ကိုဗစ်ပျောက်ကင်းတဲ့ ကလေးလူနာရဲ့မစင်နမူနာကို နေ့စဉ်စစ်ဆေးရာ COVID-19ပိုး ၃၆ရက် ဆက်တိုက်တွေ့

ကိုဗစ်ပျောက်ကင်းတဲ့ ကလေးလူနာရဲ့မစင်နမူနာကို နေ့စဉ်စစ်ဆေးရာ COVID-19ပိုး ၃၆ရက် ဆက်တိုက်တွေ့

ဟောင်ကောင် ၊စက်တင်ဘာလ ၇-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

The Chinese University of Hong Kong (CUHK)တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ COVID-19ရောဂါပျောက်ကင်းတဲ့ ကလေးလူနာအချို့ရဲ့ မစင်နမူနာကို ၃၆ရက် ဆက်တိုက်စစ်ဆေးတဲ့အခါ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာနမူနာတွေမှာ ဗိုင်းရပ်စ်ရောဂါမတွေ့ခဲ့ပေမယ့် အူအတွင်းနဲ့ မစင်တို့မှာ ဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာရှိတဲ့ သတင်းမီဒီယာတွေရဲ့ ဒီကနေ့ စက်တင်ဘာ ၇ရက်နေ့ ဖော်ပြချက်မှာတော့ CUHKကနေ လူနာရဲ့ အစာအိမ်အူလမ်းကြောင်းက ပြဿနာမရှိပေမယ့် သုတေသီများဟာ အူနဲ့မစင်မှာ သွက်လက်နေဆဲ ကိုရိုနာဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

CHUKကျောင်းရဲ့ ပြောကြားချက်ကလည်း လူနာဟာ ပြန်လည်သက်သာလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ နမူနာတွေမှာ ဗိုင်းရပ်စ်ပိုးမတွေ့ရှိနိုင်ရင် မစင်ရဲ့ ပိုးကနေ့ ကူးစက်နိုင်ဆဲဖြစ်တယ်လို့ ပြောပါတယ်။

CUHKကနေ ဒီကနေ့ စက်တင်ဘာ ၇ ရက်စတင်ပြီး ကလေးမစင်၂၀၀၀ကို စစ်ဆေးနေပြီး ကျန်းမာရေးဌာနနဲ့ပူးပေါင်းကာ တိကျတဲ့အဖြေတစ်ခုရရှိဖို့ ရှာဖွေရမျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

REF: SCMP
Photo:Getty Image
#voiceofmyanmar #VOM #ဟောင်ကောင်

Zawgyi

ကိုဗစ္ေပ်ာက္ကင္းတဲ့ ကေလးလူနာရဲ႕မစင္နမူနာကို ေန႔စဥ္စစ္ေဆးရာ COVID-19ပိုး ၃၆ရက္ ဆက္တိုက္ေတြ႕

ေဟာင္ေကာင္ ၊စက္တင္ဘာလ ၇-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

The Chinese University of Hong Kong (CUHK)တကၠသိုလ္ရဲ႕ ေလ့လာမႈတစ္ခုအရ COVID-19ေရာဂါေပ်ာက္ကင္းတဲ့ ကေလးလူနာအခ်ိဳ႕ရဲ႕ မစင္နမူနာကို ၃၆ရက္ ဆက္တိုက္စစ္ေဆးတဲ့အခါ ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။

အသက္ရႉလမ္းေၾကာင္းဆိုင္ရာနမူနာေတြမွာ ဗိုင္းရပ္စ္ေရာဂါမေတြ႕ခဲ့ေပမယ့္ အူအတြင္းနဲ႔ မစင္တို႔မွာ ဗိုင္းရပ္စ္ပိုးစစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ေဟာင္ေကာင္မွာရွိတဲ့ သတင္းမီဒီယာေတြရဲ႕ ဒီကေန႔ စက္တင္ဘာ ၇ရက္ေန႔ ေဖာ္ျပခ်က္မွာေတာ့ CUHKကေန လူနာရဲ႕ အစာအိမ္အူလမ္းေၾကာင္းက ျပႆနာမရွိေပမယ့္ သုေတသီမ်ားဟာ အူနဲ႔မစင္မွာ သြက္လက္ေနဆဲ ကို႐ိုနာဗိုင္းရပ္စ္ကို ရွာေဖြေတြ႕ရွိႏိုင္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

CHUKေက်ာင္းရဲ႕ ေျပာၾကားခ်က္ကလည္း လူနာဟာ ျပန္လည္သက္သာလာၿပီး အသက္ရႉလမ္းေၾကာင္းဆိုင္ရာ နမူနာေတြမွာ ဗိုင္းရပ္စ္ပိုးမေတြ႕ရွိႏိုင္ရင္ မစင္ရဲ႕ ပိုးကေန႔ ကူးစက္ႏိုင္ဆဲျဖစ္တယ္လို႔ ေျပာပါတယ္။

CUHKကေန ဒီကေန႔ စက္တင္ဘာ ၇ ရက္စတင္ၿပီး ကေလးမစင္၂၀၀၀ကို စစ္ေဆးေနၿပီး က်န္းမာေရးဌာနနဲ႔ပူးေပါင္းကာ တိက်တဲ့အေျဖတစ္ခုရရွိဖို႔ ရွာေဖြရေမွ်ာ္လင့္ေနတာလည္း ျဖစ္ပါတယ္။

REF: SCMP
Photo:Getty Image
#voiceofmyanmar #VOM #ေဟာင္ေကာင္

Related posts

Leave a Comment

VOM News

FREE
VIEW