မော်လမြိုင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကိုဗစ်ပိုးတွေ့ပြီးနောက် သင်တန်းအတူတက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄၀နီးပါး ကွာရန်တင်းထားရှိ

မော်လမြိုင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကိုဗစ်ပိုးတွေ့ပြီးနောက် သင်တန်းအတူတက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄၀နီးပါး ကွာရန်တင်းထားရှိ

နေပြည်တော်၊စက်တင်ဘာ ၁၂-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ထဲမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်း ရဲသင်တန်းအတူတက်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင် ၄၀နီးပါးကို သက်ဆိုင်ရာနယ်မြေအလိုက် ကွာရန်တင်းပြုလုပ်စောင့်ကြည့်ထားတယ်လို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

မော်လမြိုင်မှာကန့်သတ်ထားသူတွေထဲက ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၉ ဦးမှာ ကိုဗစ်‌ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအထဲက ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာပါ ရောဂါပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ မုဒုံမြို့နယ်၊ ကမာဝက်နယ်မြေရဲစခန်းက ရောဂါပိုးတွေ့လူနာ Case-1967နဲ့ ထိတွေ့မှုရှိခဲ့တာလည်း ဖြစ်ပါတယ်။

” ကနေ့ကွာရန်တင်း စဝင်နေရပြီ။ တစ်မြို့နယ် လေးယောက်လောက်နဲ့ မြို့နယ်အလိုက် ကွာရန်တင်း လုပ်ထားတယ်။ ရဲတပ်ဖွဲ့ဝင်နဲ့ သင်တန်းအတူတက်ပြီး မနေ့ကမှ သင်တန်းဆင်းသွားတာပါ”လို့ မွန်ပြည်နယ် ကျန်းမာရေးဦစီးဌာနမှ ဒု-ပြည်နယ်ဦးစီးအရာရှိ ဒေါက်တာဝတ်မှုံက ပြောပြပါတယ်။

COVID -19 ရောဂါပိုးကူးစက်ခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့အတူ ယင်းနဲ့ နောက်ထပ် ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း မော်လမြိုင်မှာ ရဲအထူးသင်တန်းတက်ရောက်နေစဉ် ကိုဗစ်ပိုးတွေ့
ခဲ့တာဖြစ်တယ်လို့ မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

မုဒုံမြို့နယ်မှာတွေ့ရှိခဲ့တဲ့ COVID-19 အတည်ပြုလူနာအမျိုးသားဟာ ကမာဝက်နယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် တစ်ဦးဖြစ်ပြီး ဩဂုတ်၂၆ ရက်နေ့မှာ ပြည်ပကနေပြန်လာသူတွေကို မြဝတီကနေ သွားရောက်ကြိုဆိုခဲ့ကာ ကြိုဆိုလာတဲ့ အမျိုးသမီးတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင်း စက်တင်ဘာ ၃ ရက်နေ့မှာ အသွားအလာကန့်သတ်ထားခဲ့တယ်လို့ မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” အခုတွေ့တဲ့ တပ်ကြပ်ကြီးက ကမာဝက်က ရဲဒုတပ်ကြပ်နဲ့ အတူနေတာ။ သူက မော်လမြိုင်ကို သင်တန်းသွားတာ ဩဂုတ် ၃၀ ရက်နေ့။ သူနဲ့နေတဲ့ ဒုတပ်ကြပ်ပိုးတွေ့တာ အခုလ ၉ ရက်မှ ။ စစ်ဆေးတာ နောက်ကျတာပြဿနာပါ”လို့ မုဒုံမြို့နယ် လူမှုကူညီရေးအဖွဲ့မှ ကိုဆန်းလင်းလင်းဦးက ပြောပါတယ်။

မွန်ပြည်နယ်ထဲမ‌ှာ စက်တင်ဘာလ ၁၁ရက်နေ့ညက ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၉ ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ကြပ်မတ်ကုသမှုပေးထားရပြီး သူတို့နဲ့ထိတွေ့ဆက်စက်သူတွေကို သက်ဆိုင်ရာနယ်မြေအ လိုက် စောင့်ကြည့်ကန့်သတ်ထားရကာ လက်ရှိမွန်ပြည်နယ်မြို့နယ်များမှာ ကိုဗစ်ပိုးတွေ့လူနာ ၄၉ ဦးထိ ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓါတ်ပုံ-ဘိုဘိုဝင်း
#voiceofmyanmar #VOM #မော်လမြိုင် #ရဲတပ်ဖွဲ့ဝင် #ကိုဗစ်ပိုးတွေ့

Zawgyi

ေမာ္လၿမိဳင္တြင္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ကိုဗစ္ပိုးေတြ႕ၿပီးေနာက္ သင္တန္းအတူတက္ခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ ၄၀နီးပါး ကြာရန္တင္းထားရွိ

ေနျပည္ေတာ္၊စက္တင္ဘာ ၁၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ထဲမွာ စက္တင္ဘာလ ၁၁ ရက္ေန႔က ရဲတပ္ဖြဲ႕ဝင္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ပိုင္း ရဲသင္တန္းအတူတက္ခဲ့ၾကတဲ့ တပ္ဖြဲ႕ဝင္ ၄၀နီးပါးကို သက္ဆိုင္ရာနယ္ေျမအလိုက္ ကြာရန္တင္းျပဳလုပ္ေစာင့္ၾကည့္ထားတယ္လို႔ မြန္ျပည္နယ္ က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

ေမာ္လၿမိဳင္မွာကန႔္သတ္ထားသူေတြထဲက ရဲတပ္ဖြဲ႕ဝင္တစ္ဦးအပါအဝင္ အမ်ိဳးသား၊ အမ်ိဳးသမီး ၁၉ ဦးမွာ ကိုဗစ္‌ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ၿပီး အဲ့ဒီအထဲက ရဲတပ္ဖြဲ႔ဝင္တစ္ဦးမွာပါ ေရာဂါပိုးေတြ႕ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီရဲတပ္ဖြဲ႔ဝင္တစ္ဦးဟာ မုဒုံၿမိဳ႕နယ္၊ ကမာဝက္နယ္ေျမရဲစခန္းက ေရာဂါပိုးေတြ႕လူနာ Case-1967နဲ႔ ထိေတြ႕မႈရွိခဲ့တာလည္း ျဖစ္ပါတယ္။

” ကေန႔ကြာရန္တင္း စဝင္ေနရၿပီ။ တစ္ၿမိဳ႕နယ္ ေလးေယာက္ေလာက္နဲ႔ ၿမိဳ႕နယ္အလိုက္ ကြာရန္တင္း လုပ္ထားတယ္။ ရဲတပ္ဖြဲ႕ဝင္နဲ႔ သင္တန္းအတူတက္ၿပီး မေန႔ကမွ သင္တန္းဆင္းသြားတာပါ”လို႔ မြန္ျပည္နယ္ က်န္းမာေရးဦစီးဌာနမွ ဒု-ျပည္နယ္ဦးစီးအရာရွိ ေဒါက္တာဝတ္မႈံက ေျပာျပပါတယ္။

COVID -19 ေရာဂါပိုးကူးစက္ခံထားရတဲ့ ရဲတပ္ဖြဲ႔ဝင္နဲ႔အတူ ယင္းနဲ႔ ေနာက္ထပ္ ရဲတပ္ဖြဲ႔ဝင္တစ္ဦးကလည္း ေမာ္လၿမိဳင္မွာ ရဲအထူးသင္တန္းတက္ေရာက္ေနစဥ္ ကိုဗစ္ပိုးေတြ႕
ခဲ့တာျဖစ္တယ္လို႔ မုဒုံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

မုဒုံၿမိဳ႕နယ္မွာေတြ႕ရွိခဲ့တဲ့ COVID-19 အတည္ျပဳလူနာအမ်ိဳးသားဟာ ကမာဝက္နယ္ေျမရဲစခန္းမွ ရဲဒုတပ္ၾကပ္ တစ္ဦးျဖစ္ၿပီး ဩဂုတ္၂၆ ရက္ေန႔မွာ ျပည္ပကေနျပန္လာသူေတြကို ျမဝတီကေန သြားေရာက္ႀကိဳဆိုခဲ့ကာ ႀကိဳဆုိလာတဲ့ အမ်ိဳးသမီးတစ္ဦးမွာ ကိုဗစ္ပိုးေတြ႕ရွိခဲ့တာေၾကာင္း စက္တင္ဘာ ၃ ရက္ေန႔မွာ အသြားအလာကန႔္သတ္ထားခဲ့တယ္လို႔ မုဒုံၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးကေန သိရပါတယ္။

” အခုေတြ႕တဲ့ တပ္ၾကပ္ႀကီးက ကမာဝက္က ရဲဒုတပ္ၾကပ္နဲ႔ အတူေနတာ။ သူက ေမာ္လၿမိဳင္ကို သင္တန္းသြားတာ ဩဂုတ္ ၃၀ ရက္ေန႔။ သူနဲ႔ေနတဲ့ ဒုတပ္ၾကပ္ပိုးေတြ႕တာ အခုလ ၉ ရက္မွ ။ စစ္ေဆးတာ ေနာက္က်တာျပႆနာပါ”လို႔ မုဒုံၿမိဳ႕နယ္ လူမႈကူညီေရးအဖြဲ႕မွ ကိုဆန္းလင္းလင္းဦးက ေျပာပါတယ္။

မြန္ျပည္နယ္ထဲမ‌ွာ စက္တင္ဘာလ ၁၁ရက္ေန႔ညက ကိုဗစ္ေရာဂါပိုးေတြ႕ရွိတဲ့ ရဲတပ္ဖြဲ႕ဝင္တစ္ဦး အပါအဝင္ အမ်ိဳးသား၊ အမ်ိဳးသမီး ၁၉ ဦးကို ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးမွာ ၾကပ္မတ္ကုသမႈေပးထားရၿပီး သူတို႔နဲ႔ထိေတြ႕ဆက္စက္သူေတြကို သက္ဆိုင္ရာနယ္ေျမအ လိုက္ ေစာင့္ၾကည့္ကန႔္သတ္ထားရကာ လက္ရွိမြန္ျပည္နယ္ၿမိဳ႕နယ္မ်ားမွာ ကိုဗစ္ပိုးေတြ႕လူနာ ၄၉ ဦးထိ ရွိလာၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

ဓါတ္ပုံ-ဘိုဘိုဝင္း
#voiceofmyanmar #VOM #ေမာ္လၿမိဳင္ #ရဲတပ္ဖြဲ႔ဝင္ #ကိုဗစ္ပိ္ုးေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW