အော်ရီဂွန်ပြည်နယ် တောမီးလောင်မှု လူငါးသိန်းကျော် ဘေးလွတ်ရာထွက်ပြေး

အော်ရီဂွန်ပြည်နယ် တောမီးလောင်မှု လူငါးသိန်းကျော် ဘေးလွတ်ရာထွက်ပြေး

ကယ်လီဖိုးနီးယား၊ စက်တင်ဘာ ၁၁-၂၀၂၀
မျိုးဆက် (VOM)

ပစိဖိတ်အနောက်မြောက်ဒေသတစ်လျှောက်မှာ အကြီးအကျယ်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်က လူငါးသိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

ပုံမှန်မဟုတ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ လေပြင်းတွေတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းမှာ တောမီးလောင်ကျွမ်းမှု ဒါဇင်များစွာဖြစ်ပေါ်နေပြီး နောက်ဆုံးလောင်ကျွမ်းမှုတစ်ခုကတော့ ရှို့မီးလို့သံသယရှိနေပါတယ်။

တောမီးကြောင့် လူလေးဦးထက်မနည်းသေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့်လည်း သေဆုံးသူအရေအတွက် အတိအကျကို မသိရသေးဘူးလို့ အော်ရီဂွန်ပြည်နယ်အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းက ပြောပါတယ်။

လက်ရှိမှာတော့ အမေရိကန်နိုင်ငံအနောက်ပိုင်းက ပြည်နယ် ၁၂ ခုမှာ တောမီးလောင်ကျွမ်းမှု ၁၀၀ ကျော်ထိရှိနေပါတယ်။

အော်ရီဂွန်၊ ကယ်လီဖိုးနီးယားနဲ့ ဝါရှင်တန်ပြည်နယ်တွေမှာတော့ တစ်မြို့လုံး တောမီးလောင်သွားတဲ့ ဖြစ်စဉ်တွေရှိနေပြီး ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုတည်းမှာပဲ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

တောမီးလောင်ကျွမ်းမှုဟာ ၄ ဒသမ ၄ သန်းဧကထိရှိနေပြီး ဒီပမာဏဟာ ဘောလုံးကွင်း ၃ ဒဿမ ၃ သန်းနဲ့ ပျှမ်းမျှတူညီပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ကယ်လီဖိုးနီးယား

Zawgyi

ေအာ္ရီဂြန္ျပည္နယ္ ေတာမီးေလာင္မႈ လူငါးသိန္းေက်ာ္ ေဘးလြတ္ရာထြက္ေျပး

ကယ္လီဖိုးနီးယား၊ စက္တင္ဘာ ၁၁-၂၀၂၀
မ်ိဳးဆက္ (VOM)

ပစိဖိတ္အေနာက္ေျမာက္ေဒသတစ္ေလွ်ာက္မွာ အၾကီးအက်ယ္ေလာင္ကြ်မ္းေနတဲ႔ ေတာမီးေၾကာင္႔ အေမရိကန္နိုင္ငံ၊ ေအာ္ရီဂြန္ျပည္နယ္က လူငါးသိန္းေက်ာ္ ေဘးလြတ္ရာကို ထြက္ေျပးခဲ႔ရပါတယ္။

ပံုမွန္မဟုတ္တဲ႔ ပူျပင္းေျခာက္ေသြ႔တဲ႔ ေလျပင္းေတြတိုက္ခတ္မႈေၾကာင္႔ ျပည္နယ္အတြင္းမွာ ေတာမီးေလာင္ကြ်မ္းမႈ ဒါဇင္မ်ားစြာျဖစ္ေပၚေနျပီး ေနာက္ဆံုးေလာင္ကြ်မ္းမႈတစ္ခုကေတာ႔ ရိႈ႕မီးလို႔သံသယရွိေနပါတယ္။

ေတာမီးေၾကာင္႔ လူေလးဦးထက္မနည္းေသဆံုးသြားေၾကာင္း အတည္ျပဳနုိင္ခဲ႔ေပမယ့္လည္း ေသဆံုးသူအေရအတြက္ အတိအက်ကို မသိရေသးဘူးလို႔ ေအာ္ရီဂြန္ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ကိတ္ဘေရာင္းက ေျပာပါတယ္။

လက္ရိွမွာေတာ႔ အေမရိကန္နိုင္ငံအေနာက္ပိုင္းက ျပည္နယ္ ၁၂ ခုမွာ ေတာမီးေလာင္ကြ်မ္းမႈ ၁၀၀ ေက်ာ္ထိရွိေနပါတယ္။

ေအာ္ရီဂြန္၊ ကယ္လီဖိုးနီးယားနဲ႔ ၀ါရွင္တန္ျပည္နယ္ေတြမွာေတာ႔ တစ္ျမိဳ႔လံုး ေတာမီးေလာင္သြားတဲ႔ ျဖစ္စဥ္ေတြရိွေနျပီး ကယ္လီဖိုးနီးယားျပည္နယ္တစ္ခုတည္းမွာပဲ လူ ၁၀ ဦးထက္မနည္း ေသဆံုးခဲ႔ပါတယ္။

ေတာမီးေလာင္ကြ်မ္းမႈဟာ ၄ ဒသမ ၄ သန္းဧကထိရိွေနျပီး ဒီပမာဏဟာ ေဘာလံုးကြင္း ၃ ဒႆမ ၃ သန္းနဲ႔ ပွ်မ္းမွ်တူညီပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ကယ္လီဖိုးနီးယား

Related posts

Leave a Comment

VOM News

FREE
VIEW