ပါတီမိတ်ဆက်

ပါတီမိတ်ဆက်
တစ်ဖက်ပိတ်များများရှိတဲ့ မဲဆန္ဒနယ်တွေဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအတွက် အခက်အခဲရှိလာနိုင်
နေပြည်တော်၊ စက်တင်ဘာ ၈-၂၀၂၀
စွမ်းရဲထွဋ် (VOM)
တစ်ဖက်ပိတ်များများရှိတဲ့ မဲဆန္ဒနယ်တွေဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအတွက် အခက်အခဲရှိလာနိုင်တယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ သူရဦရွှေမန်းက ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့ကပြုလုပ်တဲ့ Zoom Press မှာ သတင်းမီဒီယာတွေရဲ့ အမေးကို ဖြေကြားချိန် သုံးသပ်ပြောဆိုသွားတာဖြစ်ပါတယ်။
“၉၂၇ နေရာဝင်ပြိုင်တယ်။ မြို့နယ်ပေါင်း ၂၆၀ ရှိပါတယ်။ ဘယ်နေရာတွေ အခက်အခဲရှိလဲဆိုရင်တော့ ဒီရွေးကောက်ပွဲမှာ အခက်အခဲရှိတာက တွေးတောဆင်ခြင်မှုမရှိဘဲ မျက်စေ့မှိတ်ပြီး တစ်ဖက်ပိတ်များများရှိတဲ့ နေရာကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအတွက် အခက်အခဲရှိတယ်။ သို့သော် အဲ့ဒီအခက်အခဲ တွေကို စဉ်းစားဉာဏ်ရင့်သန်ပြီးတော့ ဘယ်သူက ပိုပြီးကောင်းအောင် လုပ်ပေးနိုင်မလဲဆိုတဲ့ ပုဂ္ဂိုလ်များ များလာပြီဆိုရင်တော့ မိမိတို့အတွက် အခက်အခဲမရှိဘူး”လို့ သူရဦးရွှေမန်းကပြောပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ နေရာတစ်ခုတည်း၊ ဧရိယာတစ်ခုတည်းကို စည်းရုံးဖို့ စဉ်းစားထားတာမဟုတ်ဘဲ လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးရဲ့ အောင်နိုင်ရေးကို အဓိကထားပြီး  စဉ်းစားထားတယ်လို့ ပြောပါတယ်။
ဒါပေမယ့် နောက်ထပ် ရက်ပေါင်း ၂၀ လောက်မှာ ဘယ်နေရာက UBPပါတီအတွက် ပိုပြီးအောင်နိုင်ချေရှိလဲဆိုတာ ပေါ်လာမှာဖြစ်ပြီး အဲ့ဒီအချိန်မှာ အောင်နိုင်ချေများတဲ့နေရာတွေကို ဆက်လက်ပြီး ဆောင်ရွက်သွားမယ်လို့ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။
ပါတီအနေနဲ့ ပြည်သူ့အတွက် ကတိကဝတ် ၁၂ ချက်ပေးထားပြီး အဲ့ဒီ ကတိကဝတ် ၁၂ ချက်ကိုလည်း ဖတ်ပြခဲ့ပါတယ်။
ကတိပြုချက်တွေထဲမှာ တိုင်းရင်းသားအရေး၊ တောင်သူလယ်သမားတွေနဲ့ စိုက်ပျိုးသမားတွေအရေး၊ အလုပ်သမား၊ အလုပ်ရှင်အရေး၊ နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းသူတွေအရေး၊ မြေယာပြဿနာတွေ၊ အခွန်အခတွေ၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့ ပြည်သူတစ်ရပ်လုံးရဲ့အရေးတွေပါဝင်ပါတယ်။
ပြည်သူတစ်ရပ်လုံးအတွက်ပေးထားတဲ့ ကတိပြုချက်ထဲမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အိုးပိုင်အိမ်ပိုင် နေထိုင်နိုင်ရေး၊ ကိုယ်ပိုင်ကားစီးနိုင်ရေး၊ အများပြည်သူခရီးသွားလာမှု ချောမွေ့အဆင်ပြေရေးတို့ကို လက်ရှိ အခြေအနေထက်သာလွန်ကောင်းမွန်အောင်ဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အချိန်ကာလ ၂ နှစ်အတွင်းမှာ အလုပ်သမားတွေရဲ့ တစ်ရက်လုပ်ခနှုန်း တစ်သောင်းရရှိဖို့၊ နိုင်ငံ့ဝန်ထမ်းအားလုံး လက်ရှိလစာနှုန်းထက် အနည်းဆုံး ၂ ဆ ရပြီး အနိမ့်ဆုံးနိုင်ငံ့ဝန်ထမ်းလစာ ကျပ် သုံးသိန်းရအောင် သတ်မှတ်ပေးမယ်လို့လည်း ပြောပါတယ်။
ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုတွေရဲ့ လစဉ်ချီးမြှင့်စရိတ်ကို အနည်းဆုံး ၄ သိန်း ခံစားရရှိရေးနဲ့ အငြိမ်းစားဝန်ထမ်းတွေ ပင်စင်တိုးမြှင့်ရေး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းသူတွေ ထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးမယ့်အပြင် မြေယာပြဿနာတွေကိုလည်း တစ်နှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
သူရဦးရွှေမန်းအနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ဟာ သီလ၊ သမာဓိ၊ သိက္ခာနဲ့ပြည့်စုံတဲ့ အဖွဲ့အစည်းမျိုးသားဖြစ်ရမယ်လို့ ပြောပါတယ်။
အခု အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ UBP အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်တွေအပေါ် ပြောစရာမရှိပေမယ့် ရလဒ်နဲ့ လုပ်ရပ်က အဲ့ဒီအဖွဲ့အစည်း၊ အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ စေတနာနဲ့ အရည်အချင်းကို ဖော်ပြသွားမှာဖြစ်တဲ့အတွက် စောင့်ကြည့်ပါလို့ သူရဦးရွှေမန်းက ပြောခဲ့တာဖြစ်ပါတယ်။
Photo – UBP Party
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
ပါတီမိတ္ဆက္
တစ္ဖက္ပိတ္မ်ားမ်ားရွိတဲ့ မဲဆႏၵနယ္ေတြဟာ ၿပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအတြက္ အခက္အခဲရွိလာနုိင္
ေနၿပည္ေတာ္၊ စက္တင္ဘာ ၈-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
တစ္ဖက္ပိတ္မ်ားမ်ားရွိတဲ့ မဲဆႏၵနယ္ေတြဟာ ၿပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအတြက္ အခက္အခဲရွိလာနုိင္တယ္လုိ႔ ၿပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ (UBP) ဥကၠဌ သူရဦေရႊမန္းက ဒီကေန႔ စက္တင္ဘာလ ၈ ရက္ေန႔ကျပဳလုပ္တဲ့ Zoom Press မွာ သတင္းမီဒီယာေတြရဲ့ အေမးကို ေၿဖၾကားခ်ိန္ သံုးသပ္ေျပာဆိုသြားတာျဖစ္ပါတယ္။
“၉၂၇ ေနရာဝင္ၿပိဳင္တယ္။ ၿမိဳ႕နယ္ေပါင္း ၂၆၀ ရွိပါတယ္။ ဘယ္ေနရာေတြ အခက္အခဲရွိလဲဆိုရင္ေတာ့ ဒီေရြးေကာက္ပြဲမွာ အခက္အခဲရွိတာက ေတြးေတာဆင္ၿခင္မႈမရွိဘဲ မ်က္ေစ့မွိတ္ၿပီး တစ္ဖက္ပိတ္မ်ားမ်ားရွိတဲ့ ေနရာကေတာ့ ၿပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအတြက္ အခက္အခဲရွိတယ္။ သုိ႔ေသာ္ အဲ့ဒီအခက္အခဲ ေတြကုိ စဥ္းစားဥာဏ္ရင့္သန္ၿပီးေတာ့ ဘယ္သူက ပိုၿပီးေကာင္းေအာင္ လုပ္ေပးနုိင္မလဲဆုိတဲ့ ပုဂၢိဳလ္မ်ား မ်ားလာၿပီဆိုရင္ေတာ့ မိမိတုိ႔အတြက္ အခက္အခဲမရွိဘူး”လုိ႔ သူရဦးေရႊမန္းကေၿပာပါတယ္။
ၿပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနနဲ႔ ေနရာတစ္ခုတည္း၊ ဧရိယာတစ္ခုတည္းကုိ စည္းရံုးဖုိ႔ စဥ္းစားထားတာမဟုတ္ဘဲ လက္ရွိအခ်ိန္မွာ တစ္နုိင္ငံလံုးရဲ့ ေအာင္နုိင္ေရးကုိ အဓိကထားၿပီး  စဥ္းစားထားတယ္လို႔ ေၿပာပါတယ္။
ဒါေပမယ့္ ေနာက္ထပ္ ရက္ေပါင္း ၂၀ ေလာက္မွာ ဘယ္ေနရာက UBPပါတီအတြက္ ပုိၿပီးေအာင္နုိင္ေခ်ရွိလဲဆုိတာ ေပၚလာမွာၿဖစ္ၿပီး အဲ့ဒီအခ်ိန္မွာ ေအာင္နုိင္ေခ်မ်ားတဲ့ေနရာေတြကုိ ဆက္လက္ၿပီး ေဆာင္ရြက္သြားမယ္လုိ႔ သူရဦးေရႊမန္းက ေၿပာခဲ့ပါတယ္။
ပါတီအေနနဲ႔ ၿပည္သူ႔အတြက္ ကတိကဝတ္ ၁၂ ခ်က္ေပးထားၿပီး အဲ့ဒီ ကတိကဝတ္ ၁၂ ခ်က္ကုိလည္း ဖတ္ၿပခဲ့ပါတယ္။
ကတိၿပဳခ်က္ေတြထဲမွာ တိုင္းရင္းသားအေရး၊ ေတာင္သူလယ္သမားေတြနဲ႔ စိုက္ပ်ိဳးသမားေတြအေရး၊ အလုပ္သမား၊ အလုပ္ရွင္အေရး၊ နုိင္ငံ့ဝန္ထမ္း၊ ၿပည္သူ႔ဝန္ထမ္း၊ အၿငိမ္းစားဝန္ထမ္း၊ သက္ၾကီးရြယ္အို၊ ကုိယ္ဝန္ေဆာင္နဲ႔ မသန္စြမ္းသူေတြအေရး၊ ေၿမယာၿပႆနာေတြ၊ အခြန္အခေတြ၊ တရားဥပေဒစိုးမိုးေရး၊ ဖြဲ႔စည္း ပံုအေၿခခံဥပေဒနဲ႔ ၿပည္သူတစ္ရပ္လံုးရဲ့အေရးေတြပါဝင္ပါတယ္။
ၿပည္သူတစ္ရပ္လံုးအတြက္ေပးထားတဲ့ ကတိၿပဳခ်က္ထဲမွာ စားဝတ္ေနေရး၊ က်န္းမာေရး၊ ပညာေရး၊ အုိးပုိင္အိမ္ပုိင္ ေနထုိင္နုိင္ေရး၊ ကုိယ္ပုိင္ကားစီးနုိင္ေရး၊ အမ်ားၿပည္သူခရီးသြားလာမႈ ေခ်ာေမြ႔အဆင္ေၿပေရးတို႔ကုိ လက္ရွိ အေၿခအေနထက္သာလြန္ေကာင္းမြန္ေအာင္ေဆာင္ရြက္ေပးသြားမယ္လုိ႔လည္း ေျပာပါတယ္။
ဒါ့အၿပင္ အခ်ိန္ကာလ ၂ ႏွစ္အတြင္းမွာ အလုပ္သမားေတြရဲ႔ တစ္ရက္လုပ္ခႏႈန္း တစ္ေသာင္းရရွိဖို႔၊ နုိင္ငံ့ဝန္ထမ္းအားလံုး လက္ရွိလစာႏႈန္းထက္ အနည္းဆံုး ၂ ဆ ရၿပီး အနိမ့္ဆံုးနုိင္ငံ့ဝန္ထမ္းလစာ က်ပ္ သံုးသိန္းရေအာင္ သတ္မွတ္ေပးမယ္လို႔လည္း ေျပာပါတယ္။
ရပ္ကြက္/ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမႈေတြရဲ့ လစဥ္ခ်ီးၿမွင့္စရိတ္ကုိ အနည္းဆံုး ၄ သိန္း ခံစားရရွိေရးနဲ႔ အၿငိမ္းစားဝန္ထမ္းေတြ ပင္စင္တုိးၿမွင့္ေရး၊ သက္ၾကီးရြယ္အုိ၊ ကုိယ္ဝန္ေဆာင္နဲ႔ မသန္စြမ္းသူေတြ ေထာက္ပံ့့ေၾကးေတြ တုိးၿမွင့္ေပးမယ့္အၿပင္ ေၿမယာၿပႆနာေတြကုိလည္း တစ္ႏွစ္အတြင္း ၿပီးၿပတ္ေအာင္ ေဆာင္ရြက္ေပးသြားမယ္လုိ႔ ေျပာပါတယ္။
သူရဦးေရႊမန္းအေနနဲ႕ ၿပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရဲ့ ေဆာင္ရြက္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ေရြးေကာက္ပြဲေကာ္မရွင္ဟာ သီလ၊ သမာဓိ၊ သိကၡာနဲ႔ၿပည့္စံုတဲ့ အဖြဲ႔အစည္းမ်ိဳးသားၿဖစ္ရမယ္လုိ႔ ေျပာပါတယ္။
အခု အတုိက္အခံပါတီတစ္ခုၿဖစ္တဲ့ UBP အေနနဲ႔ ၿပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရဲ့ လုပ္ရပ္ေတြအေပၚ ေၿပာစရာမရွိေပမယ့္ ရလဒ္နဲ႔ လုပ္ရပ္က အဲ့ဒီအဖြဲ႔အစည္း၊ အဲ့ဒီပုဂၢိဳလ္ေတြရဲ့ ေစတနာနဲ႔ အရည္အခ်င္းကို ေဖာ္ၿပသြားမွာၿဖစ္တဲ့အတြက္ ေစာင့္ၾကည့္ပါလုိ႔ သူရဦးေရႊမန္းက ေၿပာခဲ့တာျဖစ္ပါတယ္။
Photo – UBP Party
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW