နေပြည်တော်မှာ ကိုဗစ်အတည်ပြုလူနာ ၇ ယောက်နဲ့ ထိတွေ့ထားသူ ၃၀ ကျော်ကို စောင့်ကြည့်နေရ

နေပြည်တော်မှာ ကိုဗစ်အတည်ပြုလူနာ ၇ ယောက်နဲ့ ထိတွေ့ထားသူ ၃၀ ကျော်ကို စောင့်ကြည့်နေရ
နေပြည်တော်၊ စက်တင်ဘာ ၅-၂၀၂၀
စွမ်းရဲထွဋ် (VOM)
နေပြည်တော်မှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၇ ယောက်နဲ့ ထိတွေ့ထားသူ ၃၀ ကျော်ကို နေရာနှစ်ခုမှာ ကွာရန်တင်းထားစောင့်ကြည့်နေပြီဖြစ်တဲ့အတွက် အရမ်းကြီးစိတ်ပူစရာမရှိတော့ဘူးလို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကို ဒီကနေ့မနက်မှာ ပြောပါတယ်။
အဲ့ဒီ ပိုးတွေ့တဲ့ ၇ ယောက်အထဲက တစ်ယောက်ကတော့ ဒက္ခိဏသီရိမြို့နယ်ကဖြစ်ပြီး ပုဂ္ဂလိက ခြံဝန်ထမ်းတစ်ဦးဖြစ်တဲ့အပြင် သူ့မှာ အစာအိမ်အနာရောဂါရှိတဲ့အတွက် အဲ့ဒီ ရောဂါပြဖို့ ဆေးရုံရောက်လာချိန်မှာ အဖျားရှိတယ်ဆိုကာ Swab ယူစစ်ဆေးချိန်မှာပဲ ကိုဗစ်ပိုး Positive ဖြစ်နေတာကို သိလိုက်ရတာဖြစ်ပါတယ်။
“သူနဲ့ ပက်သက်တဲ့ Content က ၁၂ ယောက်လောက်ပဲရှိမယ်။ ၁၂-၁၅ ယောက်လောက်ပေါ့။ အဲ့ဒါက ပျဉ်းမနားဆေးရုံမှာတင် ထားပါတယ်။ အဲ့ဒီလူတွေက အတူနေတို့၊ ခြံထဲတို့၊ အလုပ်အတူလုပ်သူတွေ၊ မိသားစုဝင်တွေ၊ ထိတွေ့ဆက်ဆံသူတွေပေါ့။ ၇ ယောက်လုံးနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကတော့ ၃၀ ကျော်လောက်ရှိတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
ကျန်တဲ့ ၆ ယောက်ကတော့ စက်တင်ဘာလ ၂ ရက်နေ့က နေပြည်တော်အဝင်ကို ပိတ်ဆို့ပြီး စည်းကမ်းချက်တွေ သက်မှတ်လက်ခံချိန်မှာ ကွာရန်တင်းစင်တာကို ရောက်သွားကြတဲ့သူတွေဖြစ်ပါတယ်။
သူတို့နဲ့ သက်ဆိုင်တဲ့ Content တွေကိုလည်း ကွာရန်တင်းစင်တာမှာပဲရှိတဲ့အတွက် စိတ်ပူစရာမလိုဘူးလို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
“စပိတ်တာကတော့ သြဂုတ်လ ၂၆ လောက်မှာလား စပိတ်တာ။ အဲ့ဒီတုန်းက ရခိုင်ပြည်နယ်က ပြန်လာတဲ့လူတွေကို ကျနော်တို့က ကွာရန်တင်းထားပါတယ်။ ပြီးတော့ စက်တင်ဘာလ ၂ ရက်နေ့ကျတော့ နေပြည်တော်ထဲကို ဘယ်မြို့နယ်က ဝင်ဝင်ပိတ်ပါတယ်။
ပိတ်လိုက်တဲ့အတွက် အခု Positive ဖြစ်တဲ့ ၆ ယောက်က နေပြည်တော်ရောက်တာနဲ့ ကွာရန်တင်းစခန်းကိုရောက်တယ်။ သူနဲ့ အတူလာတဲ့လူတွေကလည်း သူတို့ ကွာရန်တင်းမှာပဲရှိတော့ သူ့ content တွေက အဲ့ဒီမှာ ရှိပြီးသားဖြစ်နေတယ်။ အဲ့ဒီ အခါကျတော့ ကူးစက်မှု ပြန့်နှံမှု မရှိဘူးဆိုတော့ ကျနော်တို့ တော်တော်ကံကောင်းသွားတယ်လို့ ပြောချင်ပါတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
ကိုဗစ်၁၉ရောဂါစစ်ဆေးလို့ ပိုးတွေ့တဲ့အခါ နှစ်မျိုးရှိနေပြီး တစ်မျိုးက စောင့်ကြည့်လူနာနဲ့  တစ်မျိုးကတော့ ခရီးကပြန်လာချိန်မှာ ရောဂါဖြစ်နိုင်ချေရှိလို့ စောစောစီးစီးကြိုပြီးတော့ ကွာရန်တင်းမှာ ထိန်းသိမ်းထားတာမျိုးပဲဖြစ်ပါတယ်။
“ကွာရန်တင်းထဲမှာ ထိန်းသိမ်းထားသူတွေက သိပ်ပြီး စိတ်ပူစရာမရှိပါဘူး။ အကြောင်းက တော့ သူတို့က နေပြည်တော်ထဲကို ခြေမချရသေးခင် မြို့ဝင်ဂိတ်မှာထဲကနေ ကွာရန်တင်းကိုရောက်တာ ဖြစ်တဲ့အတွက်ပါ။ ဒါကြောင့် နေပြည်တော်ထဲမှာ ထိတွေ့မှုမရှိသေးလို့ ကူးစက်မှု၊ ပြန့်နှံမှု မရှိသေးဘူးလို့လည်း ယူဆနိုင်ပြီး Content အားလုံးကိုလည်း ထိန်းသိမ်းစောင့်ကြည့်နေပြီဖြစ်ပါတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
နေပြည်တော်က ကိုဗစ်-၁၉ရောဂါပိုးတွေ့တဲ့ အတည်ပြုလူနာ ၇ ဦးဟာ ဒက္ခိဏသီရိမြို့နယ်က ၂ ဦး၊ ဇဗ္ဗူသီရိမြို့နယ်က ၂ ဦး၊ ဥတ္တရသီရိမြို့နယ်က တစ်ဦး၊ ပျဉ်းမနားမြို့နယ်က တစ်ဦးနဲ့ တပ်ကုန်းမြို့နယ်က တစ်ဦးတို့ပဲ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
ေနျပည္ေတာ္မွာ ကိုဗစ္အတည္ျပဳလူနာ ၇ ေယာက္နဲ႔ ထိေတြ႕ထားသူ ၃၀ ေက်ာ္ကို ေစာင့္ၾကည့္ေနရ
ေနျပည္ေတာ္၊ စက္တင္ဘာ ၅-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
ေနျပည္ေတာ္မွာ ကိုဗစ္-၁၉ေရာဂါပိုးေတြ႕ရွိသူ ၇ ေယာက္နဲ႔ ထိေတြ႕ထားသူ ၃၀ ေက်ာ္ကို ေနရာႏွစ္ခုမွာ ကြာရန္တင္းထားေစာင့္ၾကည့္ေနၿပီျဖစ္တဲ့အတြက္ အရမ္းႀကီးစိတ္ပူစရာမရွိေတာ့ဘူးလို႔ ေနျပည္ေတာ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက VOM ကို ဒီကေန႔မနက္မွာ ေျပာပါတယ္။
အဲ့ဒီ ပိုးေတြ႕တဲ့ ၇ ေယာက္အထဲက တစ္ေယာက္ကေတာ့ ဒကၡိဏသီရိၿမိဳ႕နယ္ကျဖစ္ၿပီး ပုဂၢလိက ၿခံဝန္ထမ္းတစ္ဦးျဖစ္တဲ့အျပင္ သူ႔မွာ အစာအိမ္အနာေရာဂါရွိတဲ့အတြက္ အဲ့ဒီ ေရာဂါျပဖို႔ ေဆး႐ုံေရာက္လာခ်ိန္မွာ အဖ်ားရွိတယ္ဆိုကာ Swab ယူစစ္ေဆးခ်ိန္မွာပဲ ကိုဗစ္ပိုး Positive ျဖစ္ေနတာကို သိလိုက္ရတာျဖစ္ပါတယ္။
“သူနဲ႔ ပက္သက္တဲ့ Content က ၁၂ ေယာက္ေလာက္ပဲရွိမယ္။ ၁၂-၁၅ ေယာက္ေလာက္ေပါ့။ အဲ့ဒါက ပ်ဥ္းမနားေဆး႐ုံမွာတင္ ထားပါတယ္။ အဲ့ဒီလူေတြက အတူေနတို႔၊ ၿခံထဲတို႔၊ အလုပ္အတူလုပ္သူေတြ၊ မိသားစုဝင္ေတြ၊ ထိေတြ႕ဆက္ဆံသူေတြေပါ့။ ၇ ေယာက္လုံးနဲ႔ ထိေတြ႕ဆက္ဆံခဲ့သူေတြကေတာ့ ၃၀ ေက်ာ္ေလာက္ရွိတယ္”လို႔ ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။
က်န္တဲ့ ၆ ေယာက္ကေတာ့ စက္တင္ဘာလ ၂ ရက္ေန႔က ေနျပည္ေတာ္အဝင္ကို ပိတ္ဆို႔ၿပီး စည္းကမ္းခ်က္ေတြ သက္မွတ္လက္ခံခ်ိန္မွာ ကြာရန္တင္းစင္တာကို ေရာက္သြားၾကတဲ့သူေတြျဖစ္ပါတယ္။
သူတို႔နဲ႔ သက္ဆိုင္တဲ့ Content ေတြကိုလည္း ကြာရန္တင္းစင္တာမွာပဲရွိတဲ့အတြက္ စိတ္ပူစရာမလိုဘူးလို႔ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။
“စပိတ္တာကေတာ့ ၾသဂုတ္လ ၂၆ ေလာက္မွာလား စပိတ္တာ။ အဲ့ဒီတုန္းက ရခိုင္ျပည္နယ္က ျပန္လာတဲ့လူေတြကို က်ေနာ္တို႔က ကြာရန္တင္းထားပါတယ္။ ၿပီးေတာ့ စက္တင္ဘာလ ၂ ရက္ေန႔က်ေတာ့ ေနျပည္ေတာ္ထဲကို ဘယ္ၿမိဳ႕နယ္က ဝင္ဝင္ပိတ္ပါတယ္။
ပိတ္လိုက္တဲ့အတြက္ အခု Positive ျဖစ္တဲ့ ၆ ေယာက္က ေနျပည္ေတာ္ေရာက္တာနဲ႔ ကြာရန္တင္းစခန္းကိုေရာက္တယ္။ သူနဲ႔ အတူလာတဲ့လူေတြကလည္း သူတို႔ ကြာရန္တင္းမွာပဲရွိေတာ့ သူ႔ content ေတြက အဲ့ဒီမွာ ရွိၿပီးသားျဖစ္ေနတယ္။ အဲ့ဒီ အခါက်ေတာ့ ကူးစက္မႈ ျပန႔္ႏွံမႈ မရွိဘူးဆိုေတာ့ က်ေနာ္တို႔ ေတာ္ေတာ္ကံေကာင္းသြားတယ္လို႔ ေျပာခ်င္ပါတယ္”လို႔ ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။
ကိုဗစ္၁၉ေရာဂါစစ္ေဆးလို႔ ပိုးေတြ႕တဲ့အခါ ႏွစ္မ်ိဳးရွိေနၿပီး တစ္မ်ိဳးက ေစာင့္ၾကည့္လူနာနဲ႔  တစ္မ်ိဳးကေတာ့ ခရီးကျပန္လာခ်ိန္မွာ ေရာဂါျဖစ္ႏိုင္ေခ်ရွိလို႔ ေစာေစာစီးစီးႀကိဳၿပီးေတာ့ ကြာရန္တင္းမွာ ထိန္းသိမ္းထားတာမ်ိဳးပဲျဖစ္ပါတယ္။
“ကြာရန္တင္းထဲမွာ ထိန္းသိမ္းထားသူေတြက သိပ္ၿပီး စိတ္ပူစရာမရွိပါဘူး။ အေၾကာင္းက ေတာ့ သူတို႔က ေနျပည္ေတာ္ထဲကို ေျခမခ်ရေသးခင္ ၿမိဳ႕ဝင္ဂိတ္မွာထဲကေန ကြာရန္တင္းကိုေရာက္တာ ျဖစ္တဲ့အတြက္ပါ။ ဒါေၾကာင့္ ေနျပည္ေတာ္ထဲမွာ ထိေတြ႕မႈမရွိေသးလို႔ ကူးစက္မႈ၊ ျပန႔္ႏွံမႈ မရွိေသးဘူးလို႔လည္း ယူဆႏိုင္ၿပီး Content အားလုံးကိုလည္း ထိန္းသိမ္းေစာင့္ၾကည့္ေနၿပီျဖစ္ပါတယ္”လို႔ ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။
ေနျပည္ေတာ္က ကိုဗစ္-၁၉ေရာဂါပိုးေတြ႕တဲ့ အတည္ျပဳလူနာ ၇ ဦးဟာ ဒကၡိဏသီရိၿမိဳ႕နယ္က ၂ ဦး၊ ဇဗၺဴသီရိၿမိဳ႕နယ္က ၂ ဦး၊ ဥတၱရသီရိၿမိဳ႕နယ္က တစ္ဦး၊ ပ်ဥ္းမနားၿမိဳ႕နယ္က တစ္ဦးနဲ႔ တပ္ကုန္းၿမိဳ႕နယ္က တစ္ဦးတို႔ပဲ ျဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW