နေပြည်တော်မှာ NLDပါတီနဲ့ UBPပါတီတို့က အောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူပေမယ့် USDPပါတီရဲ့ လှုပ်ရှားမှုမတွေ့ရ

နေပြည်တော်မှာ NLDပါတီနဲ့ UBPပါတီတို့က အောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူပေမယ့် USDPပါတီရဲ့ လှုပ်ရှားမှုမတွေ့ရ

နေပြည်တော်၊ စက်တင်ဘာ ၈-၂၀၂၀
ကိုလတ် (VOM)

နေပြည်တော်မှာ ဒီကနေ့ စက်တင်ဘာလ ၈ ရက်မနက်ပိုင်းက NLD ပါတီနဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBPတို့ဟာ အောင်နိုင်ရေးဆိုင်းဘုတ်တွေကို စတင်စိုက်ထူခဲ့ကြပါတယ်။

NLD ပါတီအနေနဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ထဲက ပါတီရဲ့ ယာယီဌာချုပ်မှာ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောင်နိုင်ရေးအလံ စိုက်ထူခဲ့ပြီး UBP ပါတီရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း သပြေကုန်းနဲ့ လယ်ဝေးမြို့နယ်တွေမှာ အောင်နိုင်ရေး ဆိုင်းဘုတ်တွေ စိုက်ထူးခဲ့တာကို တွေ့ရပါတယ်။

USDP ပါတီရဲ့ ဥက္ကဋ္ဌ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဇေယျာသီရိဘက်မှာလဲ NLDပါတီ ကိုယ်စားလှယ်လောင်းတွေက တစ်အိမ်တက်ဆင်း စည်းရုံးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပေမယ့် USDP ပါတီကတော့ စည်းရုံးရေးလုပ်တာတို့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူတာမျိုးတွေကိုတော့ မတွေ့ရသေးပါဘူး။

ဒီကနေ့ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ စတင်မဲဆွယ်ခွင့်ပြုထားတဲ့ နေ့လည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ေနျပည္ေတာ္မွာ NLDပါတီနဲ႔ UBPပါတီတို႔က ေအာင္ႏိ္ုင္ေရးဆိုင္းဘုတ္ေတြ စိုက္ထူေပမယ္႔ USDPပါတီရဲ႕ လႈပ္ရွားမႈမေတြ႕ရ

ေနျပည္ေတာ္၊ စက္တင္ဘာ ၈-၂၀၂၀
ကိုလတ္ (VOM)

ေနျပည္ေတာ္မွာ ဒီကေန႔ စက္တင္ဘာလ ၈ ရက္မနက္ပိုင္းက NLD ပါတီနဲ႔ ျပည္ေထာင္စု ေကာင္းက်ဳိးေဆာင္ပါတီ UBPတို႔ဟာ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ေတြကို စတင္စိုက္ထူခဲ႔ၾကပါတယ္။

NLD ပါတီအေနနဲ႔ ေနျပည္ေတာ္၊ ဥတၱရသီရိျမဳိ႕နယ္ထဲက ပါတီရဲ႕ ယာယီဌာခ်ဳပ္မွာ ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေအာင္ႏိုင္ေရးအလံ စိုက္ထူခဲ႔ၿပီး UBP ပါတီရဲ႕ ဥကၠ႒ သူရဦးေရႊမန္းကလည္း သေျပကုန္းနဲ႔ လယ္ေ၀းျမဳိ႕နယ္ေတြမွာ ေအာင္ႏိုင္ေရး ဆိုင္းဘုတ္ေတြ စိုက္ထူးခဲ႔တာကို ေတြ႕ရပါတယ္။

USDP ပါတီရဲ႕ ဥကၠ႒ ဝင္ေရာက္ယွဥ္ျပဳိင္မယ္႔ ေဇယ်ာသီရိဘက္မွာလဲ NLDပါတီ ကိုယ္စားလွယ္ေလာင္းေတြက တစ္အိမ္တက္ဆင္း စည္း႐ုံးေရးလုပ္ငန္းေတြကို လုပ္ေဆာင္ေနေပမယ္႔ USDP ပါတီကေတာ႔ စည္း႐ုံးေရးလုပ္တာတို႔ ပါတီေအာင္ႏိုင္ေရးဆိုင္းဘုတ္ စိုက္ထူတာမ်ဳိးေတြကိုေတာ႔ မေတြ႕ရေသးပါဘူး။

ဒီကေန႔ဟာ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပျပဳလုပ္မယ္႔ ပါတီစံုဒီမိုကေရစီ ေရြးေကာက္ပဲြအတြက္ ႏိုင္ငံေရးပါတီေတြရဲ႕ စတင္မဲဆြယ္ခြင္႔ျပဳထားတဲ႔ ေန႔လည္းျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW