မင်္ဂလာဒုံစက်မှုဇုန်က စက်ရုံ ၃ ရုံမှာ ကိုဗစ်လူနာတွေ့ရှိပေမယ့် စက်ရုံတွေမပိတ်သေးတဲ့အတွက် အလုပ်သမားတွေအခက်တွေ့

မင်္ဂလာဒုံစက်မှုဇုန်က စက်ရုံ ၃ ရုံမှာ ကိုဗစ်လူနာတွေ့ရှိပေမယ့် စက်ရုံတွေမပိတ်သေးတဲ့အတွက် အလုပ်သမားတွေအခက်တွေ့

ရန်ကုန်၊စက်တင်ဘာ ၇-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ စက်ရုံ ၃ ရုံအတွင်းမှာ ကိုဗစ်လူနာ ၃ ဦးတွေ့ရှိပေမယ့် စက်ရုံတွေပိတ်သိမ်းခြင်းမရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ Labour Power Groupအဖွဲ့မှ ဥက္ကဌဦးကျော်မျိုးထွေးကပြောပါတယ်။

“ကျန်းမာရေးဦးစီးဌာနနဲ့ အစိုးက ရှောင်တခင်ဝင်ရောက်စစ်ဆေးသင့်တယ်။ ဥပမာပြောပြရရင် စက်ရုံရှေ့က လာကြည့်နေတာတို့၊ အလုပ်သမားတွေကို ပိုင်ရှင်တွေက ဘယ်လိုကျန်းမာရေးဝန်ဆောင်မှုပေးလဲဆိုတာမျိုးတွေကြည့်ပြီး စက်ရုံပိတ်သင့် မပိတ်သင့်ဆုံးဖြတ်ရမှာ”လို့ ဦးကျော်မျိုးထွေးကပြောပါတယ်။

မင်္ဂလာဒုံစက်မှုဇုန်အတွင်းက EMC သားရေအိတ်က်ရုံ၊ DragonState အထည်ချုပ်၊ Famoso အထည်ချုပ်စက်ရုံတို့မှာ ကိုဗစ်အတည်ပြုလူနာ ၃ ဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

EMCသားရေအိတ်စက်ရုံဟာ ဆက်လက်ဖွင့်ထားပြီး လုပ်ငန်းလည်ပတ်နေတဲ့အတွက် အလုပ်ဆင်းနေရတဲ့ အလုပ်သမားတချို့မှာ ရပ်ကွက်အဆောင်တွေက အလုပ်ပေးမသွားခြင်း ၊ အလုပ်ကနေပြန်လာရင် ပြန်လက်မခံခြင်း အစရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားဖြစ်သူ မရွှေရည်ဦးက ပြောပါတယ်။

တိုင်းကျန်းမာရေးဦးစီးဌာနက စက်ရုံကို ခေတ္တပိတ်သိမ်ထားဖို့ ညွန်ကြားချက်တွေ လိုက်နာခြင်းမရှိတဲ့ကိစ္စနဲ့ပတ်သတ်ပြီး EMCစက်ရုံကို ဆက်သွယ်မေးမြန်းရာ “ကျွန်မတို့ဆီ
အဲ့စာရွက်က မရောက်သေးဘူး၊ ကိုဗစ်လူနာတွေ့တယ်ဆိုတာလည်း မှန်ပါတယ်၊ လက်ရှိကတော့ စက်ရုံမပိတ်ပါဘူး။ ကိုဗစ်နဲ့ထိတွေ့ခဲ့တဲ့ အလုပ်သမားတွေကို စစ်ဆေးတဲ့အခါမှာ
လည်း ပိုးမတွေ့ပါဘူး”လို့ စက်ရုံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်ရုံ ၃ရုံကနေ ပိုးတွေ့လူနာတွေ တွေ့ရှိတဲ့ကိစ္စကို နောက်ကြောင်းလိုက်နေပြီး EMCသားရေအိတ်စက်ရုံက ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့သူ ၁၇ဦးကို သီးသန့်စစ်ဆေးခဲ့ရာ Negativeအဖြေသာထွက်တဲ့အတွက် စက်ရုံပိတ်သိမ်းခြင်းကိစွဟာ အစိုးရနဲ့ကျန်းမာရေးဦးစီးဌာနသာ သက်ဆိုင်တယ်လို့ မင်္ဂလာဒုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

မင်္ဂလာဒုံစက်မှုဇုန်ရှိ ကိုဗစ်အတည်ပြုလူနာတွေခဲ့တဲ့ စက်ရုံ ၃ ရုံမှာ အလုပ်သမားအင်အား စုစုပေါင်း တစ်သောင်းကျော့်ခန့်ရှိပြီး အလုပ်သမားတွေရဲ့ ကျန်းမာရေးစိုးရိမ်ရပြီး အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ Labour Power Groupအဖွဲ့မှ ဥက္ကဌဦးကျော်မျိုးထွးက သုံးသပ်ပြောဆိုပါတယ်။

အဲ့ဒီစက်ရုံတွေမှာ ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိပြီး ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ချက်ကိုသိရှိဖို့ မင်္ဂလာဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းခေါ်လို့ မရခဲ့ပါဘူး။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

မဂၤလာဒုံစက္မႈဇုန္က စက္႐ုံ ၃ ႐ုံမွာ ကုိဗစ္လူနာေတြ႔႐ွိေပမယ့္ စက္႐ုံေတြမပိတ္ေသးတဲ့အတြက္ အလုပ္သမားေတြအခက္ေတြ႕

ရန္ကုန္၊စက္တင္ဘာ ၇-၂၀၂၀
ေအးခ်မ္းသူ(VOM)

ရန္ကုန္ၿမိဳ႔၊ မဂၤလာဒုံစက္မႈဇုန္႐ွိ စက္႐ုံ ၃ ရံုအတြင္းမွာ ကုိဗစ္လူနာ ၃ ဦးေတြ႔႐ွိေပမယ့္ စက္႐ုံေတြပိတ္သိမ္းျခင္းမ႐ွိတာေၾကာင့္ အလုပ္သမားေတြအေနနဲ႔ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတယ္လို႔ အလုပ္သမားအေရးေဆာင္ရြက္ေနတဲ့ Labour Power Groupအဖြဲ႔မွ ဥကၠဌဦးေက်ာ္မ်ိဳးေထြးကေျပာပါတယ္။

“က်န္းမာေရးဦးစီးဌာနနဲ႔ အစုိးက ေ႐ွာင္တခင္ဝင္ေရာက္စစ္ေဆးသင့္တယ္။ ဥပမာေျပာျပရရင္ စက္႐ုံေ႐ွ႔က လာၾကည့္ေနတာတို႔၊ အလုပ္သမားေတြကုိ ပုိင္႐ွင္ေတြက ဘယ္လုိက်န္းမာေရးဝန္ေဆာင္မႈေပးလဲဆိုတာမ်ိဳးေတြၾကည့္ၿပီး စက္႐ုံပိတ္သင့္ မပိတ္သင့္ဆုံးျဖတ္ရမွာ”လို႔ ဦးေက်ာ္မ်ိဳးေထြးကေျပာပါတယ္။

မဂၤလာဒုံစက္မႈဇုန္အတြင္းက EMC သားေရအိတ္က္႐ုံ၊ DragonState အထည္ခ်ဳပ္၊ Famoso အထည္ခ်ဳပ္စက္႐ုံတို႔မွာ ကုိဗစ္အတည္ျပဳလူနာ ၃ ဦးေတြ႕႐ွိခဲ့တာျဖစ္ပါတယ္။

EMCသားေရအိတ္စက္ရုံဟာ ဆက္လက္ဖြင့္ထားၿပီး လုပ္ငန္းလည္ပတ္ေနတဲ့အတြက္ အလုပ္ဆင္းေနရတဲ့ အလုပ္သမားတခ်ဳိ႕မွာ ရပ္ကြက္အေဆာင္ေတြက အလုပ္ေပးမသြားျခင္း ၊ အလုပ္ကေနျပန္လာရင္ ျပန္လက္မခံျခင္း အစရွိတဲ့ အခက္အခဲေတြနဲ႔ ႀကဳံေတြ႔ေနရတယ္လို႔ အဲ့ဒီစက္႐ုံက အလုပ္သမားျဖစ္သူ မေရႊရည္ဦးက ေျပာပါတယ္။

တိုင္းက်န္းမာေရးဦးစီးဌာနက စက္႐ုံကို ေခတၱပိတ္သိမ္ထားဖို႔ ၫြန္ၾကားခ်က္ေတြ လုိက္နာျခင္းမရွိတဲ့ကိစၥနဲ႔ပတ္သတ္ၿပီး EMCစက္႐ုံကို ဆက္သြယ္ေမးျမန္းရာ “ကြၽန္မတို႔ဆီ
အဲ့စာရြက္က မေရာက္ေသးဘူး၊ ကုိဗစ္လူနာေတြ႔တယ္ဆိုတာလည္း မွန္ပါတယ္၊ လက္႐ွိကေတာ့ စက္႐ုံမပိတ္ပါဘူး။ ကုိဗစ္နဲ႔ထိေတြ႔ခဲ့တဲ့ အလုပ္သမားေတြကုိ စစ္ေဆးတဲ့အခါမွာ
လည္း ပုိးမေတြ႔ပါဘူး”လို႔ စက္႐ုံတာဝန္႐ွိသူတစ္ဦးက ေျပာပါတယ္။

စက္ရံု ၃ရံုကေန ပုိးေတြ႔လူနာေတြ ေတြ႕ရွိတဲ့ကိစၥကို ေနာက္ေၾကာင္းလုိက္ေနၿပီး EMCသားေရအိတ္စက္႐ုံက ပုိးေတြ႔လူနာနဲ႔ထိေတြ႔ခဲ့သူ ၁၇ဦးကို သီးသန္႔စစ္ေဆးခဲ့ရာ Negativeအေျဖသာထြက္တဲ့အတြက္ စက္႐ုံပိတ္သိမ္းျခင္းကိစြဟာ အစုိးရနဲ႔က်န္းမာေရးဦးစီးဌာနသာ သက္ဆိုင္တယ္လို႔ မဂၤလာဒံုၿမိိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ ဦးထြန္းထြန္းဝင္းက ေျပာပါတယ္။

မဂၤလာဒုံစက္မႈဇုန္႐ွိ ကုိဗစ္အတည္ျပဳလူနာေတြခဲ့တဲ့ စက္႐ုံ ၃ ႐ုံမွာ အလုပ္သမားအင္အား စုစုေပါင္း တစ္ေသာင္းေက်ာ့္ခန္႔႐ွိၿပီး အလုပ္သမားေတြရဲ႔ က်န္းမာေရးစုိးရိမ္ရၿပီး အစုိးရနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ဦးစားေပးလုပ္ေဆာင္သင့္တယ္လို႔ Labour Power Groupအဖြဲ႔မွ ဥကၠဌဦးေက်ာ္မ်ိဳးထြးက သုံးသပ္ေျပာဆိုပါတယ္။

အဲ့ဒီစက္႐ုံေတြမွာ ကုိဗစ္အတည္ျပဳလူနာေတြ ေတြ႔႐ွိၿပီး က်န္းမာေရးဦးစီးဌာနက ေဆာင္ရြက္ခ်က္ကိုသိရွိဖို႔ မဂၤလာဒုံၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနကုိ ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းေပမယ့္ ဖုန္းေခၚလို႔ မရခဲ့ပါဘူး။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW