ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို အဂတိ‌ကော်မရှင်ကို ထပ်မံတိုင်ကြားမယ်

ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို အဂတိ‌ကော်မရှင်ကို ထပ်မံတိုင်ကြားမယ်

နေပြည်တော်၊ စက်တင်ဘာ ၅-၂၀၂၀
ကောင်းလက်ျာ(VOM)

တာဝန်ကနေရပ်စဲခံလိုက်ရတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို နိုင်ငံတော်ပိုင်ငွေကြေးတွေကို အလွဲသုံးစားပြုလုပ်မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီကို ထပ်မံတိုင်ကြားသွားမယ်လို့ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ပြောပါတယ်။

“၂၀၁၈ နဲ့၂၀၂၀ မတိုင်မ‌ီကလည်း ပြည်သူ့ဘဏ္ဍာအလွဲသုံးတဲ့ကိစ္စ နှစ်ကြိမ်တိုင်ခဲ့ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌက စာကိုပယ်ချခဲ့တာပါ။ အခုတစ်ကြိမ်မှာလည်း ပြည်နယ်စာရင်းစစ်ချုပ်ရုံး စစ်ဆေးပေါ်ပေါက်ချက်အပေါ် အခြေခံပြီး တတိယအကြိမ်အဖြစ် လွှတ်တော်အနေနဲ့တိုင်ကြားမှာပါ”လို့ကယားဝန်ကြီးချုပ်အပေါ် စွပ်စွဲပြစ်တင်တဲ့ကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ခူးသဲရယ်က ပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဟာ စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာအရ နိုင်ငံတော်ဘဏ္ဍာကို ကိုယ်ကျိုးအတွက် အသုံးပြုမှုရှိခဲ့တယ်လို့ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားမှာဖြစ်တယ်လို့သိရပြီး စုံစမ်းစစ်ဆေးချက်အရ မင်္ဂလာလက်ဖွဲ့ သုံးစွဲခြင်း၊ လက်‌ဆောင်ပဏ္ဍာဝယ်‌ပေးခြင်းနဲ့ ဧည့်ခံစရိတ်သုံးစွဲခြင်း စတာတွေကို
ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” လွှတ်တော်က ဒီကိစ္စကိုဆက်လုပ်တဲ့အတွက် စောင့်ကြည့်ရုံပါပဲ။ မလုပ်ရင် ပြည်သူဘဏ္ဍာအလွဲသုံးစားမှု စစ်ဆေးအရေးယူပေးပါဆိုပြီး နိုင်ငံသားတစ်ယောက်အနေနဲ့ကျွန်တော်တိုင်ဖို့ပြင်ထားတာပါ”လို့ ကယားအရေးတက်ကြွလှုပ်ရှားသူ ဦးကျော်ထင်အောင်က ပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူကို ပြီးခဲ့တဲ့သြဂုတ်လထဲမှာ ကယား‌ဒေးကွင်းေ‌မြ‌နေရာကို လုပ်ငန်းရှင်တွေကိုချပေးတဲ့ကိစ္စနဲ့ စက်ယန္တယားဝယ်ယူရေးကိစ္စတွေမှာ အဂတိရှိတယ်လို့ ယူဆတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက စွပ်စွဲပြစ်တင်တဲ့ကိစ္စကို စုံစမ်းစစ်‌ဆေးမှုအပြီး စက်တင်ဘာလ ၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတက တာဝန်ကနေ ရပ်စဲပေးခဲ့တာလည်းဖြစ်ပါတယ်။

ကယားပြည်နယ်လွှတ်တော်ဟာ ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်သူသုံးဦးကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးနှစ်ဦးသာမက အဖွဲ့ဝင်တစ်ဦးကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့တဲ့အပြင် စွပ်စွဲပြစ်တင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးမှာ တစ်ဦးကနုတ်ထွက်သွားတာကြောင့် ဥပဒေအရလိုအပ်တဲ့ အရေအတွက်ပြည့်မီခြင်းမရှိဘူးလို့ NLD ပါတီဗဟိုက စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းမှာပဲ ထောက်ပြဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် NLD ပါတီဗဟိုက ထုတ်ပြန်ချက်ထဲမှာလည်း ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဟာ လာမယ့် ‌ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းထပ်မံ‌ရွေးချယ်ခံရတာမျိုးမရှိတဲ့အပေါ်မှာ အချိန်ကိုက်ပြီး ပုဂ္ဂိုလ်ရေး၊အာဃာတနဲ့လုပ်ဆောင်ခဲ့တယ်လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟာ ကယားဒေးကွင်းမြေနေရာကို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ ခွင့်ပြုခဲ့တဲ့ကိစ္စအပြင် အစိုးရအဖွဲ့ကနေပြီး စက်ယန္တယားကြီးများ ဝယ်ယူငှားရမ်းသုံးစွဲခဲ့တဲ့ကိစ္စတွေ နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက စွပ်စွဲပြစ်တင်ခဲ့တာဖြစ်တယ်လို့
ပြည်နယ်လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကယား #အယ်ဖောင်းရှို # အဂတိကော်မရှင်တိုင်မယ်

Zawgyi

ကယား၀န္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္ေဖာင္းရႈိကို အဂတိ‌ေကာ္မရွင္ကို ထပ္မံတိုင္ၾကားမယ္

ေနျပည္ေတာ္၊ စက္တင္ဘာ ၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

တာဝန္ကေနရပ္စဲခံလိုက္ရတဲ့ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္ေဖာင္းရႈိကို ႏိုင္ငံေတာ္ပိုင္ေငြေၾကးေတြကို အလြဲသုံးစားျပဳလုပ္မႈနဲ႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဆီကို ထပ္မံတိုင္ၾကားသြားမယ္လို႔ ကယားျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ခူးသဲရယ္က ေျပာပါတယ္။

“၂၀၁၈ နဲ႔၂၀၂၀ မတိုင္မ‌ီကလည္း ျပည္သူ႔ဘ႑ာအလြဲသုံးတဲ့ကိစၥ ႏွစ္ႀကိမ္တိုင္ခဲ့ပါတယ္။ ေကာ္မရွင္ဥကၠ႒က စာကိုပယ္ခ်ခဲ့တာပါ။ အခုတစ္ႀကိမ္မွာလည္း ျပည္နယ္စာရင္းစစ္ခ်ဳပ္႐ုံး စစ္ေဆးေပၚေပါက္ခ်က္အေပၚ အေျခခံၿပီး တတိယအႀကိမ္အျဖစ္ လႊတ္ေတာ္အေနနဲ႔တိုင္ၾကားမွာပါ”လို ႔ကယားဝန္ႀကီးခ်ဳပ္အေပၚ စြပ္စြဲျပစ္တင္တဲ့ကိစၥ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဥကၠ႒ ခူးသဲရယ္က ေျပာပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဟာ စာရင္းစစ္ခ်ဳပ္ရံုးအစီရင္ခံစာအရ ႏိုင္ငံေတာ္ဘ႑ာကို ကိုယ္က်ိဳးအတြက္ အသုံးျပဳမႈရွိခဲ့တယ္လုိ႔ဆိုကာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားမွာျဖစ္တယ္လို႔သိရၿပီး စုံစမ္းစစ္ေဆးခ်က္အရ မဂၤလာလက္ဖြဲ႔ သုံးစြဲျခင္း၊ လက္‌ေဆာင္ပ႑ာဝယ္‌ေပးျခင္းနဲ႔ ဧည့္ခံစရိတ္သုံးစြဲျခင္း စတာေတြကို
ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

” လႊတ္ေတာ္က ဒီကိစၥကိုဆက္လုပ္တဲ့အတြက္ ေစာင့္ၾကည့္႐ုံပါပဲ။ မလုပ္ရင္ ျပည္သူဘ႑ာအလြဲသုံးစားမႈ စစ္ေဆးအေရးယူေပးပါဆိုၿပီး ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ကြၽန္ေတာ္တိုင္ဖို႔ျပင္ထားတာပါ”လို႔ ကယားအေရးတက္ႂကြလႈပ္ရွားသူ ဦးေက်ာ္ထင္ေအာင္က ေျပာပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရွိူကို ၿပီးခဲ့တဲ့ၾသဂုတ္လထဲမွာ ကယား‌ေဒးကြင္းေ‌ျမ‌ေနရာကို လုပ္ငန္းရွင္ေတြကိုခ်ေပးတဲ့ကိစၥနဲ႔ စက္ယႏၲယားဝယ္ယူေရးကိစၥေတြမွာ အဂတိရွိတယ္လို႔ ယူဆတဲ့အတြက္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံက စြပ္စြဲျပစ္တင္တဲ့ကိစၥကို စံုစမ္းစစ္‌ေဆးမႈအၿပီး စက္တင္ဘာလ ၃ ရက္ေန႔မွာ ႏိုင္ငံေတာ္သမၼတက တာဝန္ကေန ရပ္စဲေပးခဲ့တာလည္းျဖစ္ပါတယ္။

ကယားျပည္နယ္လႊတ္ေတာ္ဟာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္သူသုံးဦးကို စုံစမ္းစစ္ေဆးေရးအဖြဲ႕ထဲမွာ ဥကၠ႒နဲ႔ အတြင္းေရးမွဴးႏွစ္ဦးသာမက အဖြဲ႕ဝင္တစ္ဦးကိုပါ ထည့္သြင္းဖြဲ႕စည္းခဲ့တဲ့အျပင္ စြပ္စြဲျပစ္တင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးမွာ တစ္ဦးကႏုတ္ထြက္သြားတာေၾကာင့္ ဥပေဒအရလိုအပ္တဲ့ အေရအတြက္ျပည့္မီျခင္းမရွိဘူးလို႔ NLD ပါတီဗဟိုက စက္တင္ဘာ ၃ ရက္ေန႔ ညေနပိုင္းမွာပဲ ေထာက္ျပေဝဖန္ခဲ့ပါတယ္။

ဒါ့အျပင္ NLD ပါတီဗဟိုက ထုတ္ျပန္ခ်က္ထဲမွာလည္း ကယားျပည္နယ္လႊတ္ေတာ္ ဥကၠ႒ဟာ လာမယ့္ ‌ေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းထပ္မံ‌ေ႐ြးခ်ယ္ခံရတာမ်ိဳးမရွိတဲ့အေပၚမွာ အခ်ိ္န္ကိုက္ၿပီး ပုဂၢိဳလ္ေရး၊အာဃာတနဲ႔လုပ္ေဆာင္ခဲ့တယ္လို႔ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ဟာ ကယားေဒးကြင္းေျမေနရာကို စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ေဆာင္႐ြက္ဖို႔ ခြင့္ျပဳခဲ့တဲ့ကိစၥအျပင္ အစိုးရအဖြဲ႕ကေနၿပီး စက္ယႏၲယားႀကီးမ်ား ဝယ္ယူငွားရမ္းသုံးစြဲခဲ့တဲ့ကိစၥေတြ နဲ႔ ပတ္သက္လို႔ ပြင့္လင္းျမင္သာမႈမရွိဘူးလို႔ဆိုကာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံက စြပ္စြဲျပစ္တင္ခဲ့တာျဖစ္တယ္လို႔
ျပည္နယ္လႊတ္ေတာ္႐ုံးရဲ႔ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

#voiceofmyanmar #VOM #ကယား #အယ္ေဖာင္း႐ွိဳ # အဂတိေကာ္မရွင္တိုင္မယ္

Related posts

Leave a Comment

VOM News

FREE
VIEW