်အခြေအနေမှာ အလုပ်သမားအခွင့်အရေးဆိုင်ရာတွေနဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုတွေ အမှန်တကယ်ရရှိစေဖို့ စောင့်ကြည့်ကူညီသွားဖို့ရှိပါတယ်”လို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က အငြင်းပွားမှု ဖြေရှင်းရေးတာဝန်ခံ ဒေါ် ခခ က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတဲ့ EMCစက်ရုံဝန်ထမ်း ၁ဦးဟာ ကိုဗစ်အတည်ပြုလူနာအမှတ်-၉၉၉ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္အတည္ျပဳလူနာေတြ႔ထားတဲ့ မဂၤလာဒုံက EMCစက္႐ုံကို ယာယီပိတ္ဖို႔ ၫႊန္ၾကားထားေပမယ့္ ဆက္လက္လည္ပတ္ေန

ရန္ကုန္ ၊စက္တင္ဘာ ၄-၂၀၂၀
သိဂႌ (VOM)

မဂၤလာဒုံၿမိဳ႔နယ္က လုပ္သားအင္အား ၅၀၀၀ နီးပါး႐ွိတဲ့ စက္႐ုံတစ္ခုမွာ ကိုဗစ္ အတည္ျပဳလူနာ ေတြ႔႐ွိထားတဲ့အတြက္ စက္႐ုံကိုယာယီပိတ္ထားဖို႔ ညႊန္ၾကားစာထြက္ေနေပမယ့္ စက္႐ုံကေတာ့ လည္ပတ္ေနဆဲျဖစ္တယ္လို ႔သိရပါတယ္။

” စက္႐ုံက ခုထိေတာ့မပိတ္ေသးပါဘူး။ ဖြင့္ေနဆဲပါ။ က်န္တဲ့ အေသးစိတ္အေျခအေနကိုေတာ့ ေသခ်ာမသိေသးပါဘူး၊ ” လို႔ EMCစက္႐ုံဘက္က ႐ုံးပိုင္းဆိုင္ရာ ဝန္ထမ္းတစ္ဦးကေျပာပါတယ္။

လက္႐ွိမွာ EMC စက္႐ုံကို ယာယီပိတ္ဖို့အတြက္ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးဌာနက ၫႊန္ၾကားစာထြက္ထားေပမယ့္ စက္႐ုံဘက္က အလုပ္ကိုပိတ္ထားတာမ႐ွိဘဲ ဆက္လက္ဖြင့္လွစ္ေနၿပီး အလုပ္မဆင္းလို႔မရေၾကာင္း ေျပာဆိုေနသလို အလုပ္သမားေတြေနထိုင္ရာ ပတ္ဝန္းက်င္ ၊ ေနအိမ္၊ အေဆာင္ပိုင္႐ွင္ေတြကလည္း အလုပ္သြားေရာက္ပါက အိမ္မွာလက္မခံဘူးလို္႔ ေျပာဆိုတာေတြ႐ွိေနတာေၾကာင့္ အခက္အခဲေတြ ျဖစ္ေနပါတယ္။

” မေန႔က ဝန္ႀကီးလာစစ္ေဆးတယ္။ စက္႐ုံကိုယာယီပိတ္ထားဖို႔ေျပာတယ္။ ဘယ္အခ်ိန္ထိပိတ္မလဲဆိုတာေတာ့ ေသခ်ာမသိရေသးပါဘူး။ ဒီစက္႐ုံက ပိုးကူးစက္ခံထားရတဲ့ လူနာေတြ႔လို႔ သူနဲ႔တိုက္႐ိုက္ထိစပ္တဲ့ လူ ၁၁ ဦးကိုေတာ့ ဒိေန႔မွာ ေဆး႐ုံကိုေခၚၿပီး Swap ယူဖို႔စီစဥ္ထားပါတယ္။ ကၽြန္မၿမိဳ႕နယ္မွာက ကြာရန္တင္းေနရာလိုအပ္ခ်က္ေတြ႐ွိေနတယ္။ ျပည္ေတာ္ျပန္ေတြ၊ ျပည္တြင္းေတြနဲ႔ ဆိုေတာ့။ ” လို႔ မဂၤလာဒုံၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသႏၱာမိုးကေျပာပါတယ္။

အဲ့ဒီစက္႐ုံမွာ လုပ္သားအင္းအား ၅၀၀၀ ဝန္းက်င္ခန္႔႐ွိေၾကာင္း ၊ စက္႐ုံဝန္ထမ္းအားလုံးကိုကြာရန္တင္းထားဖို႔အတြက္လည္း ေနရာအခက္အခဲ႐ွိေနေၾကာင္းနဲ႔ လတ္တေလာမွာေတာ့ စက္႐ုံကို ယာယီပိတ္ထာဖို႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းျမစ္ဝန္ႀကီးကလည္း ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။

” LHEOအေနနဲ႔ စက္႐ုံပိတ္ထားမယ့္အ​ေျခအေနမွာ အလုပ္သမားအခြင့္အေရးဆိုင္ရာေတြနဲ႔ အလုပ္သမားေတြရဲ့ က်န္းမာေရးဆိုင္ရာေစာင့္ေရွာက္မွုေတြ အမွန္တကယ္ရရွိေစဖို့ ေစာင့္ၾကည့္ကူညီသြားဖို့ရွိပါတယ္”လို႔ အလုပ္သမားအခ်င္းခ်င္း႐ိုင္းပင္းကူညီေရးအဖြဲ႔က အျငင္းပြားမႈ ေျဖ႐ွင္းေရးတာဝန္ခံ ေဒၚ ခခ က ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံထားရတဲ့ EMCစက္႐ုံဝန္ထမ္း ၁ဦးဟာ ကိုဗစ္အတည္ျပဳလူနာအမွတ္-၉၉၉ျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW