သင်္ဃန်းကျွန်းက ပိုးတွေ့လူနာအသစ် ၇၃ ဦးမှာ Music Zoneက ၇၂ ဦးပါဝင်

သင်္ဃန်းကျွန်းက ပိုးတွေ့လူနာအသစ် ၇၃ ဦးမှာ Music Zoneက ၇၂ ဦးပါဝင်

ရန်ကုန်၊ စက်တင်ဘာ ၉-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၃ ဦး စံချိန်တင် တွေ့ရှိခဲ့တာကို ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မနက်ပိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီလူနာသစ်တွေထဲက လူနာ ၇၂ ဦးဟာ Music Zoneစားသောက်ဆိုင်ကဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

“ဒီနေ့မနက်ထုတ်ပြန်တဲ့ သင်္ဃန်းကျွန်းက လူနာစာရင်းမှာ ၇၂ ဦးက Music zone ကဖြစ်တယ်။ ဆိုင်ကိုတော့ လော့ဒေါင်း ချထားတယ်။ အားလုံးကိုလည်း swab ယူထားတယ်။ အဖြေထွက်တာနဲ့မထွက်တာဘဲ ရှိတယ်။ ပိုးတွေ့လူနာအားလုံး ၈၆ ယောက်ရှိပြီ။”လို့ ဦးမောင်မောင်ဦးကပြောပါတယ်။

အခုပိုးတွေ့လူနာ အကုန်လုံးဟာ Music Zone မှာ ကွာရန်တင်းထည့်ထားပြီး အသွားအလာကန့်သတ် စောင့်ကြည့်ထားသူတွေဖြစ်တဲ့အပြင် ကိုဗစ်အတည်ပြုလူနာအမှတ်-၇၄၁ နဲ့ ထိတွေ့ ဆက်စပ်ထားသူတွေပဲဖြစ်ပါတယ်။

Music Zone ကတော့ စားသောက်ဆိုင်၊ စင်တင် ၊ KTV တွဲလျက်ဖွင့်ထားတဲ့ ဆိုင်တစ်ခုဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းမှာ ဖွင့်ထားတာဖြစ်ပါတယ်။

အဲ့ဒီဆိုင်မှာ ဝန်ထမ်း ၁၀၀ ကျော်ရှိပြီး စက်တင်ဘာလ ၃ ရက်နေ့ညပိုင်းက ဆိုင်ဝန်ထမ်း အမျိုးသမီး ၂ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ပြီးနောက်ပိုင်း ဆိုင်ကို လော့ဒေါင်းချပြီး ဝန်ထမ်းအားလုံးကို ဆိုင်အတွင်းမှာပဲ ကွာရန်တင်းထားစောင့်ကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo – Music Zone
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

သဃၤန္းကြၽန္းက ပိုးေတြ႔လူနာအသစ္ ၇၃ ဦးမွာ Music Zoneက ၇၂ ဦးပါဝင္

ရန္ကုန္၊ စက္တင္ဘာ ၉-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္ၿမိဳ႔၊ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ ၇၃ ဦး စံခ်ိန္တင္ ေတြ႔႐ွိခဲ့တာကို ဒီကေန႔ စက္တင္ဘာလ ၉ ရက္ေန႔မနက္ပိုင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲဲ႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဲဒီလူနာသစ္ေတြထဲက လူနာ ၇၂ ဦးဟာ Music Zoneစားေသာက္ဆိုင္ကျဖစ္တယ္လို႔ သဃၤန္းကၽြန္းၿမိဳ႕နယ္ တိုင္း​ေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

“ဒီေန႔မနက္ထုတ္ျပန္တဲ့ သဃၤန္းကြၽန္းက လူနာစာရင္းမွာ ၇၂ ဦးက Music zone ကျဖစ္တယ္။ ဆိုင္ကိုေတာ့ ေလာ့ေဒါင္း ခ်ထားတယ္။ အားလုံးကိုလည္း swab ယူထားတယ္။ အေျဖထြက္တာနဲ႔မထြက္တာဘဲ ႐ွိတယ္။ ပိုးေတြ႔လူနာအားလုံး ၈၆ ေယာက္႐ွိၿပီ။”လို႔ ဦးေမာင္ေမာင္ဦးကေျပာပါတယ္။

အခုပိုးေတြ႔လူနာ အကုန္လုံးဟာ Music Zone မွာ ကြာရန္တင္းထည့္ထားၿပီး အသြားအလာကန္႔သတ္ ေစာင့္ၾကည့္ထားသူေတြျဖစ္တဲ့အျပင္ ကိုဗစ္အတည္ျပဳလူနာအမွတ္-၇၄၁ နဲ႔ ထိေတြ့ ဆက္စပ္ထားသူေတြပဲျဖစ္ပါတယ္။

Music Zone ကေတာ့ စားေသာက္ဆိုင္၊ စင္တင္ ၊ KTV တြဲလ်က္ဖြင့္ထားတဲ့ ဆိုင္တစ္ခုျဖစ္ၿပီး သဃၤန္းကၽြန္းၿမိဳ့နယ္၊ သုမဂၤလာလမ္းမွာ ဖြင့္ထားတာျဖစ္ပါတယ္။

အဲ့ဒီဆိုင္မွာ ဝန္ထမ္း ၁၀၀ ေက်ာ္႐ွိၿပီး စက္တင္ဘာလ ၃ ရက္ေန႔ညပိုင္းက ဆိုင္ဝန္ထမ္း အမ်ိဳးသမီး ၂ ဦးမွာ ကိုဗစ္ေရာဂါပိုးေတြ႕ၿပီးေနာက္ပိုင္း ဆိုင္ကို ေလာ့ေဒါင္းခ်ၿပီး ဝန္ထမ္းအားလုံးကို ဆိုင္အတြင္းမွာပဲ ကြာရန္တင္းထားေစာင့္ၾကည့္ခဲ့တာလည္း ျဖစ္ပါတယ္။

Photo – Music Zone
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW