မန္တလေးဈေးချိုတော် မနက်ဖြန် စက်တင်ဘာ ၁၃ရက်က စပိတ်မယ်

မန္တလေးဈေးချိုတော် မနက်ဖြန် စက်တင်ဘာ ၁၃ရက်က စပိတ်မယ်

မန္တလေး၊ စက်တင်ဘာ ၁၂-၂၀၂၀
သတင်း – ဟိန်းကို
ဓာတ်ပုံ – ညီသစ်

မန္တလေးမြို့ရှိ မန်းမြန်မာပလာဇာမှာဖွင့်ထားတဲ့ အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်မှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့လူနာတွေ တွေ့ရှိခဲ့တာကြောင့် ဈေးချိုတော်နဲ့ မန်းမြန်မာပလာဇာတို့ကို စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး ယာယီပိတ်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးဝန်ကြီးဌာန ဈေးနှင့်သားသတ်ဌာနကနေ သိရပါတယ်။

ဈေးနဲ့သားသတ်ဌာနက ဌာနမှူးတစ်ဦးကတော့ “ဒီကနေ့ပိတ်တာမဟုတ်ပါဘူးဗျ၊ မနက်ဖြန်မှစပိတ်မှာပါ၊ ဘာလို့လဲဆိုတော့ မန်းမြန်မာပလာပလာဇာ ပထမထပ် အလှကုန်ဆိုင်က ရောဂါပိုး တစ်ယောက်တွေ့ပြီး ဆက်စပ်တဲ့သူတွေကို ဟိုတယ်ကွာရန်တင်းလုပ်တော့ ၅ ယောက်ထပ်တွေ့တယ်၊ ဒါ့ကြောင့်တခြားသူတွေကို ထပ်ကူးစက်မှာစိုးတာရယ် ဆက်စပ်သူတွေကို ကွာရန်တင်းဝင်ဖို့ဆောင်ရွက်ရမှာမို့ ပိတ်တာပါ၊ ပြန်ဖွင့်မယ့်ရက်ကိုတော့ ပြောလို့မရသေးပါဘူး”လို့ VOMကိုအတည်ပြုပြောပါတယ်။

မနက်ဖြန်မှာ ဈေးကိုပိတ်မှာဖြစ်တဲ့အတွက် ဈေးသူ/ဈေးသားတွေကို ဒီကနေ့မနက်ပိုင်းကစပြီး ပစ္စည်းတွေ သယ်ယူခွင့်ပေးထားတယ်လို့လည်း ပြောပါတယ်။

အဆင့်မြင့်ဈေးချိုတော် အကျိုးတော်ဆောင်အဖွဲ့ကလည်း Covid 19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ကာကွယ်ထိမ်းချုပ်နိုင်ရေးအတွက် အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးများကို မနက်ဖြန် ၁၃. ၉. ၂၀၂၀ တနင်္ဂနွေနေ့မှစတင်၍ ယာယီပိတ်သွားပါမည်။ဈေးပြန်လည်ဖွင့်မည်ရက်ကို ထပ်မံကြေငြာပေးပါမယ်လို့ ထုတ်ပြန်ထားပါတယ်။

#Voiceofmyanmar #VOM #ဈေးချို

Zawgyi

မႏၲေလးေဈးခ်ိဳေတာ္ မနက္ျဖန္ စက္တင္ဘာ ၁၃ရက္က စပိတ္မယ္

မႏၲေလး၊ စက္တင္ဘာ ၁၂-၂၀၂၀
သတင္း – ဟိန္းကို
ဓာတ္ပုံ – ညီသစ္

မႏၲေလးၿမိဳ႕ရွိ မန္းျမန္မာပလာဇာမွာဖြင့္ထားတဲ့ အလွကုန္ပစၥည္းေရာင္းတဲ့ဆိုင္မွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံရတဲ့လူနာေတြ ေတြ႕ရွိခဲ့တာေၾကာင့္ ေဈးခ်ိဳေတာ္နဲ႔ မန္းျမန္မာပလာဇာတို႔ကို စက္တင္ဘာ ၁၃ ရက္ေန႔ကစၿပီး ယာယီပိတ္သြားမွာျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးဝန္ႀကီးဌာန ေဈးႏွင့္သားသတ္ဌာနကေန သိရပါတယ္။

ေဈးနဲ႔သားသတ္ဌာနက ဌာနမႉးတစ္ဦးကေတာ့ “ဒီကေန႔ပိတ္တာမဟုတ္ပါဘူးဗ်၊ မနက္ျဖန္မွစပိတ္မွာပါ၊ ဘာလို႔လဲဆိုေတာ့ မန္းျမန္မာပလာပလာဇာ ပထမထပ္ အလွကုန္ဆိုင္က ေရာဂါပိုး တစ္ေယာက္ေတြ႕ၿပီး ဆက္စပ္တဲ့သူေတြကို ဟိုတယ္ကြာရန္တင္းလုပ္ေတာ့ ၅ ေယာက္ထပ္ေတြ႕တယ္၊ ဒါ့ေၾကာင့္တျခားသူေတြကို ထပ္ကူးစက္မွာစိုးတာရယ္ ဆက္စပ္သူေတြကို ကြာရန္တင္းဝင္ဖို႔ေဆာင္႐ြက္ရမွာမို႔ ပိတ္တာပါ၊ ျပန္ဖြင့္မယ့္ရက္ကိုေတာ့ ေျပာလို႔မရေသးပါဘူး”လို႔ VOMကိုအတည္ျပဳေျပာပါတယ္။

မနက္ျဖန္မွာ ေဈးကိုပိတ္မွာျဖစ္တဲ့အတြက္ ေဈးသူ/ေဈးသားေတြကို ဒီကေန႔မနက္ပိုင္းကစၿပီး ပစၥည္းေတြ သယ္ယူခြင့္ေပးထားတယ္လို႔လည္း ေျပာပါတယ္။

အဆင့္ျမင့္ေစ်းခ်ိဳေတာ္ အက်ိဳးေတာ္ေဆာင္အဖြဲ႔ကလည္း Covid 19 ကူးစက္ျမန္အဆုတ္ေရာင္ေရာဂါ ကာကြယ္ထိမ္းခ်ဳပ္ႏိုင္ေရးအတြက္ အဆင့္ျမင့္ေစ်းခ်ိဳေတာ္ႏွင့္ တိုက္တန္းႀကီးေစ်းမ်ားကို မနက္ျဖန္ ၁၃. ၉. ၂၀၂၀ တနဂၤေႏြေန႔မွစတင္၍ ယာယီပိတ္သြားပါမည္။ေစ်းျပန္လည္ဖြင့္မည္ရက္ကို ထပ္မံေၾကျငာေပးပါမယ္လို႔ ထုတ္ျပန္ထားပါတယ္။

#Voiceofmyanmar #VOM #ေဈးခ်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW