ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေကို ပါဝင်ခွင့်ပြုဖို့ ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်ရှစ်နိုင်ငံ တိုက်တွန်း

ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေကို ပါဝင်ခွင့်ပြုဖို့ ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်ရှစ်နိုင်ငံ တိုက်တွန်း

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၂-၂၀၂၀
မျိုးဆက် (VOM)

မြန်မာနိုင်ငံမှာကျင်းမယ့် ရွေးကောက်ပွဲတွေမှာ လူမျိုးတုန်းသတ်ဖြတ်ခံရတယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဘင်္ဂါလီအသိုင်းအဝိုင်းကို ပါဝင်ခွင့်ပြုဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၈ နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံက တာဝန်ရှိသူတွေရဲ့ ရုပ်သံဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေပါဝင်ခွင့်ရရေးနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံ၊ ဒိုမီနီကန်၊ ပြင်သစ်၊ ဂျာမနီ၊ တူနီရှား၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့က လက်မှတ်ရေးထိုး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မိမိတို့အနေနဲ့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းတွေကို အသိအမှတ်ပြုကြောင်းနဲ့ လာမယ့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲဟာ မြန်မာ့အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်လို့ လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေကဆိုပါတယ်။

ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေအပါအဝင် အခြားလူမှုအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေအတွက် ဘေးကင်းလုံခြုံပြီး အားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ ကတိပြုထားတယ်လို့ လက်မှတ်ရေးထိုးတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ရန်လိုမှုတွေချက်ချင်းရပ်တန့်ဖို့ အဲဒီနိုင်ငံရှစ်နိုင်ငံက တိုက်တွန်းထားပါတယ်။

Ref : AFP
Photo: AFP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Zawgyi

ေရြးေကာက္ပြဲမွာ ဘဂၤါလီေတြကို ပါ၀င္ခြင္႔ျပဳဖို႔ ကုလလံုျခံဳေရးေကာင္စီ အဖြဲ႔၀င္ရွစ္နုိင္ငံ တိုက္တြန္း

ကုလသမဂၢ၊ စက္တင္ဘာ ၁၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ျမန္မာနိုင္ငံမွာက်င္းမယ္႔ ေရြးေကာက္ပြဲေတြမွာ လူမ်ိဳးတုန္းသတ္ျဖတ္ခံရတယ္လို႔ ကုလသမဂၢက သတ္မွတ္ထားတဲ႔ ဘဂၤါလီအသိုင္းအ၀ိုင္းကို ပါ၀င္ခြင္႔ျပဳဖို႔ ကုလသမဂၢလံုျခံဳေရးေကာင္စီအဖြဲ႔၀င္ ၈ ႏိုင္ငံက တိုက္တြန္းလိုက္ပါတယ္။

လံုျခံဳေရးေကာင္စီအဖြဲ႔၀င္နုိင္ငံက တာ၀န္ရိွသူေတြရဲ႕ ရုပ္သံေဆြးေႏြးပြဲတစ္ခုျပဳလုပ္ျပီးေနာက္ ျမန္မာနိုင္ငံေရြးေကာက္ပြဲမွာ ဘဂၤါလီေတြပါ၀င္ခြင္႔ရေရးနဲ႔ပတ္သက္ျပီး ဘယ္လ္ဂ်ီယံ၊ ဒိုမီနီကန္၊ ျပင္သစ္၊ ဂ်ာမနီ၊ တူနီရွား၊ ျဗိတိန္နဲ႔ အေမရိကန္နိုင္ငံတို႔က လက္မွတ္ေရးထိုး ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

မိမိတို႔အေနနဲ႔ ျမန္မာအစိုးရရဲ႕ ဒီမိုကေရစီေဖာ္ေဆာင္ေရးလုပ္ငန္းေတြကို အသိအမွတ္ျပဳေၾကာင္းနဲ႔ လာမယ္႔ နို၀င္ဘာ ၈ ရက္ေရြးေကာက္ပြဲဟာ ျမန္မာ႔အသြင္ကူးေျပာင္းေရးအတြက္ အေရးၾကီးတဲ႔ သမိုင္းမွတ္တိုင္တစ္ခုျဖစ္တယ္လို႔ လက္မွတ္ေရးထိုးတဲ႔ နိုင္ငံေတြကဆိုပါတယ္။

ေရြးေကာက္ပြဲမွာ ဘဂၤါလီေတြအပါအ၀င္ အျခားလူမႈအသိုင္းအ၀ိုင္းက ပုဂၢိဳလ္ေတြအတြက္ ေဘးကင္းလံုျခံဳျပီး အားလံုးပါ၀င္နိုင္တဲ႔ေရြးေကာက္ပြဲျဖစ္ဖို႔ ကတိျပဳထားတယ္လို႔ လက္မွတ္ေရးထိုးတဲ႔ လံုျခံဳေရးေကာင္စီအဖြဲ႔၀င္နုိင္ငံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ ဆက္လက္ျဖစ္ပြားေနတဲ႔ပဋိပကၡေတြနဲ႔ပတ္သက္ျပီး စိုးရိမ္ပူပန္မႈရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားျပီး ရန္လိုမႈေတြခ်က္ခ်င္းရပ္တန္႔ဖို႔ အဲဒီနိုင္ငံရွစ္နုိင္ငံက တိုက္တြန္းထားပါတယ္။

Ref : AFP
Photo: AFP
#voiceofmyanmar #VOM #ကုလသမဂၢ

Related posts

Leave a Comment

VOM News

FREE
VIEW