ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ်

ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ်

Voice Of Myanmar

ရခိုင်ပြည်နယ်က မဲဆန္ဒနယ် ၁၇ ခုစလုံးမှာ အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးက လက်ကုန်ယှဉ်ပြိုင်ကြမှာမို့ ရှိတဲ့ ၃၄ နေရာလုံး လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားပါတယ်။

ဒေသခံ ရခိုင်အမျိုးသားပါတီကတော့ ၃၃နေရာပဲစာရင်းတင်သွင်းထားပြီး တနိုင်ငံလုံး ကိုယ်စားလှယ်အများဆုံးလျှောက်ထားတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ရခိုင်ပြည်နယ်မှာ ၅၁ နေရာပဲ လျာထားထားတာကိုတွေ့ရပါတယ်။

ကျန်တဲ့ ပါတီတွေကတော့ ရခိုင့်ဦးဆောင်ပါတီ ၄၂နေရာ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၂၆နေရာ ပြိုင်မှာဖြစ်ပြီး တခြားပါတီတွေကတော့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊မြိုအမျိုးသားဒီမိုကရေစီပါတီ ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ချင်းတိုင်းရင်းသားများပါတီနဲ့ တသီးပုဂ္ဂလ ၄၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၈၀ဦး ပြိုင်ကြမှာဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် အကုန်လုံး ရွေးကောက်ပွဲလုပ်မယ်လို့ကြေငြာထားပေမယ့် တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် နယ်မြေတည်ငြိမ်မှုအပေါ်မူတည်ပြီး အပြောင်းလဲရှိကောင်းရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

#voiceofmyanmar #VOM #ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

Zawgyi

ရခိုင္ျပည္နယ္မွာ ေဒသခံတိုင္းရင္းသားပါတီေတြထက္ ျပည္ခိုင္ၿဖိဳးနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လက္ရည္တူယွဥ္မယ္

Voice Of Myanmar

ရခိုင္ျပည္နယ္က မဲဆႏၵနယ္ ၁၇ ခုစလုံးမွာ အန္အယ္လ္ဒီနဲ႔ ျပည္ခိုင္ၿဖိဳးက လက္ကုန္ယွဥ္ၿပိဳင္ၾကမွာမို႔ ရွိတဲ့ ၃၄ ေနရာလုံး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းစာရင္းတင္သြင္းထားပါတယ္။

ေဒသခံ ရခိုင္အမ်ိဳးသားပါတီကေတာ့ ၃၃ေနရာပဲစာရင္းတင္သြင္းထားၿပီး တႏိုင္ငံလုံး ကိုယ္စားလွယ္အမ်ားဆုံးေလွ်ာက္ထားတဲ့ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီကေတာ့ ရခိုင္ျပည္နယ္မွာ ၅၁ ေနရာပဲ လ်ာထားထားတာကိုေတြ႕ရပါတယ္။

က်န္တဲ့ ပါတီေတြကေတာ့ ရခိုင့္ဦးေဆာင္ပါတီ ၄၂ေနရာ၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ၂၆ေနရာ ၿပိဳင္မွာျဖစ္ၿပီး တျခားပါတီေတြကေတာ့ ရခိုင္ျပည္နယ္အမ်ိဳးသားအင္အားစုပါတီ၊ ၿမိဳတိုင္းရင္းသားပါတီ၊ ဒိုင္းနက္လူမ်ိဳးမ်ားတိုးတက္ေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ၊ၿမိဳအမ်ိဳးသားဒီမိုကေရစီပါတီ ၊ ခမီအမ်ိဳးသားဖြံၿဖိဳးတိုးတက္ေရးပါတီ၊ ကမန္အမ်ိဳးသားတိုးတက္ေရးပါတီ၊ ဒီမိုကေရစီႏွင့္လူ႔အခြင့္အေရးပါတီ၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ အရႈိခ်င္းအမ်ိဳးသားပါတီ၊ ခ်င္းတိုင္းရင္းသားမ်ားပါတီနဲ႔ တသီးပုဂၢလ ၄၁ ဦး စုစုေပါင္း ကိုယ္စားလွယ္ ၃၈၀ဦး ၿပိဳင္ၾကမွာျဖစ္ပါတယ္။

လက္ရွိအေနအထားမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္က မဲဆႏၵနယ္ အကုန္လုံး ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ေၾကျငာထားေပမယ့္ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲေတြေၾကာင့္ နယ္ေျမတည္ၿငိမ္မႈအေပၚမူတည္ၿပီး အေျပာင္းလဲရွိေကာင္းရွိလာႏိုင္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ထားပါတယ္။

#voiceofmyanmar #VOM #ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္

Related posts

Leave a Comment

VOM News

FREE
VIEW