ချင်းပြည်နယ် စည်ပင်ဝန်ကြီးနဲ့အဖွဲ့ ကုလားတန်မြစ်ကိုဖြတ်ကူးချိန် AAအဖွဲ့က လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ချင်းပြည်နယ် စည်ပင်ဝန်ကြီးနဲ့အဖွဲ့ ကုလားတန်မြစ်ကိုဖြတ်ကူးချိန် AAအဖွဲ့က လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပလက်၀ ၊ စက်တင်ဘာ ၁၀-၂၀၂၀
ကိုတိုးကြီး(VOM)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ထဲက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ ရောက်ရှိနေတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်နဲ့အဖွဲ့ဟာ မနေ့စက်တင်ဘာ ၉ရက် ညနေပိုင်းက ကုလားတန်မြစ်ကို စက်လှေနဲ့ ဖြတ်ကူးနေချိန် အေအေအဖွဲ့ရဲ့ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးဖွေလ်အား က ပြောပါတယ် ။

“ ဦးစိုးထက်နဲ့အဖွဲ့ တိုက်ခိုက်ခံရတာ ဟုတ်တယ် ၊ ကုလားတန်မြစ်ထဲမှာပါ၊ သူတို့ စက်လှေနဲ့ ဖြတ်ကူးတဲ့အချိန်မှာ AAအဖွဲ့က လက်နက်နဲ့ ၁၀ ချက်ကျော် ပစ်တာဖြစ်တယ် ၊ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူး ၊ လုံခြုံရေးအရ အခြေအနေကို အသေးစိပ်ပြောပြလို့ မရသေးဘူး ၊AA ဘက်က ပစ်တယ်ဆိုတာ အတည်ပြုလို့ရပါတယ်”လို့ ဝန်ကြီး ဦးဖွေလ်အား က ပြောပါတယ် ။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း နယ်စပ်နေရာမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်လေ့ရှိပြီး ပြည်နယ်ဝန်ကြီး ဦးစိုးထက်နဲ့အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်တဲ့ဖြစ်စဉ်ဖြစ်ခဲ့တာကြောင့် ပလက်ဝဒေသ မှာ လုံခြုံရေးတိုးမြင့်ချထားပြီး တိုက်ခိုက်ခံရတဲ့ ပြည်နယ်ဝန်ကြီး အဖွဲ့လည်း ဘေးလွတ်ရာကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးစိုးထက်နှင့်အဖွဲ့ဟာ စက်တင်ဘာ ၈ ရက်နေ့က ပလက်ဝမြို့နယ်၊ ဆမီးမြို့က တိုက်ပွဲရှောင်စခန်းတွေကို သွားရောက်ပြီး တိုက်ပွဲရှောင်ပြည်သူတွေနဲ့ တွေ့ဆုံပြီး လိုအပ်ချက်တွေကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Phot – ဆမီးမြို့ တိုက်ပွဲရှောင်စခန်း
#voiceofmyanmar #VOM #ပလက်ဝ

Zawgyi

ခ်င္းျပည္နယ္ စည္ပင္၀န္ၾကီးနဲ႔အဖြဲ႔ ကုလားတန္ျမစ္ကိုျဖတ္ကူးခ်ိန္ AAအဖြဲ႔က လက္နက္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္

ပလက္၀ ၊ စက္တင္ဘာ ၁၀-၂၀၂၀
ကိုတိုးၾကီး(VOM)

ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ျမိဳ႕နယ္ထဲက ေက်းလက္ေဒသဖြံ႔ျဖိဳးေရးလုပ္ဖို႔ ေရာက္ရွိေနတဲ႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ၊ စည္ပင္သာယာေရး ၊ လွ်ပ္စစ္ႏွင္႔ စက္မႈလက္မႈ ၀န္ၾကီး ဦးစိုးထက္နဲ႔အဖြဲ႔ဟာ မေန႔စက္တင္ဘာ ၉ရက္ ညေနပိုင္းက ကုလားတန္ျမစ္ကို စက္ေလွနဲ႔ ျဖတ္ကူးေနခ်ိန္ ေအေအအဖြဲ႔ရဲ႔ လက္နက္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တာကို ခံခဲ႔ရတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ ၊ လူ၀င္မႈၾကီးၾကပ္ေရးႏွင္႔ လူ႔စြမ္းအားအရင္းအျမစ္ ၀န္ၾကီးဌာန ၀န္ၾကီး ဦးေဖြလ္အား က ေျပာပါတယ္ ။

“ ဦးစိုးထက္နဲ႔အဖြဲ႔ တိုက္ခိုက္ခံရတာ ဟုတ္တယ္ ၊ ကုလားတန္ျမစ္ထဲမွာပါ၊ သူတို႔ စက္ေလွနဲ႔ ျဖတ္ကူးတဲ႔အခ်ိန္မွာ AAအဖြဲ႔က လက္နက္နဲ႔ ၁၀ ခ်က္ေက်ာ္ ပစ္တာျဖစ္တယ္ ၊ ထိခိုက္ဒဏ္ရာရတာမ်ိဳးေတာ႔ မရွိဘူး ၊ လံုျခံဳေရးအရ အေျခအေနကို အေသးစိပ္ေျပာျပလို႔ မရေသးဘူး ၊AA ဘက္က ပစ္တယ္ဆိုတာ အတည္ျပဳလို႔ရပါတယ္”လို႔ ၀န္ၾကီး ဦးေဖြလ္အား က ေျပာပါတယ္ ။

ဒါ႔အျပင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းႏွင္႔ ခ်င္းျပည္နယ္ ေတာင္ပိုင္း နယ္စပ္ေနရာမွာ မၾကာခဏ တိုက္ပြဲေတြ ျဖစ္ေလ႔ရွိျပီး ျပည္နယ္၀န္ၾကီး ဦးစိုးထက္နဲ႔အဖြဲ႔ကို ပစ္ခတ္တိုက္ခိုက္တဲ့ျဖစ္စဥ္ျဖစ္ခဲ့တာေၾကာင့္ ပလက္၀ေဒသ မွာ လံုျခံဳေရးတိုးျမင္႔ခ်ထားျပီး တိုက္ခိုက္ခံရတဲ႔ ျပည္နယ္၀န္ၾကီး အဖြဲ႔လည္း ေဘးလြတ္ရာကို ေရာက္ရွိေနျပီျဖစ္တယ္လို႔ သိရပါတယ္။

၀န္ၾကီး ဦးစိုးထက္ႏွင္႔အဖြဲ႔ဟာ စက္တင္ဘာ ၈ ရက္ေန႔က ပလက္၀ျမိဳ႕နယ္၊ ဆမီးျမိဳ႕က တိုက္ပြဲေရွာင္စခန္းေတြကို သြားေရာက္ျပီး တိုက္ပြဲေရွာင္ျပည္သူေတြနဲ႔ ေတြ႔ဆံုျပီး လိုအပ္ခ်က္ေတြကို ညွိႏႈိင္းေဆာင္ရြက္ေပးခဲ႔တယ္လို႔လည္း သိရပါတယ္။

Phot – ဆမီးျမိဳ႕ တိုက္ပြဲေရွာင္စခန္း
#voiceofmyanmar #VOM #ပလက္ဝ

Related posts

Leave a Comment

VOM News

FREE
VIEW