အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပြီ

အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပြီ

ဒိုဟာ၊ စက်တင်ဘာ-၁၂-၂၀၂၀
မျိုးဆက် (VOM)

အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့အကြား ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပင်လယ်ကွေ့နိုင်ငံ၊ ကာတာမှာ စတင်ပြုလုပ်တော့မှာဖြစ်ပြီး ဒီလိုငြိမ်းချမ်းရေးဆွေးနွေးဖို့ လအတန်ကြာ နှောင့်နှေးမှုတွေပြီးနောက် စက်တင်ဘာ ၁၂ ရက်မှာ စတင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုဖွင့်ပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုလည်း တက်ရောက်မှာဖြစ်ပြီး ဒါဟာ သမိုင်းဝင်မယ့် ဆွေးနွေးပွဲဖြစ်တယ်လို့ သူကပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့အကြား လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို ဖေဖော်ဝါရီလအတွင်းမှာ ရရှိပြီးနောက် အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာတာပါ။

ဒါပေမယ့် ဆယ်စုနှစ်လေးခုကြာ စစ်ပွဲတွေဖြစ်ပြီး အကြပ်အတည်းဖြစ်နေတဲ့ အာဖဂန်မြေမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အပေါ် သဘောထား ကွဲလွဲမှုတွေရှိနေပါတယ်။

လွန်ခဲ့တဲ့ ၁၉ နှစ်အကြာက အမေရိကန်မြေပေါ်မှာ တာလီဘန်တို့ တိုက်ခိုက်မှုပြုခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာ အာဖဂန်ခေါင်းဆောင်တွေဟာ ကဘူးကနေ ဒိုဟာကို ထွက်ခွာခဲ့ကြပါတယ်။ တရားမျှတပြီး ဂုဏ်သိက္ခာရှိတဲ့ ငြိမ်းချမ်းရေးကို ရှာဖွေသွားမယ်လို့ အဖွဲ့ခေါင်းဆောင်က ဆိုပါတယ်။

ဒါဟာ တာလီဘန်အဖွဲ့နဲ့ အာဖဂန်အစိုးရကိုယ်စားလှယ်တွေအကြား ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှုဖြစ်ပြီး အာဖဂန်အစိုးရဟာ အမေရိကန်ရဲ့ ရုပ်သေးရုပ်အစိုးရဆိုပြီး ဆွေးနွေးပွဲတွေပြုလုပ်ဖို့ကို တာလီဘန်အဖွဲ့က ယခင်ကာလတွေမှာ ပယ်ချခဲ့တာဖြစ်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဒိုဟာ

Zawgyi

အာဖဂန္အစိုးရနဲ႔ တာလီဘန္အဖြဲ႔တို႔ ပထမဆံုးအၾကိမ္ ျငိမ္းခ်မ္းေရးေဆြးေႏြးျပီ

ဒိုဟာ၊ စက္တင္ဘာ-၁၂-၂၀၂၀
မ်ိဳးဆက္ (VOM)

အာဖဂန္အစိုးရနဲ႔ တာလီဘန္အဖြဲ႔တို႔အၾကား ပထမဆံုးအၾကိမ္ ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို ပင္လယ္ေကြ႔နိုင္ငံ၊ ကာတာမွာ စတင္ျပဳလုပ္ေတာ႔မွာျဖစ္ၿပီး ဒီလိုျငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ လအတန္ၾကာ ေနွာင္႔ေနွးမႈေတြျပီးေနာက္ စက္တင္ဘာ ၁၂ ရက္မွာ စတင္ေဆြးေႏြးၾကမွာျဖစ္ပါတယ္။

ျငိမ္းခ်မ္းေရးေဆြးေႏြးမႈဖြင္႔ပြဲကို အေမရိကန္နိုင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီိယိုလည္း တက္ေရာက္မွာျဖစ္ျပီး ဒါဟာ သမိုင္း၀င္မယ္႔ ေဆြးေႏြးပြဲျဖစ္တယ္လို႔ သူကေျပာဆိုလိုက္ပါတယ္။

အေမရိကန္နဲ႔ တာလီဘန္အဖြဲ႔တို႔အၾကား လံုျခံဳေရးဆိုင္ရာ သေဘာတူညီခ်က္ကို ေဖေဖာ္၀ါရီလအတြင္းမွာ ရရိွျပီးေနာက္ အာဖဂန္အစိုးရနဲ႔ တာလီဘန္အဖြဲ႔တို႔အၾကား ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ျဖစ္လာတာပါ။

ဒါေပမယ္႔ ဆယ္စုနွစ္ေလးခုၾကာ စစ္ပြဲေတြျဖစ္ျပီး အၾကပ္အတည္းျဖစ္ေနတဲ႔ အာဖဂန္ေျမမွာ အၾကမ္းဖက္မႈေတြ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ျပီး အက်ဥ္းသားလဲလွယ္ေရးအစီအစဥ္အေပၚ သေဘာထား ကြဲလြဲမႈေတြရိွေနပါတယ္။

လြန္ခဲ႔တဲ႔ ၁၉ နွစ္အၾကာက အေမရိကန္ေျမေပၚမွာ တာလီဘန္တို႔ တိုက္ခိုက္မႈျပဳခဲ႔တဲ႔ စက္တင္ဘာ ၁၁ ရက္မွာ အာဖဂန္ေခါင္းေဆာင္ေတြဟာ ကဘူးကေန ဒိုဟာကို ထြက္ခြာခဲ႔ၾကပါတယ္။ တရားမွ်တျပီး ဂုဏ္သိကၡာရိွတဲ႔ ျငိမ္းခ်မ္းေရးကို ရွာေဖြသြားမယ္လို႔ အဖြဲ႔ေခါင္းေဆာင္က ဆိုပါတယ္။

ဒါဟာ တာလီဘန္အဖြဲ႔နဲ႔ အာဖဂန္အစိုးရကိုယ္စားလွယ္ေတြအၾကား ပထမဆံုးအၾကိမ္ တိုက္ရိုက္ေဆြးေႏြးမႈျဖစ္ျပီး အာဖဂန္အစိုးရဟာ အေမရိကန္ရဲ႕ ရုပ္ေသးရုပ္အစိုးရဆိုျပီး ေဆြးေႏြးပြဲေတြျပဳလုပ္ဖို႔ကို တာလီဘန္အဖြဲ႔က ယခင္ကာလေတြမွာ ပယ္ခ်ခဲ႔တာျဖစ္ပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဒိုဟာ

Related posts

Leave a Comment

VOM News

FREE
VIEW