မုံရွာမြို့ပေါ်မှာ တစ်ညတည်း နေရာ ၅ ခုမှာ အကြမ်းဖက်လုယက်မှုဖြစ်

မုံရွာမြို့ပေါ်မှာ တစ်ညတည်း နေရာ ၅ ခုမှာ အကြမ်းဖက်လုယက်မှုဖြစ်

မုံရွာ ၊ စက်တင်ဘာ ၈ – ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မနေ့ည (စက်တင်ဘာ ၇) တစ်ညတည်း အကြမ်းဖက်လုယက်ခံရတဲ့ ဖြစ်စဉ် နေရာ ၅ခုမှာဖြစ်ခဲ့တယ်လို့ အကြမ်းဖက်လုယက်သူတွေရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတဲ့ ကာယကံရှင်တွေဆီကနေ သိရပါတယ်။

“ ညက ၁၀ နာရီခွဲ အချိန်ဖြစ်မယ်၊ ကန်သာယာ ဝင်းယူနတီမှာ တစ်ကြိမ် ၊ သာစည်လမ်း ပညာရေးကောလိပ်ကျောင်းနားမှာ တစ်ကြိမ် ၊ နန္ဒဝန်ရပ်ကွက်ထဲက စည်သူလမ်းနဲ့ တိုင်းရင်းဆေးရုံ လမ်းဆုံ AK ကေတီဗီ ဆိုင်ရဲ့တောင်ဘက်မှာ တစ်ကြိမ် ၊ နောက်နေရာ နှစ်ခုက လူနာတွေကို မေးလို့မရသေးဘူး ၊ အကြမ်းဖက် လုသူတွေက ဆိုင်ကယ် နှစ်စီး လူခြောက်ယောက်၊ အသက်ကြီးသူက နှစ်ယောက်ပါတယ်၊ ကျန်တဲ့သူတွေက တကယ့်ကို အသက်ငယ်ငယ်လေးတွေဖြစ်တယ် ၊ လုတဲ့ဆိုင်ကယ်နှစ်စီးက ဘယ်တစ်စီး၊ ညာတစ်စီး ဝင်လာပြီး အရင်ဆုံး ဓားနဲ့ လှမ်းခုတ်တယ် ၊ အဲ့ဒါကိုရှောင်လိုက်တဲ့အချိန်မှာ ဘေးကတစ်စီးက ဂေါ်ပြားလို တုတ်နဲ့လှမ်းရိုက်တယ် ၊ ဆိုင်ကယ်အရှိန်ပျက်သွားတာနဲ့ သူတို့က ဝိုင်းရိုက်တယ် ၊ ဓားနဲ့ ထိုးတယ် ၊ ခုတ်လဲခုတ်တယ် ၊ ပိုက်ဆံနဲ့ ဖုန်းပါသွားတယ် ”လို့ AK ကေတီဗီ ဆိုင်ရဲ့ တောင်ဘက်နေရာ အနီးမှာ လုယက်ခံရသူ ကာယကံရှင်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ အကြမ်းဖက် လုယက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ညတွင်းချင်း အဖွဲ့ခွဲပြီး အကြမ်းဖက် လုယက်သူတွေကို ခြေရာခံကာ လိုက်လံဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။

“ ဒီမနက် စောစောပိုင်း ၂ နာရီလောက်မှာ အဲ့ဒီ လုယက်တဲ့ တရားခံ ၅ ယောက်ကို ဖမ်းမိတယ် ၊ လုတဲ့နေရာမှာ အသုံးပြုတဲ့ တုတ်တွေ၊ ဓားတွေ၊ ပစ္စည်းတွေ သိမ်းထားပြီးပြီ ၊ ဖုန်း ၅ လုံးလည်းပါတယ် ၊ မုံရွာနယ်မြေရဲစခန်းက နယ်ထိန်း ဒုရဲအုပ် ကျော်ထက်နဲ့အဖွဲ့က မိတာဖြစ်တယ် ၊ လုရာပါပစ္စည်းဖြစ်တဲ့ ပိုက်ဆံ သုံးသိန်းကို အခုပဲ သွားသိမ်းနေကြတယ်”လို့ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်က ပြောပါတယ်။

အကြမ်းဖက်လုယက်ခံရလို့ ထိခိုက်ဒဏ်ရာရတဲ့ လူနာစာရင်းကို မုံရွာပြည်သူ့ဆေးရုံကြီးက မှုခင်းဆေးစာ(ရဲ)ဌာနက အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ တရားဝင် ထုတ်ဖော်တာ မရှိပေမယ့် နစ်နာသူ ကာယကံရှင်တွေရဲ့ ပြောပြချက်အရ ဒဏ်ရာရရှိသူ ငါးယောက်ထက်မနည်းရှိပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကစလို့ မုံရွာမြို့ပေါ်မှာ အများပြည်သူ အထိတ်တလန့်မှုတွေ ဖြစ်ပေါ်လာရင် ချက်ချင်းဆောင်ရွက်နိုင်ဖို့အတွက် ရဲလုံခြုံရေး တိုးမြင့်ချထားတာဖြစ်တဲ့အတွက် မုံရွာမြို့ပေါ်မှာ တစ်ညတည်း နေရာ ၅ခုမှာ အုပ်စုဖွဲ့ အကြမ်းဖက် လုယက်သူတွေကို ဖမ်းဆီးနိုင်တာဖြစ်တယ်လို့လည်း မုံရွာမြို့မရဲစခန်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

မံုရြာျမိဳ႕ေပၚမွာ တစ္ညတည္း ေနရာ ၅ ခုမွာ အၾကမ္းဖက္လုယက္မႈျဖစ္

မံုရြာ ၊ စက္တင္ဘာ ၈ – ၂၀၂၀
ကိုတိုးၾကီး (VOM)

စစ္ကိုင္းတို္င္း၊ မံုရြာျမိဳ႕မွာ မေန႔ည (စက္တင္ဘာ ၇) တစ္ညတည္း အၾကမ္းဖက္လုယက္ခံရတဲ႔ ျဖစ္စဥ္ ေနရာ ၅ခုမွာျဖစ္ခဲ့တယ္လို႔ အၾကမ္းဖက္လုယက္သူေတြရဲ႕ တိုက္ခိုက္တာကို ခံလိုက္ရတဲ႔ ကာယကံရွင္ေတြဆီကေန သိရပါတယ္။

“ ညက ၁၀ နာရီခြဲ အခ်ိန္ျဖစ္မယ္၊ ကန္သာယာ ၀င္းယူနတီမွာ တစ္ၾကိမ္ ၊ သာစည္လမ္း ပညာေရးေကာလိပ္ေက်ာင္းနားမွာ တစ္ၾကိမ္ ၊ နႏၵ၀န္ရပ္ကြက္ထဲက စည္သူလမ္းနဲ႔ တိုင္းရင္းေဆးရံု လမ္းဆံု AK ေကတီဗီ ဆိုင္ရဲ႕ေတာင္ဘက္မွာ တစ္ၾကိမ္ ၊ ေနာက္ေနရာ ႏွစ္ခုက လူနာေတြကို ေမးလို႔မရေသးဘူး ၊ အၾကမ္းဖက္ လုသူေတြက ဆိုင္ကယ္ ႏွစ္စီး လူေျခာက္ေယာက္၊ အသက္ၾကီးသူက ႏွစ္ေယာက္ပါတယ္၊ က်န္တဲ႔သူေတြက တကယ္႔ကို အသက္ငယ္ငယ္ေလးေတြျဖစ္တယ္ ၊ လုတဲ႔ဆိုင္ကယ္ႏွစ္စီးက ဘယ္တစ္စီး၊ ညာတစ္စီး ၀င္လာျပီး အရင္ဆံုး ဓားနဲ႔ လွမ္းခုတ္တယ္ ၊ အဲ႔ဒါကိုေရွာင္လိုက္တဲ႔အခ်ိန္မွာ ေဘးကတစ္စီးက ေဂၚျပားလို တုတ္နဲ႔လွမ္းရိုက္တယ္ ၊ ဆိုင္ကယ္အရွိန္ပ်က္သြားတာနဲ႔ သူတို႔က ၀ိုင္းရိုက္တယ္ ၊ ဓားနဲ႔ ထိုးတယ္ ၊ ခုတ္လဲခုတ္တယ္ ၊ ပိုက္ဆံနဲ႔ ဖုန္းပါသြားတယ္ ”လို႔ AK ေကတီဗီ ဆိုင္ရဲ႕ ေတာင္ဘက္ေနရာ အနီးမွာ လုယက္ခံရသူ ကာယကံရွင္တစ္ဦးက ေျပာပါတယ္။

အဲ႔ဒီ အၾကမ္းဖက္ လုယက္မႈျဖစ္စဥ္နဲ႔ ပတ္သက္လို႔ စစ္ကိုင္းတိုင္း ရဲတပ္ဖြဲ႔မွဴး ကိုယ္တိုင္ ညတြင္းခ်င္း အဖြဲ႔ခြဲျပီး အၾကမ္းဖက္ လုယက္သူေတြကို ေျခရာခံကာ လိုက္လံဖမ္းဆီးခဲ႔တယ္လို႔လည္း သိရပါတယ္။

“ ဒီမနက္ ေစာေစာပိုင္း ၂ နာရီေလာက္မွာ အဲ႔ဒီ လုယက္တဲ႔ တရားခံ ၅ ေယာက္ကို ဖမ္းမိတယ္ ၊ လုတဲ႔ေနရာမွာ အသံုးျပဳတဲ႔ တုတ္ေတြ၊ ဓားေတြ၊ ပစၥည္းေတြ သိမ္းထားျပီးျပီ ၊ ဖုန္း ၅ လံုးလည္းပါတယ္ ၊ မံုရြာနယ္ေျမရဲစခန္းက နယ္ထိန္း ဒုရဲအုပ္ ေက်ာ္ထက္နဲ႔အဖြဲ႔က မိတာျဖစ္တယ္ ၊ လုရာပါပစၥည္းျဖစ္တဲ႔ ပိုက္ဆံ သံုးသိန္းကို အခုပဲ သြားသိမ္းေနၾကတယ္”လို႔ မံုရြာခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးၾကီး ေသာင္းညႊန္႔က ေျပာပါတယ္။

အၾကမ္းဖက္လုယက္ခံရလို႔ ထိခိုက္ဒဏ္ရာရတဲ႔ လူနာစာရင္းကို မံုရြာျပည္သူ႕ေဆးရံုၾကီးက မႈခင္းေဆးစာ(ရဲ)ဌာနက အေရအတြက္ ဘယ္ေလာက္ရွိတယ္ဆိုတာ တရား၀င္ ထုတ္ေဖာ္တာ မရွိေပမယ္႔ နစ္နာသူ ကာယကံရွင္ေတြရဲ႕ ေျပာျပခ်က္အရ ဒဏ္ရာရရွိသူ ငါးေယာက္ထက္မနည္းရွိျပီး ေဆးကုသမႈခံယူေနရတယ္လို႔ သိရပါတယ္။

စက္တင္ဘာ ၁ ရက္ကစလို႔ မံုရြာျမိဳ႕ေပၚမွာ အမ်ားျပည္သူ အထိတ္တလန္႔မႈေတြ ျဖစ္ေပၚလာရင္ ခ်က္ခ်င္းေဆာင္ရြက္ႏိုင္ဖို႔အတြက္ ရဲလံုျခံဳေရး တိုးျမင္႔ခ်ထားတာျဖစ္တဲ့အတြက္ မံုရြာျမိဳ႕ေပၚမွာ တစ္ညတည္း ေနရာ ၅ခုမွာ အုပ္စုဖြဲ႔ အၾကမ္းဖက္ လုယက္သူေတြကို ဖမ္းဆီးနိုင္တာျဖစ္တယ္လို႔လည္း မံုရြာၿမိဳ႔မရဲစခန္းကေန သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW