ပါတီမိတ်ဆက် (SNLD-ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)

ပါတီမိတ်ဆက် (SNLD-ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)

ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်ပြည်ထောင်စုဆီသို့

မန္တလေး၊ စက်တင်ဘာ ၉-၂၀၂၀
ရှိုင်းအောင်(VOM)

မြန်မာပြည်မှာ အစိုးရဖွဲ့နိုင်တဲ့ပါတီက NLD နဲ့ USDP ပဲရှိမယ်ဆိုရင် ကျွန်တော်တို့အားလုံးမျှော်မှန်းတဲ့ ပြည်ထောင်စုဆိုတာ ဖြစ်လာနိုင်စရာအကြောင်းမရှိတော့ဘူးလို့ SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က VOM ကို ပြောပါတယ်။

UEC ရဲ့ကန့်သက်ချက်တွေရှိနေပြီးတော့ ကျန်းမာရေးဆိုင်ရာ ကန့်သက်ချက်တွေရှိနေတဲ့အတွက် လူထုကြားမှာ ကိုယ်တိုင်ကိုယ်ကျဆင်းပြီး သတင်းစကားမပါးနိုင်တာကြောင့် Onlineကနေ ကမ်ပိန်းတွေလုပ်နေတာလည်း ဖြစ်ပါတယ်။

” စက်တင်ဘာလ ၈ ရက်နေ့ကစပြီး Profile ကမ်ပိန်းတွေလုပ်နေတယ်၊ Sticker ကမ်ပိန်းလုပ်မယ်၊ ပါတီသီချင်းတွေကို Online ကနေဖြန့်မယ် နောက်ပိုင်းမှာတော့ ပိုစတာကမ်ပိန်းနဲ့ ဘေလ်ဘုတ်ထောင်တာမျိုးတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်” လို့ SNLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က VOM ကို ပြောပါတယ်။

SNLD ပါတီအနေနဲ့ ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၃၇ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၃၂)ဦး ရွေးကောက်ပွဲကော်မရှင်ကို စာရင်းပေးသွင်းထားတာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့ တိုင်းရင်းသားမဲဆန္ဒနယ် မှာ ၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ဦး၊ ပြည်သူ့လွှတ်တော်အတွက် ၃၈ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၇၉ ဦးနဲ့ မြို့နယ်ပေါင်း (၄၅) မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

SNLD ပါတီဟာ ၂၀၁၅ ခုနှစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ် (၁၄၉) နေရာ၊ မြို့နယ်ပေါင်း (၄၈)မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၄၉) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် (၄၆) ဦး အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #SNLDပါတီ

Zawgyi

ပါတီမိတ္ဆက္ (SNLD-ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္)

ၿငိမ္းခ်မ္းေရးမွသည္ ဖက္ဒရယ္ျပည္ေထာင္စုဆီသို႔

မႏၲေလး၊ စက္တင္ဘာ ၉-၂၀၂၀
ရႈိင္းေအာင္(VOM)

ျမန္မာျပည္မွာ အစိုးရဖြဲ႕ႏိုင္တဲ့ပါတီက NLD နဲ႔ USDP ပဲရွိမယ္ဆိုရင္ ကြၽန္ေတာ္တို႔အားလုံးေမွ်ာ္မွန္းတဲ့ ျပည္ေထာင္စုဆိုတာ ျဖစ္လာႏိုင္စရာအေၾကာင္းမရွိေတာ့ဘူးလို႔ SNLD ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းလိတ္ က VOM ကို ေျပာပါတယ္။

UEC ရဲ႕ကန႔္သက္ခ်က္ေတြရွိေနၿပီးေတာ့ က်န္းမာေရးဆိုင္ရာ ကန႔္သက္ခ်က္ေတြရွိေနတဲ့အတြက္ လူထုၾကားမွာ ကိုယ္တိုင္ကိုယ္က်ဆင္းၿပီး သတင္းစကားမပါးႏိုင္တာေၾကာင့္ Onlineကေန ကမ္ပိန္းေတြလုပ္ေနတာလည္း ျဖစ္ပါတယ္။

” စက္တင္ဘာလ ၈ ရက္ေန႔ကစၿပီး Profile ကမ္ပိန္းေတြလုပ္ေနတယ္၊ Sticker ကမ္ပိန္းလုပ္မယ္၊ ပါတီသီခ်င္းေတြကို Online ကေနျဖန႔္မယ္ ေနာက္ပိုင္းမွာေတာ့ ပိုစတာကမ္ပိန္းနဲ႔ ေဘလ္ဘုတ္ေထာင္တာမ်ိဳးေတြ ဆက္လုပ္သြားဖို႔ အစီအစဥ္ရွိတယ္” လို႔ SNLD ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းလိတ္ က VOM ကို ေျပာပါတယ္။

SNLD ပါတီအေနနဲ႔ ၂၀၂၀ ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမ်ိဳးသား ၉၅ ဦး၊ အမ်ိဳးသမီး ၃၇ ဦး စုစုေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း (၁၃၂)ဦး ေ႐ြးေကာက္ပြဲေကာ္မရွင္ကို စာရင္းေပးသြင္းထားတာျဖစ္ပါတယ္။

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကေတာ့ တိုင္းရင္းသားမဲဆႏၵနယ္ မွာ ၃ ဦး၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ၁၂ ဦး၊ ျပည္သူ႔လႊတ္ေတာ္အတြက္ ၃၈ ဦး၊ ျပည္နယ္လႊတ္ေတာ္အတြက္ ၇၉ ဦးနဲ႔ ၿမိဳ႕နယ္ေပါင္း (၄၅) ၿမိဳ႕နယ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

SNLD ပါတီဟာ ၂၀၁၅ ခုႏွစ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ မဲဆႏၵနယ္ (၁၄၉) ေနရာ၊ ျမိဳ႕နယ္ေပါင္း (၄၈)ၿမိဳ႕နယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း (၁၄၉) ဦးဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ စုစုေပါင္းလႊတ္ေတာ္ကိုယ္စားလွယ္ (၄၆) ဦး အႏိ္ုင္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #SNLDပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW