အာဖဂန်ဒုသမ္မတကို ဗုံးခွဲလုပ်ကြံဖို့ကြိုးစား၊ လူ ၆ဦးသေဆုံး

အာဖဂန်ဒုသမ္မတကို ဗုံးခွဲလုပ်ကြံဖို့ကြိုးစား၊ လူ ၆ဦးသေဆုံး

ကဘူး၊ စက်တင်ဘာ-၉-၂၀၂၀
မျိုးဆက် (VOM)

အာဖဂန်ဒုတိယသမ္မတ အမ်ရူလာဆာလက်ကို အဓိကပစ်မှတ်ထားပြီး မြို့တော်ကဘူးမှာ စက်တင်ဘာ ၉ ရက်က လမ်းဘေးဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒုသမ္မတကတော့ အသက်ဘေးကလွတ်မြောက်သွားတယ်လို့ ဒုသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ ဒုသမ္မတ လွတ်မြောက်သွားပေမယ့် လူခြောက်ဦးသေဆုံးခဲ့ပါတယ်။

အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွ့ဲတို့အကြား ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကာတာနိုင်ငံ၊ မြို့တော်ဒိုဟာမှာမကျင်းပမီ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ တာလီဘန်အဖွဲ့က ငြင်းဆိုထားပါတယ်။

ဒီကနေ့မှာတော့ အာဖဂန်ရဲ့ရန်သူတော်တွေဟာ ဒုသမ္မတ ဆာလက်ကို နောက်တစ်ကြိမ်လုပ်ကြံဖို့ကြိုးစားကြပေမယ့် သူတို့ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်မအောင်မြင်ဘဲ ဒုသမ္မတလွတ်မြောက်ခဲ့ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ရက်ဇ်ဝန်မာရက်ကပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုဟာ ဒုသမ္မတဆာလက်ရဲ့ ယာဉ်တန်းကို အဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး သက်တော်စောင့်အချို့ ဒါဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် မျက်နှာမှာ အသေးစားမီးလောင်ဒါဏ်ရာတွေနဲ့ လက်တွေထိခိုက်သွားတယ်လို့ ဒုသမ္မတက လူမှုကွန်ရက်မှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ တာလီဘန်တိုက်ခိုက်ရေးသမားတွေ လုံးဝပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ တာလီဘန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မူဂျာဟစ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ကဘူး

Zawgyi

အာဖဂန္ဒုသမၼတကို ဗံုးခြဲလုပ္ၾကံဖို႔ၾကိဳးစား၊ လူ ၆ဦးေသဆံုး

ကဘူး၊ စက္တင္ဘာ-၉-၂၀၂၀
မ်ိဳးဆက္ (VOM)

အာဖဂန္ဒုတိယသမၼတ အမ္ရူလာဆာလက္ကို အဓိကပစ္မွတ္ထားျပီး ျမိဳ႕ေတာ္ကဘူးမွာ စက္တင္ဘာ ၉ ရက္က လမ္းေဘးဗံုးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ႔ျပီး ဒုသမၼတကေတာ႔ အသက္ေဘးကလြတ္ေျမာက္သြားတယ္လို႔ ဒုသမၼတရဲ႔ ေျပာေရးဆိုခြင္႔ရိွသူကေျပာပါတယ္။

အဲ့ဒီတိုက္ခိုက္မႈမွာ ဒုသမၼတ လြတ္ေျမာက္သြားေပမယ္႔ လူေျခာက္ဦးေသဆံုးခဲ႔ပါတယ္။

အာဖဂန္အစိုးရနဲ႔ တာလီဘန္အဖြ႔ဲတို႔အၾကား ကာလရွည္ၾကာေစာင္႔ဆိုင္းခဲ႔ရတဲ႔ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို ကာတာနုိင္ငံ၊ ျမိဳ႕ေတာ္ဒိုဟာမွာမက်င္းပမီ ျဖစ္ပြားခဲ႔တဲ႔ အဲ့ဒီတိုက္ခိုက္မႈမွာ ပါ၀င္ပတ္သက္ျခင္းမရိွဘူးလို႔ တာလီဘန္အဖြဲ႔က ျငင္းဆိုထားပါတယ္။

ဒီကေန႔မွာေတာ႔ အာဖဂန္ရဲ႕ရန္သူေတာ္ေတြဟာ ဒုသမၼတ ဆာလက္ကို ေနာက္တစ္ၾကိမ္လုပ္ၾကံဖို႔ၾကိဳးစားၾကေပမယ္႔ သူတို႔ရဲ႕ မေကာင္းတဲ႔ရည္ရြယ္ခ်က္မေအာင္ျမင္ဘဲ ဒုသမၼတလြတ္ေျမာက္ခဲ႔ပါတယ္လို႔ ေျပာေရးဆိုခြင္႔ရိွသူ ရက္ဇ္၀န္မာရက္ကေျပာပါတယ္။

ဗံုးခြဲတိုက္ခိုက္မႈဟာ ဒုသမၼတဆာလက္ရဲ႕ ယာဥ္တန္းကို အဓိကထားတိုက္ခိုက္ခဲ႔တာျဖစ္ျပီး သက္ေတာ္ေစာင္႔အခ်ိဳ႕ ဒါဏ္ရာရရိွခဲ႔တယ္လို႔ ေျပာပါတယ္။

တိုက္ခိုက္မႈေၾကာင္႔ မ်က္နွာမွာ အေသးစားမီးေလာင္ဒါဏ္ရာေတြနဲ႔ လက္ေတြထိခိုက္သြားတယ္လို႔ ဒုသမၼတက လူမႈကြန္ရက္မွာ ေျပာပါတယ္။

ဒီတိုက္ခို္က္မႈမွာ တာလီဘန္တိုက္ခိုက္ေရးသမားေတြ လံုး၀ပါ၀င္ပတ္သက္ျခင္းမရိွဘူးလို႔ တာလီဘန္အဖြဲ႔ေျပာေရးဆိုခြင္႔ရိွသူ မူဂ်ာဟစ္က ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW