သင်္ဃန်းကျွန်းမြို့နယ်တစ်ခုလုံး လော့ခ်ဒေါင်းချဖို့အစီအစဉ်မရှိ

သင်္ဃန်းကျွန်းမြို့နယ်တစ်ခုလုံး လော့ခ်ဒေါင်းချဖို့အစီအစဉ်မရှိ

ရန်ကုန်၊ စက်တင်ဘာ ၉-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ အများဆုံးတွေ့ခဲ့တဲ့ Music Zone နဲ့ ၂၉ ရပ်ကွက်ကိုသာ လောခ့်ဒေါင်းပြုလုပ်သွားမှာဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်တစ်ခုလုံးကို လောခ့်ဒေါင်းချဖို့အစီအစဉ်မရှိဘူးလို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။

” Music Zone က ကျွန်မတို့ကျန်းမာရေးဦးစီးဌာနကို စာရင်ပေးထားတာ ၁၀၀ ကျော်ပါ ။ ဒီမနက်ပဲ အဲ့ဒီ ၁၀၀ ကျော်ထဲက ၇၃ ယောက်ထွက်တာပါ ။ အပြင်မှာကြားနေရတဲ့ ၃၀၀၊ ၄၀၀ လောက်ရှိတယ်ဆိုတာ မဟုတ်ပါဘူး”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်စန်းစန်းမြက VOM ကိုပြောပါတယ်။

ဒါ့အပြင် ရောဂါပိုးဆက်လက်ပြန့်ပွားတာမရှိစေဖို့အတွက် လူစုလူဝေးရှိတဲ့နေရာတွေမသွားဖို ၊ Home Stay အနေနဲ့ အပြင်ကိုမထွက်ဘဲ အိမ်ထဲမှာ အချိန် ၂ ပတ်လောက်နေပေးဖို့လိုတယ်လို့ ဒေါ်စန်းစန်းမြင့်ကပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi


ယဉ်ပပထွန်း(VOM)





Related posts

Leave a Comment

VOM News

FREE
VIEW