ရခိုင်အမျိုးသားပါတီအတွင်း သဘောထားကွဲလွဲမှုကြောင့် ပါတီဝင် (၄) ဦးကို ထုတ်ပယ်

ရခိုင်အမျိုးသားပါတီအတွင်း သဘောထားကွဲလွဲမှုကြောင့် ပါတီဝင် (၄) ဦးကို ထုတ်ပယ်

စစ်တွေ၊ စက်တင်ဘာ ၆- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီ (ANP) ပါတီအတွင်းမှာ ကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ ပတ်သက်ပြီး ပါတီတွင်းသဘောထားကွဲလွဲမှုတွေကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ပါတီဝင် (၄)ဦးကို ANP ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

ANPပါတီက ထုတ်ပယ်လိုက်တဲ့ ပါတီဝင်တွေမှာ မောင်တောမြို့နယ်၊ မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်သန်း၊ ဒုဥက္ကဌလည်းဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးမောင်အုန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဘူးသီးတောင်မြို့နယ် ပါတီ အတွင်းရေးမှူး ဦးမောင်ကျော်ဇံနဲ့ မြို့နယ်အလုပ်မှုဆောင်ကော်မတီဝင် ဦးကျော်ကျော်ဝင်း တို့ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှပြောတာက” ပါတီက ကိုယ်စားလှယ်ရွေးချယ်တဲ့အခါမှာ မပါခဲ့တဲ့ ပါတီဝင်တစ်ယောက်ဟာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်လို့မရဘူးဆိုပြီး ပါတီမှာ စည်းကမ်းသတ်မှတ်ချက်တွေချထားတာရှိပါတယ်။ သူတို့က အဲဒါကို ချိုးဖောက်ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ဖို့ လုပ်တယ်။ ဒါကြောင့် ပါတီကနေ ထုတ်ပယ်လိုက်တာ။” လို့ ရှင်းပြပါတယ်။

ပါတီဗဟိုမှာ လွှတ်တော်ကိုယ်စားလှယ်တွေရွေးချယ်တဲ့အဖွဲ့တွေက မရိုးမသားလုပ်ပြီး ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အခါမှာ ဘက်လိုက်မှုတွေရှိတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ တစ်ရက်နေ့ကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဖေ့စ်ဘုတ်အကောင့်ကနေ ကြေညာခဲ့တယ်လို့ အခုလက်ရှိ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

“ ပါတီဗဟိုကလည်း သူတို့လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့ မူတွေကို သူတို့ကိုယ်တိုင်မလိုက်နာဘဲ သူတို့လုပ်ချင်သလို လုပ်တဲ့အတွက် ကျနော်တို့ကလည်း သူတို့ ချမှတ်ထားတဲ့ မူတွေကို လိုက်နာစရာမလိုတော့ဘူးလေ။ သူတို့ချမှတ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေး မူတွေကို မလိုက်နာဘဲ ဘက်လိုက်ပြီးတော့ သူ့လူကိုယ့်လူ အုပ်စုခွဲပြီးတော့ ရွေးချယ်မှုကိုကျင့်သုံးသွားတဲ့အတွက် ကျနော်တို့က တစ်သီးပုဂ္ဂလအဖြစ်ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

ပါတီကနေ ထုတ်ပယ်ရာမှာပါဝင်တဲ့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကိုဆက်သွယ်ခဲ့ရာ အစည်းအဝေးလုပ်နေကြောင်းနဲ့ နောက်ပိုင်းပြန်ဆက်ဖို့ပြောပါတယ်။

အခုလိုမျိုး ရခိုင်အမျိုးသားပါတီတွင်း သဘောထားကွဲလွဲမှုတွေရှိနေတာနဲ့ ပတ်သတ်ပြီး တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူနဲ့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းကအမြင်တွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့တာမရှိပါဘူး။

ရခိုင်အမျိုးသားပါတီကနေ နုတ်ထွက်ခွင့်တင်ထားပေမယ့် နုတ်ထွက်ခွင့်မရသေးတဲ့ သူတွေလည်းရှိနေပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ပြည်နယ်တွင်း မဲဆန္ဒနယ်အများစုမှာ အနိုင်ရရှိခဲ့တဲ့ပါတီကြီးတစ်ခုလည်း ဖြစ်ပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်နိုင်ငံရေးပါတီကြီး(၃) ခုထိရှိနေပြီး ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ပဲဖြစ်ပါတယ်။

Photo- ANP (Community Facebook)
#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိုင္အမ်ိဳးသားပါတီအတြင္း သေဘာထားကြဲလြဲမႈေၾကာင့္ ပါတီဝင္ (၄) ဦးကို ထုတ္ပယ္

စစ္ေတြ၊ စက္တင္ဘာ ၆- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ရခိုင္အမ်ိဳးသားပါတီ (ANP) ပါတီအတြင္းမွာ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္တာနဲ႔ ပတ္သက္ၿပီး ပါတီတြင္းသေဘာထားကြဲလြဲမႈေတြေၾကာင့္ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္က ပါတီဝင္ (၄)ဦးကို ANP ပါတီကေန ထုတ္ပယ္လိုက္တယ္လို႔ သိရပါတယ္။

ANPပါတီက ထုတ္ပယ္လိုက္တဲ့ ပါတီဝင္ေတြမွာ ေမာင္ေတာၿမိဳ႕နယ္၊ ၿမိဳ႕နယ္ပါတီဥကၠဌ ဦးခင္ေမာင္သန္း၊ ဒုဥကၠဌလည္းျဖစ္ၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္တဲ့ ဦးေမာင္အုန္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြျဖစ္တဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ ပါတီ အတြင္းေရးမႉး ဦးေမာင္ေက်ာ္ဇံနဲ႔ ၿမိဳ႕နယ္အလုပ္မႈေဆာင္ေကာ္မတီဝင္ ဦးေက်ာ္ေက်ာ္ဝင္း တို႔ျဖစ္တယ္လို႔ သိရပါတယ္။

ရခိုင္အမ်ိဳးသားပါတီ (ANP) ဥကၠ႒ ဦးသာထြန္းလွေျပာတာက” ပါတီက ကိုယ္စားလွယ္ေ႐ြးခ်ယ္တဲ့အခါမွာ မပါခဲ့တဲ့ ပါတီဝင္တစ္ေယာက္ဟာ တစ္သီးပုဂၢလကိုယ္စားလွယ္အျဖစ္ ဝင္ၿပိဳင္လို႔မရဘူးဆိုၿပီး ပါတီမွာ စည္းကမ္းသတ္မွတ္ခ်က္ေတြခ်ထားတာရွိပါတယ္။ သူတို႔က အဲဒါကို ခ်ိဳးေဖာက္ၿပီး တစ္သီးပုဂၢလကိုယ္စားလွယ္အျဖစ္ဝင္ၿပိဳင္ဖို႔ လုပ္တယ္။ ဒါေၾကာင့္ ပါတီကေန ထုတ္ပယ္လိုက္တာ။” လို႔ ရွင္းျပပါတယ္။

ပါတီဗဟိုမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေ႐ြးခ်ယ္တဲ့အဖြဲ႕ေတြက မ႐ိုးမသားလုပ္ၿပီး ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္တဲ့အခါမွာ ဘက္လိုက္မႈေတြရွိတာေၾကာင့္ ၿပီးခဲ့တဲ့ ဩဂုတ္လ တစ္ရက္ေန႔ကေန ႏုတ္ထြက္လိုက္ၿပီျဖစ္ေၾကာင္း ေဖ့စ္ဘုတ္အေကာင့္ကေန ေၾကညာခဲ့တယ္လို႔ အခုလက္ရွိ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံက ေျပာပါတယ္။

“ ပါတီဗဟိုကလည္း သူတို႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္တဲ့ မူေတြကို သူတို႔ကိုယ္တိုင္မလိုက္နာဘဲ သူတို႔လုပ္ခ်င္သလို လုပ္တဲ့အတြက္ က်ေနာ္တို႔ကလည္း သူတို႔ ခ်မွတ္ထားတဲ့ မူေတြကို လိုက္နာစရာမလိုေတာ့ဘူးေလ။ သူတို႔ခ်မွတ္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္ေရး မူေတြကို မလိုက္နာဘဲ ဘက္လိုက္ၿပီးေတာ့ သူ႔လူကိုယ့္လူ အုပ္စုခြဲၿပီးေတာ့ ေ႐ြးခ်ယ္မႈကိုက်င့္သုံးသြားတဲ့အတြက္ က်ေနာ္တို႔က တစ္သီးပုဂၢလအျဖစ္ယွဥ္ၿပိဳင္ရတာျဖစ္ပါတယ္။” လို႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံကေျပာပါတယ္။

ပါတီကေန ထုတ္ပယ္ရာမွာပါဝင္တဲ့ ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းကိုဆက္သြယ္ခဲ့ရာ အစည္းအေဝးလုပ္ေနေၾကာင္းနဲ႔ ေနာက္ပိုင္းျပန္ဆက္ဖို႔ေျပာပါတယ္။

အခုလိုမ်ိဳး ရခိုင္အမ်ိဳးသားပါတီတြင္း သေဘာထားကြဲလြဲမႈေတြရွိေနတာနဲ႔ ပတ္သတ္ၿပီး တိုင္းရင္းသားအေရးေလ့လာသုံးသပ္သူနဲ႔ ရခိုင္အရပ္ဖက္အဖြဲ႕အစည္းကအျမင္ေတြကို ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားခဲ့တာမရွိပါဘူး။

ရခိုင္အမ်ိဳးသားပါတီကေန ႏုတ္ထြက္ခြင့္တင္ထားေပမယ့္ ႏုတ္ထြက္ခြင့္မရေသးတဲ့ သူေတြလည္းရွိေနပါတယ္။

ရခိုင္အမ်ိဳးသားပါတီဟာ ရခိုင္ျပည္နယ္အတြင္း အင္အားႀကီးပါတီတစ္ခုျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲမွာ ျပည္နယ္တြင္း မဲဆႏၵနယ္အမ်ားစုမွာ အႏိုင္ရရွိခဲ့တဲ့ပါတီႀကီးတစ္ခုလည္း ျဖစ္ပါတယ္။

အခုလက္ရွိ ရခိုင္ျပည္နယ္အတြင္းမွာ ရခိုင္ႏိုင္ငံေရးပါတီႀကီး(၃) ခုထိရွိေနၿပီး ရခိုင္အမ်ိဳးသားပါတီ (ANP)၊ ရခိုင့္ဦးေဆာင္ပါတီ (AFP) နဲ႔ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) တို႔ပဲျဖစ္ပါတယ္။

Photo- ANP (Community Facebook)
#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW