ကိုဗစ် ရောဂါ ထပ်မံမပြန့်ပွားစေဖို့အတွက် ပြည်သူတွေအပြင်ထွက်တာ ပြန်လည်ထိန်းချုပ်ပေးဖို့လိုနေ

ကိုဗစ် ရောဂါ ထပ်မံမပြန့်ပွားစေဖို့အတွက် ပြည်သူတွေအပြင်ထွက်တာ ပြန်လည်ထိန်းချုပ်ပေးဖို့လိုနေ

ရန်ကုန်၊ စက်တင်ဘာ ၇-၂၀၂၀
ယဉ်ပပထွန်း (VOM)
ဓာတ်ပုံ – ရွှေအင်းသား ခင်မောင်ဝင်း

Covid _ 19 ရောဂါနဲ့ပတ်သက်ပြီး ထပ်မံပြန့်ပွားမူမဖြစ်ပေါ်စေဖို့အတွက် ပြည်သူတွေအပြင်ထွက်တာ ပြန်လည်ထိန်းချုပ်ပေးဖို့လိုပါတယ်လို့ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာန ပါမေက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ်။

” ဆေးရုံမှာကြိုတင်ပြင်ဆင်တဲ့ကိစ္စက အပြင်မှာဘယ်လောက်များလဲဆိုတဲ့ကိစ္စနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ပြည်သူတွေကို အပြင်ထွက်တာ ပြန်လည်ထိန်းချုပ်ပေးဖို့ပြောချင်ပါတယ် ။ ထွက်နေတာကို ထိုင်စောင့်ကြည့်ပြီးတော့ လက်ခံနေမယ်ဆိုရင် မပြီးတော့ဘူး၊ Covid -19 ရောဂါက အပြင်မှာ ပြန်ပွားနေတာဖြစ်တဲ့အတွက် ထိန်းချုပ်နိုင်ဖို့ကအရေးကြီးသလို အပြင်ကပြန့်ပွားမူကို မထိန်းချုပ်နိုင်ရင် ပထမဆုံး ဆေးရုံတွေထိမှာ” လို့ဒေါက်တာမော်မော်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်ဆေးရုံကြီးကို သံသယလူနာတွေ ထားရှိနိုင်ရန်ကိုလည်း အခန်းတွေ တိုးချဲ့ပြင်ဆင်ထားတာတွေရှိနေတယ်လို့သိရပါတယ်။

” ပထမ လူနာများတုန်းက ခက်ခဲတာပေါ့ ။ ဒါပေမဲ့ အခုဟာက ကျွန်တော်တို့အခန်းတွေကို တိုးချဲ့ပြင်ဆင်လိုက်ပြီ ။ အခုလောလောဆယ်တော့ အဆင်ပြေနေတယ် ။ ဒါပေမဲ့အဆင်ပြေနေတဲ့ကိစ္စက ဘယ်အချိန်ထိခံမလဲ မသိနိုင်ဘူး ။ အခုက ထပ်ပြီးများနေတယ် ။အဲ့တော့ ကျွန်တော်တို့က ထပ်ပြီးပြင်ဆင်ရတဲ့သဘောရှိတယ်၊ အခုလောလောဆယ်တော့အဆင်ပြေတယ်။ များလာရင် တိုင်းအစိုးရက လသာ ( ၂) ကျောင်းကိုအသုံးပြုဖို့ပေးထားပါတယ်။ ကျွန်တော်တို့လဲ တတ်နိုင်သမျှထိန်းပြီးလုပ်ဆောင်နေပါတယ် ” လို့ဒေါက်တာမော်မော်ဦးကပြောပါတယ်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြေဆေးရုံမှာတော့ လက်ရှိမှာ အဆင်ပြေနေပြီး ရောဂါပိုးရှိတဲ့လူနာနဲ့ထိတွေ့သူတွေကို ဗဟိုသင်တန်းကျောင်းမှာ ထားရှိဖို့အတွက် အဆင်ပြေနေမူတွေ ရှိနေတယ်လို့သိရပါတယ်။

#voiceomyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္ ေရာဂါ ထပ္မံမျပန္ ့ပြားေစဖို႔အတြက္ ျပည္သူေတြအျပင္ထြက္တာ ျပန္လည္ထိန္းခ်ဳပ္ေပးဖို႔လိုေန

ရန္ကုန္၊ စက္တင္ဘာ ၇-၂၀၂၀
ယဥ္ပပထြန္း (VOM)
ဓာတ္ပံု – ေရႊအင္းသား ခင္ေမာင္ဝင္း

Covid _ 19 ေရာဂါနဲ ့ပတ္သက္ျပီး ထပ္မံျပန္ ့ပြားမူမျဖစ္ေပၚေစဖို႔အတြက္ ျပည္သူေတြအျပင္ထြက္တာ ျပန္လည္ထိန္းခ်ဳပ္ေပးဖို ့လိုပါတယ္လို ့ရန္ကုန္ျပည္သူ႔ေဆးရံု အေရးေပၚဌာန ပါေမကၡဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦးက VOM ကိုေျပာပါတယ္။

” ေဆးရံုမွာၾကဳိတင္ျပင္ဆင္တဲ့ကိစၥက အျပင္မွာဘယ္ေလာက္မ်ားလဲဆိုတဲ့ကိစၥနဲ့ တိုက္ရိုက္သက္ဆိုင္ေနပါတယ္။ ျပည္သူေတြကို အျပင္ထြက္တာ ျပန္လည္ထိန္းခ်ဳပ္ေပးဖို ့ေျပာခ်င္ပါတယ္ ။ ထြက္ေနတာကို ထိုင္ေစာင့္ၾကည့္ျပီးေတာ့ လက္ခံေနမယ္ဆိုရင္ မျပီးေတာ့ဘူး၊ Covid -19 ေရာဂါက အျပင္မွာ ျပန္ပြားေနတာျဖစ္တဲ့အတြက္ ထိန္းခ်ဳပ္နိုင္ဖို ့ကအေရးၾကီးသလို အျပင္ကျပန္ ့ပြားမူကို မထိန္းခ်ဳပ္ႏုိင္ရင္ ပထမဆံုး ေဆးရံုေတြထိမွာ” လို ့ေဒါက္တာေမာ္ေမာ္ဦးကေျပာပါတယ္။

လက္႐ွိမွာေတာ့ ရန္ကုန္ေဆးရံုၾကီးကုိ သံသယလူနာေတြ ထားရွိနိုင္ရန္ကိုလည္း အခန္းေတြ တိုးခ်ဲ ့ျပင္ဆင္ထားတာေတြရွိေနတယ္လုိ ့သိရပါတယ္။

” ပထမ လူနာမ်ားတုန္းက ခက္ခဲတာေပါ့ ။ ဒါေပမဲ့ အခုဟာက ကြ်န္ေတာ္တို ့အခန္းေတြကို တိုးခ်ဲ ့ျပင္ဆင္လိုက္ျပီ ။ အခုေလာေလာဆယ္ေတာ့ အဆင္ေျပေနတယ္ ။ ဒါေပမဲ ့အဆင္ေျပေနတဲ့ကိစၥက ဘယ္အခ်ိန္ထိခံမလဲ မသိနိုင္ဘူး ။ အခုက ထပ္ျပီးမ်ားေနတယ္ ။အဲ့ေတာ့ ကြ်န္ေတာ္တို႔က ထပ္ျပီးျပင္ဆင္ရတဲ့သေဘာ႐ွိတယ္၊ အခုေလာေလာဆယ္ေတာ့အဆင္ေျပတယ္။ မ်ားလာရင္ တိုင္းအစိုးရက လသာ ( ၂) ေက်ာင္းကိုအသံုးျပဳဖို့ေပးထားပါတယ္။ ကြ်န္ေတာ္တုိ ့လဲ တတ္နိုင္သမ်ွထိန္းျပီးလုပ္ေဆာင္ေနပါတယ္ ” လို ့ေဒါက္တာေမာ္ေမာ္ဦးကေျပာပါတယ္။

ရန္ကုန္ၿမိဳ႔၊ သဃၤန္းကြ်န္းျမိဳ ့နယ္၊ စံေျပေဆးရံုမွာေတာ့ လက္႐ွိမွာ အဆင္ေျပေနၿပီး ေရာဂါပိုးရွိတဲ့လူနာနဲ ့ထိေတြ႔သူေတြကို ဗဟိုသင္တန္းေက်ာင္းမွာ ထားရွိဖို႔အတြက္ အဆင္ေျပေနမူေတြ ႐ွိေနတယ္လို ့သိရပါတယ္။

#voiceomyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW