ကိုဗစ်အတည်ပြုလူနာတွေထဲမှာ ရောဂါပြင်းထန်ပြီး အထူးကြပ်မတ်ကုသမှုခံယူနေရတဲ့ လူနာပေါင်း(၂၃)ဦးရှိ

ကိုဗစ်အတည်ပြုလူနာတွေထဲမှာ ရောဂါပြင်းထန်ပြီး အထူးကြပ်မတ်ကုသမှုခံယူနေရတဲ့ လူနာပေါင်း(၂၃)ဦးရှိ

ရန်ကုန်၊ စက်တင်ဘာ ၇-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရတဲ့ အတည်ပြုလူနာတွေထဲမှာ ရောဂါပြင်းထန်ပြီး အထူးကြပ်မတ်ကုသမှူခံယူနေရသူ ၂၃ ဦးရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ၊ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ပြောပါတယ်။

အဲ့ဒီထဲမှာ အောက်ဆီဂျင်ပေးပြီး အထူးကြပ်မတ်ကုသမှူခံယူနေရသူ ၁၇ ဦး ၊ အောက်ဆီဂျင်ပေးနေရတဲ့ လူနာက ၄ ဦး၊ အောက်ဆီဂျင်မပေးရပေမယ့် ရောဂါပြင်းထန်တဲ့လူနာက ၂ ယောက်ရှိနေတာပဲဖြစ်ပါတယ်။

” စုစု ပေါ င်း ၂၃ ယောက်ရှိနေပါတယ်။ ICU ထဲက သူတွေဟာ နောက်ခံရောဂါရှိနေသူများပါတယ်။ ကျွန်မတို့ကတော့ အကောင်းဆုံးကုသပေးမှာဖြစ်ပါတယ်။ ဒီ ကိုဗစ်ရောဂါက ကူးစက်မှုမြန်ပေမယ့် ပြင်းထန်တဲ့ရောဂါဝေဒနာခံစားရမှု ရှိမရှိဆိုတာတော့ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် တကယ်လို့ ဒီရောဂါကပြင်းထန်မှုသာမရှိဘူးဆိုရင် ICU ထဲရောက်တဲ့သူလည်းရှိမှာမဟုတ်ဘူး၊ သေတဲ့သူလည်းရှိမှာမဟုတ်ဘူး။” လို့ ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

ဆေးရုံတွေမှာ ကုသပေးနေတဲ့အထဲက ရောဂါအပြင်းအထန်ခံစားနေရတဲ့ ကိုဗစ်အတည်ပြု လူနာအများစုဟာ နောက်ခံရောဂါလက္ခဏာ ရှိသူတွေသာဖြစ်ပြီး ရောဂါအခံနဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှူကြောင့် ပြင်းထန်တဲ့ဝေဒနာကို ခံစားရတာဖြစ်တဲ့အတွက် ပြင်းထန်မှုဟာလည်း အဆိုးဆုံးအခြေအနေ သေဆုံးတဲ့အထိဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

” ကျောက်ကပ်ရောဂါအခံရှိတဲ့သူတွေ သူတို့သာ ဒီကိုဗစ် ရောဂါအကူးမခံရဘူးဆိုရင် သေချင်မှသေအုံးမယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ခါတလေကျ ဆေးပညာအရပြောရရင် ၁နဲ့ ၁ ပေါင်းရင် ၂ မဖြစ်ပဲ ၃ တွေ ၄ တွေ ဖြစ်သွားပါတယ်။ ရောဂါအခံရှိနေတယ်၊ ကိုဗစ် ၁၉ ကူးစက်ခံရတယ်ဆိုရင် ရောဂါကိုပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။”လို့ ဒေါက်တာခင်ခင်ကြီးကထပ်မံပြောပါတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ ပြည်တွင်းကူးစက်မှု မြှင့်တက်လာနေပြီး တွေ့ရှိထားတဲ့ အတည်ပြု လူနာတွေထဲမှာ ပြည်ပခရီးသွားရာဇဝင် မရှိသလို ရောဂါအတည်ပြုလူနာ တွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိဘဲ ကူးခံရသူတွေ ပိုများလာတဲ့အပြင် လူနာအများစုဟာ ရောဂါလက္ခဏာပြတာမျိုးတွေမရှိဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi


သိင်္ဂီ (VOM)








Related posts

Leave a Comment

VOM News

FREE
VIEW