တပ်မတော်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကိုဗစ်ရောဂါကိစ္စရပ်တွေအပေါ် အကြံပြုတာမျိုးမရှိဘဲ လုံခြုံရေးပိုင်းဆိုင်ရာအကြံပြုချက်များသာရှိ 

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကိုဗစ်ရောဂါကိစ္စရပ်တွေအပေါ် အကြံပြုတာမျိုးမရှိဘဲ လုံခြုံရေးပိုင်းဆိုင်ရာအကြံပြုချက်များသာရှိ
နေပြည်တော်၊ စက်တင်ဘာ ၄-၂၀၂၀
စွမ်းရဲထွဋ် (VOM)
လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အကြံပြုချက်များသာရှိပြီး ကိုဗစ်-၁၉ဆိုင်ရာ ကိစ္စရပ်တွေအပေါ် အကြံပြုတာမျိုးမရှိခဲ့ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့မနက်ပိုင်း နေပြည်တော် စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။
“တပ်မတော်အနေနဲ့ တစ်ခုပဲရှိတယ်။ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်လာလို့ရှိရင် အကြံပြုနိုင်တာ၊ အကြံပြုတာရှိမယ်။ ကိုဗစ်ကာလနဲ့ပတ်သက်ပြီး အကြံပြုထားတာမရှိဘူး။ လုံခြုံရေးနဲ့ပတ်သက်လို့ အကြံပြုထားတာရှိတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
အကြံပြုထားတဲ့နေရာတွေကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီးဖြစ်တဲ့  ‘ဝ’ ဒေသနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မဲဆန္ဒနယ်အချို့ပဲဖြစ်ပါတယ်။
“ရခိုင်ပြည်နယ် အချို့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး လုံခြုံရေးအရ စိုးရိမ်ရတဲ့အနေအထားရှိတယ်ဆိုတာ ပြောထားပြီးဖြစ်တယ်။ အဲ့ဒါတွေကလည်း လက်ရှိ လုံခြုံရေးအနေအထားအရ ဖြစ်ပျက်နေလို့ပဲဖြစ်တယ်။
ရွေးကောက်ပွဲ တကယ်နီးကပ်လာပြီး တကယ်လုပ်မယ့်အချိန်မှာလည်း ပြောင်းလဲသွားတဲ့အနေအထားအရ လုံခြုံရေးပိုင်းဆိုင်ရာပဲ အကြံပြုဖို့ ရှိကောင်းရှိလိမ့်မယ် ကျန်တဲ့ဟာမရှိဘူး။ ရခိုင်မှာ လက်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသပဲဖြစ်ပါတယ်။ ကျန်တဲ့ဒေသမပါပါဘူး”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
အကြံပြုထားတဲ့ မြို့နယ်တွေရဲ့ စာရင်းအတိအကျကိုတော့ အခုအချိန်မှာ မပြောနိုင်သေးတဲ့အပြင် ရွေးကောက်ပွဲလုပ်လို့ရတဲ့ မဲရုံအတွက်ဆိုရင် လုံခြုံရေးပေးရတာ အခက်အခဲမရှိပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ခဲယဉ်းမှုရှိနေတယ်လို့  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။
” မဲဆန္ဒရှင်တွေ စိတ်ဆန္ဒအတိုင်းမဲပေးခွင့်ရှိဖို့ အဓိကလိုအပ်ပြီး တစ်ဦးတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မဲပေးရတာမျိုးမဖြစ်စေချင်ဘူး ၊ ဒီလိုကိစ္စတွေရှိလာရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး၊ ဒါကြောင့်မို့လို့လည်း အကြံပြုထားတာဖြစ်တယ်” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရခိုင်မြောက်ပိုင်းက မဲဆန္ဒနယ်တွေဆိုရင် အခုအချိန်ထိ တကယ်တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကိုပဲ အကြံပြုတင်ပြထားတာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်မြောက်ပိုင်းစစ်ဆင်ရေးမှာ ကိုဗစ်-၁၉ရောဂါနဲ့ ထိတွေ့ခဲ့သူတွေရှိခဲ့ပြီး သူတို့ကိုတော့ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း ကွာရန်တင်းဆောင်ရွက်ထားပြီး ရောဂါပိုးစတွေ့ကတည်းက အောင်ပန်းဆေးရုံမှာ အားလုံးကိုစစ်ဆေးမှုပြုလုပ်ကာ ပိုပြီးစိတ်ချရဖို့အတွက် ကွာရန်တင်း ဆက်လက်ထားရှိနေသေးတယ်လို့ ပြောပါတယ်။
တပ်မတော်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ တပ်မတော်သား  ၁၂ဦးရှိပြီး  အဲ့ဒီထဲက ၁၀ ဦးမှာ စည်းမျဉ်း၊ စည်းကမ်းတွေအရပျောက်ကင်းသွားပြီဖြစ်ကြောင်း၊ အခုလက်ရှိတွေ့ထားတဲ့  ၂ ဦးပဲကျန်တော့တာဖြစ်ပါတယ်။
ကျန်ရှိနေသူထဲက တစ်ဦးဟာ ရုရှားကနေ ပြန်လည်တဲ့သူဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
တပ္မေတာ္အေနနဲ႔ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ကိုဗစ္ေရာဂါကိစၥရပ္ေတြအေပၚ အၾကံျပဳတာမ်ိဳးမရွိဘဲ လံုၿခံဳေရးပုိင္းဆုိင္ရာအၾကံၿပဳခ်က္မ်ားသာရွိ
ေနၿပည္ေတာ္၊ စက္တင္ဘာ ၄-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
လာမယ့္ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး တပ္မေတာ္အေနနဲ႔ လံုၿခံဳေရးပုိင္းဆုိင္ရာ အၾကံၿပဳခ်က္မ်ားသာရွိၿပီး ကုိဗစ္-၁၉ဆုိင္ရာ ကိစၥရပ္ေတြအေပၚ အၾကံၿပဳတာမ်ိဳးမရွိခဲ့ဘူးလုိ႔ တပ္မေတာ္သတင္းမွန္ၿပန္ၾကားေရးအဖြဲ႔မွ ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔မနက္ပိုင္း ေနျပည္ေတာ္ စစ္သမိုင္းျပတိုက္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သတင္းမီဒီယာေတြကုိ ေၿပာခဲ့တာျဖစ္ပါတယ္။
“တပ္မေတာ္အေနနဲ႔ တစ္ခုပဲရွိတယ္။ လံုၿခံဳေရးဆုိင္ရာနဲ႔ပတ္သက္လာလို႔ရွိရင္ အၾကံၿပဳနုိင္တာ၊ အၾကံၿပဳတာရွိမယ္။ ကိုဗစ္ကာလနဲ႔ပတ္သက္ၿပီး အၾကံၿပဳထားတာမရွိဘူး။ လံုၿခံဳေရးနဲ႔ပတ္သက္လုိ႔ အၾကံၿပဳထားတာရွိတယ္”လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။
အၾကံၿပဳထားတဲ့ေနရာေတြကေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂ ရက္ေန႔က ၿပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရံုး သတင္းစာရွင္းလင္းပြဲမွာ ေၿပာၾကားခဲ့ၿပီးၿဖစ္တဲ့  ‘ဝ’ ေဒသနဲ႔ ရခုိင္ၿပည္နယ္ေၿမာက္ပုိင္းမွာရွိတဲ့ မဲဆႏၵနယ္အခ်ိဳ႕ပဲၿဖစ္ပါတယ္။
“ရခုိင္ၿပည္နယ္ အခ်ိဳ႕ေနရာေတြမွာ တုိက္ပြဲၿဖစ္ပြားေနတဲ့ေနရာေတြမွာ ေရြးေကာက္ပြဲနဲ႔ ပက္သက္ၿပီး လံုၿခံဳေရးအရ စုိးရိမ္ရတဲ့အေနအထားရွိတယ္ဆုိတာ ေၿပာထားၿပီးၿဖစ္တယ္။ အဲ့ဒါေတြကလည္း လက္ရွိ လံုၿခံဳေရးအေနအထားအရ ၿဖစ္ပ်က္ေနလို႔ပဲၿဖစ္တယ္။
ေရြးေကာက္ပြဲ တကယ္နီးကပ္လာၿပီး တကယ္လုပ္မယ့္အခ်ိန္မွာလည္း ေၿပာင္းလဲသြားတဲ့အေနအထားအရ လံုၿခံဳေရးပုိင္းဆုိင္ရာပဲ အၾကံၿပဳဖုိ႔ ရွိေကာင္းရွိလိမ့္မယ္ က်န္တဲ့ဟာမရွိဘူး။ ရခို္င္မွာ လက္ရွိ ပဋိပကၡၿဖစ္ပြားေနတဲ့ ရခုိင္ၿပည္နယ္ ေၿမာက္ပုိင္းေဒသပဲၿဖစ္ပါတယ္။ က်န္တဲ့ေဒသမပါပါဘူး”လုိ႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။
အၾကံၿပဳထားတဲ့ ၿမိဳ႕နယ္ေတြရဲ့ စာရင္းအတိအက်ကုိေတာ့ အခုအခ်ိန္မွာ မေၿပာနုိင္ေသးတဲ့အျပင္ ေရြးေကာက္ပြဲလုပ္လုိ႔ရတဲ့ မဲရံုအတြက္ဆုိရင္ လံုၿခံဳေရးေပးရတာ အခက္အခဲမရွိေပမယ့္ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲၿဖစ္ဖုိ႔အတြက္ ခဲယဥ္းမႈရွိေနတယ္လို႔  ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေၿပာပါတယ္။
” မဲဆႏၵရွင္ေတြ စိတ္ဆႏၵအတိုင္းမဲေပးခြင့္ရွိဖုိ႔ အဓိကလိုအပ္ၿပီး တစ္ဦးတစ္ေယာက္ရဲ့ ၿခိမ္းေျခာက္မႈေတြေၾကာင့္ မဲေပးရတာမ်ိဳးမၿဖစ္ေစခ်င္ဘူး ၊ ဒီလုိကိစၥေတြရွိလာရင္ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေရြးေကာက္ပြဲ မၿဖစ္နုိင္ဘူး၊ ဒါေၾကာင့္မုိ႔လို႔လည္း အၾကံၿပဳထားတာၿဖစ္တယ္” လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။
ရခုိင္ေၿမာက္ပုိင္းက မဲဆႏၵနယ္ေတြဆုိရင္ အခုအခ်ိန္ထိ တကယ္တုိက္ပြဲၿဖစ္ေနတဲ့ ေနရာေတြကုိပဲ အၾကံၿပဳတင္ၿပထားတာၿဖစ္တယ္လို႔ သိရပါတယ္။
ရခုိင္ေၿမာက္ပုိင္းစစ္ဆင္ေရးမွာ ကုိဗစ္-၁၉ေရာဂါနဲ႔ ထိေတြ႔ခဲ့သူေတြရွိခဲ့ၿပီး သူတို႔ကုိေတာ့ ကုိဗစ္-၁၉ စည္းမ်ဥ္း၊ စည္းကမ္းေတြအတိုင္း ကြာရန္တင္းေဆာင္ရြက္ထားၿပီး ေရာဂါပိုးစေတြ႔ကတည္းက ေအာင္ပန္းေဆးရံုမွာ အားလံုးကိုစစ္ေဆးမႈျပဳလုပ္ကာ ပုိၿပီးစိတ္ခ်ရဖို႔အတြက္ ကြာရန္တင္း ဆက္လက္ထားရွိေနေသးတယ္လို႔ ေျပာပါတယ္။
တပ္မေတာ္မွာ ကိုဗစ္ပုိးေတြ႔ရွိခဲ့တဲ့ တပ္မေတာ္သား  ၁၂ဦးရွိၿပီး  အဲ့ဒီထဲက ၁၀ ဦးမွာ စည္းမ်ဥ္း၊ စည္းကမ္းေတြအရေပ်ာက္ကင္းသြားၿပီၿဖစ္ေၾကာင္း၊ အခုလက္ရွိေတြ႕ထားတဲ့  ၂ ဦးပဲက်န္ေတာ့တာျဖစ္ပါတယ္။
က်န္ရွိေနသူထဲက တစ္ဦးဟာ ရုရွားကေန ျပန္လည္တဲ့သူျဖစ္ၿပီး၊ က်န္တစ္ဦးမွာ ျပည္တြင္းကူးစက္မႈျဖစ္တယ္လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာျဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW