ခိုးထုတ်သစ်တွေ တင်လာတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် ၄ စီး ဖမ်းဆီးရမိ

ခိုးထုတ်သစ်တွေ တင်လာတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် ၄ စီး ဖမ်းဆီးရမိ

မုံရွာ၊ စက်တင်ဘာ ၆-၂၀၂၀
ခင်မေစန်း(VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယာဉ် ဧရိယာမှာ တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် ၄ စီးကို စက်တင်ဘာ ၄ရက်နေ့ ညပိုင်းက ဖမ်းမိခဲ့တယ်လို့ အမျိုးသားဥယာဉ်အုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။

ကနီမြို့နယ်၊ လာဘို့ဘက်ကနေ ယာကြီးဘက်ကိုဖြတ်မောင်းလာတဲ့ အန်စာတုံးအဖြူရောင် ယာဉ်တစ်စီးဟာ မိုင်တိုင်-၅၂အနီးမှာ ကားဘီးပေါက်လို့ရပ်ထားတာကို အလောင်းတော်ကဿပအမျိုးသားဥယာဉ် ကင်းလှည့်ဝန်ထမ်းတွေက တွေ့ရှိတဲ့အတွက် စစ်ဆေးခဲ့ရာ တရားမဝင်တင်ဆောင်ထားတဲ့ ပိတောက်သစ်ခွဲချောင်း စုစုပေါင်းအလေးချိန် နှစ်တန်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားဥယာဉ်အုပ်ချုပ်ရေးရုံး ဦးစီးအရာရှိ ဦးအောင်မောင်းကပြောပါတယ်။

“ကနီသစ်တောအပိုင် အမျိုးသားဥယာဉ်အပိုင်ကနေ ခိုးထုတ်ထားတဲ့သစ်တွေကို ညဘက် သယ်ယူလာချိန်မှာ ဥယာဉ်စောင့်ကင်းနဲ့တိုးပြီး ဖမ်းမိတယ်၊ ဆိုင်ကယ်တွေ အစုအဖွဲ့နဲ့ ပိတောက်တုံးတွေတင် ညအချိန်ခိုးထုတ်ကြတယ်”လို့ ဦးအောင်မောင်းကပြောပါတယ်။

စက်တင်ဘာ ၂ရက်နေ့ကလည်း အမျိုးသားဥယာဉ်အပိုင်ဧရိယာ၊ ဝါးဘိုးကျောက်တောင်မှာ ပိတောက်တုံး အလေးချိန် ဝ.၁၈၈ တန် တင်ဆောင်ထားတဲ့ ဆိုင်ကယ်လေးစီးကို လက်ကိုင်စက်လွှတစ်ခုနဲ့အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိထားတဲ့အတွက် မော်တော်ယာဉ်နဲ့ ဆိုင်ကယ်ပိုင်ရှင်တွေကို အရေးယူနိုင်ဖို့ စုံစမ်းနေတယ်လို့လည်း ဥယာဉ်အုပ်ချုပ်ရေးရုံးရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceomyanmar #VOM #မုံရွာ #တရားမဝင်သစ်

Zawgyi

ခိုးထုတ္သစ္ေတြ တင္လာတဲ့ ေမာ္ေတာ္ယာဥ္နဲ႔ ဆိုင္ကယ္ ၄ စီး ဖမ္းဆီးရမိ

မုံ႐ြာ၊ စက္တင္ဘာ ၆-၂၀၂၀
ခင္ေမစန္း(VOM)

စစ္ကိ္ုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္၊ ကနီၿမိဳ႕နယ္၊ အေလာင္းေတာ္ကႆပအမ်ိဳးသားဥယာဥ္ ဧရိယာမွာ တရားမဝင္သစ္ေတြ တင္ေဆာင္လာတဲ့ ေမာ္ေတာ္ယာဥ္နဲ႔ ဆိုင္ကယ္ ၄ စီးကို စက္တင္ဘာ ၄ရက္ေန႔ ညပိုင္းက ဖမ္းမိခဲ့တယ္လို႔ အမ်ိဳးသားဥယာဥ္အုပ္ခ်ဳပ္ေရး႐ုံးကေန သိရပါတယ္။

ကနီၿမိဳ႕နယ္၊ လာဘို႔ဘက္ကေန ယာႀကီးဘက္ကိုျဖတ္ေမာင္းလာတဲ့ အန္စာတုံးအျဖဴေရာင္ ယာဥ္တစ္စီးဟာ မိုင္တိုင္-၅၂အနီးမွာ ကားဘီးေပါက္လို႔ရပ္ထားတာကို အေလာင္းေတာ္ကႆပအမ်ိဳးသားဥယာဥ္ ကင္းလွည့္ဝန္ထမ္းေတြက ေတြ႕ရွိတဲ့အတြက္ စစ္ေဆးခဲ့ရာ တရားမဝင္တင္ေဆာင္ထားတဲ့ ပိေတာက္သစ္ခြဲေခ်ာင္း စုစုေပါင္းအေလးခ်ိန္ ႏွစ္တန္ကို သိမ္းဆည္းရမိခဲ့တယ္လို႔ အမ်ိဳးသားဥယာဥ္အုပ္ခ်ဳပ္ေရး႐ုံး ဦးစီးအရာရွိ ဦးေအာင္ေမာင္းကေျပာပါတယ္။

“ကနီသစ္ေတာအပိုင္ အမ်ိဳးသားဥယာဥ္အပိုင္ကေန ခိုးထုတ္ထားတဲ့သစ္ေတြကို ညဘက္ သယ္ယူလာခ်ိန္မွာ ဥယာဥ္ေစာင့္ကင္းနဲ႔တိုးၿပီး ဖမ္းမိတယ္၊ ဆိုင္ကယ္ေတြ အစုအဖြဲ႕နဲ႔ ပိေတာက္တုံးေတြတင္ ညအခ်ိန္ခိုးထုတ္ၾကတယ္”လို႔ ဦးေအာင္ေမာင္းကေျပာပါတယ္။

စက္တင္ဘာ ၂ရက္ေန႔ကလည္း အမ်ိဳးသားဥယာဥ္အပိုင္ဧရိယာ၊ ဝါးဘိုးေက်ာက္ေတာင္မွာ ပိေတာက္တုံး အေလးခ်ိန္ ၀.၁၈၈ တန္ တင္ေဆာင္ထားတဲ့ ဆိုင္ကယ္ေလးစီးကို လက္ကိုင္စက္လႊတစ္ခုနဲ႔အတူ ပိုင္ရွင္မဲ့ ဖမ္းဆီးရမိထားတဲ့အတြက္ ေမာ္ေတာ္ယာဥ္နဲ႔ ဆိုင္ကယ္ပိုင္ရွင္ေတြကို အေရးယူႏိုင္ဖို႔ စံုစမ္းေနတယ္လို႔လည္း ဥယာဥ္အုပ္ခ်ဳပ္ေရး႐ုံးရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

#voiceomyanmar #VOM #မံုရြာ #တရားမဝင္သစ္

Related posts

Leave a Comment

VOM News

FREE
VIEW