ရန်ကုန်က လမ်းတွေမပိတ်ဖို့နဲ့ ဆေးဆိုင်၊ အစားအစာဆိုင်တွေကလွဲလို့ ကျန်တဲ့ဆိုင်တွေပိတ်ရမယ်

ရန်ကုန်က လမ်းတွေမပိတ်ဖို့နဲ့ ဆေးဆိုင်၊ အစားအစာဆိုင်တွေကလွဲလို့ ကျန်တဲ့ဆိုင်တွေပိတ်ရမယ်

ရန်ကုန် ၊စက်တင်ဘာ ၁၂-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်က Stay Home သတ်မှတ်ထားတဲ့ မြို့နယ်တချို့မှာ ရပ်ကွက်လမ်းတွေကို အခိုင်အမာပိတ်ဆိုတာတွေမလုပ်ဖို့ ရန်ကုန် ကိုဗစ်ကော်မတီက အသိပေးပြောဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့က ရပ်ကွက်တွေထဲမှာ လမ်းတွေကို သံပြား၊ သစ်သားပြားတွေ စတဲ့ အရာဝတ္ထုတွေသုံးပြီး ပိတ်ဆို့မှုတွေရှိခဲ့တာကြောင့် အဲ့ဒီလို မလုပ်ဖို့ သတိပေးစာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

” ကျနော်တို့လည်း ပုံတွေတက်လာတာတွေ့တယ်။ လမ်းတွေမှာ သံပြားတွေကာပိတ်တာ တော်တော်များများ တွေ့ရတယ်။ အဲ့လိုတွေက အကျုံးမဝင်ပါဘူး။ stay home နေရမယ်ဆို stay home ပုံစံပဲနေရမှာပါ။ ဒါတွေမလုပ်ဖို့ ခုတော့ ညွှန်ကြားစာထုတ်ထားတာတွေ့တယ်”လို့ ရန်ကုန်ကိုဗစ်ကော်မတီဝင်ဖြစ်တဲ့ ဗိုလ်တထောင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးကပြောပါတယ်။

stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့နယ်တွေက ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Stay at Home စည်းကမ်းချက်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားရမှာဖြစ်လို့ ကားလမ်းတွေကို ဝင်ထွက်သွားလာမှု အဆင်ပြေအောင်သာ ပိတ်ရမှာဖြစ်ပြီး အခိုင်အမာပိတ်ဆို့ထားခြင်း၊ သစ်ပင်တွေခုတ်လှဲချပြီးပိတ်ခြင်း၊ သစ်သား၊ သံပြား၊ သွပ်ပြားတွေနဲ့ အပြည့်ကာရံပိတ်ထားခြင်းတွေကိုတော့ လုပ်ခွင့်မရှိပါဘူးလို့ သိရပါတယ်။

ဒါကြောင့် လမ်းတွေကို အခိုင်အမာပိတ်ဆို့မှုတွေရှိမရှိကို သက်ဆိုင်ရာ မြို့နယ်၊ရပ်ကွက် တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားဖို့ ရန်ကုန်တိုင်းကိုဗစ်ကော်မတီက ညွှန်ကြားစာ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းထဲက စတေးဟုမ်းမြို့နယ်တွေက ဈေးတွေမှာ သား ၊ငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်၊ ဆေးဝါးပစ္စည်းဆိုင်တွေကိုသာ ရောင်းချခွင့်ပြုပြီး အခြားဆိုင်တွေကိုတော့ ယာယီရပ်ထားမယ်လို့လည်း သိရပါတယ်။

” ခုတစ်ရက်နှစ်ရက်အတွင်း အစီအစဉ် စမှာပါ။ ကျန်းမာရေးအတွက် မရှိမဖြစ်ဆေးဝါးဆိုင်၊ စားသောက်ဖို့အတွက် မရှိမဖြစ် ဆိုင်တွေကိုပဲ ရောင်းချခွင့်ပေးပါမယ်။ “လို့ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းကပြောပါတယ်။

Stay Home အကျုံးဝင်တဲ့ မြို့နယ်တွေကတော့ လှိုင်သာယာ၊ မရမ်းကုန်း၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့် ၊တာမွေ၊ ရန်ကင်း၊ မြောက်ဒဂုံ ၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ ဒဂုံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ လမ်းမတော်၊ ဒေါပုံ၊ လှည်းကူး၊ အင်းစိန်၊ မင်္ဂလာဒုံ၊ သာကေတ၊ ‌သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ လှိုင်မြို့နယ်တို့ပဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရန္ကုန္က လမ္းေတြမပိတ္ဖို႔နဲ႔ ေဆးဆိုင္၊ အစားအစာဆိုင္ေတြကလြဲလို႔ က်န္တဲ့ဆိုင္ေတြပိတ္ရမယ္

ရန္ကုန္ ၊စက္တင္ဘာ ၁၂-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္က Stay Home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္တခ်ိဳ႕မွာ ရပ္ကြက္လမ္းေတြကို အခိုင္အမာပိတ္ဆိုတာေတြမလုပ္ဖို႔ ရန္ကုန္ ကိုဗစ္ေကာ္မတီက အသိေပးေျပာဆိုလိုက္ပါတယ္။

စက္တင္ဘာလ ၁၁ ရက္ေန႔က ရပ္ကြက္ေတြထဲမွာ လမ္းေတြကို သံျပား၊ သစ္သားျပားေတြ စတဲ့ အရာဝတၳဳေတြသုံးၿပီး ပိတ္ဆို႔မႈေတြ႐ွိခဲ့တာေၾကာင့္ အဲ့ဒီလို မလုပ္ဖို႔ သတိေပးစာ ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။

” က်ေနာ္တို႔လည္း ပုံေတြတက္လာတာေတြ႔တယ္။ လမ္းေတြမွာ သံျပားေတြကာပိတ္တာ ေတာ္ေတာ္မ်ားမ်ား ေတြ႔ရတယ္။ အဲ့လိုေတြက အက်ဳံးမဝင္ပါဘူး။ stay home ေနရမယ္ဆို stay home ပုံစံပဲေနရမွာပါ။ ဒါေတြမလုပ္ဖို႔ ခုေတာ့ ၫႊန္ၾကားစာထုတ္ထားတာေတြ႔တယ္”လို႔ ရန္ကုန္ကိုဗစ္ေကာ္မတီဝင္ျဖစ္တဲ့ ဗုိလ္တေထာင္ၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ထူးကေျပာပါတယ္။

stay at Home အစီအစဥ္မွာ အက်ဳံးဝင္တဲ့ ၿမိဳ႕နယ္ေတြက ျပည္သူေတြအေနနဲ႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ Stay at Home စည္းကမ္းခ်က္အတိုင္း တိက်စြာလိုက္နာေဆာင္႐ြက္သြားရမွာျဖစ္လို႔ ကားလမ္းေတြကို ဝင္ထြက္သြားလာမႈ အဆင္ေျပေအာင္သာ ပိတ္ရမွာျဖစ္ၿပီး အခိုင္အမာပိတ္ဆို႔ထားျခင္း၊ သစ္ပင္ေတြခုတ္လွဲခ်ျပီးပိတ္ျခင္း၊ သစ္သား၊ သံျပား၊ သြပ္ျပားေတြနဲ႔ အျပည့္ကာရံပိတ္ထားျခင္းေတြကိုေတာ့ လုပ္ခြင့္မ႐ွိပါဘူးလို့ သိရပါတယ္။

ဒါေၾကာင့္ လမ္းေတြကို အခိုင္အမာပိတ္ဆို႔မႈေတြ႐ွိမ႐ွိကို သက္ဆိုင္ရာ ၿမိဳ႕နယ္၊ရပ္ကြက္ တာဝန္႐ွိသူေတြအ​ေနနဲ႔ စစ္ေဆးၾကပ္မတ္ေဆာင္႐ြက္သြားဖို႔ ရန္ကုန္တိုင္းကိုဗစ္ေကာ္မတီက ၫႊန္ၾကားစာ ထုတ္ျပန္ေျပာဆိုထားပါတယ္။

ဒါ့အျပင္ ရန္ကုန္တိုင္းထဲက စေတးဟုမ္းၿမိဳ႕နယ္ေတြက ေစ်းေတြမွာ သား ၊ငါး၊ ဟင္းသီးဟင္းရြက္၊ စားေသာက္ကုန္၊ ေဆးဝါးပစၥည္းဆိုင္ေတြကိုသာ ေရာင္းခ်ခြင့္ျပဳၿပီး အျခားဆိုင္ေတြကိုေတာ့ ယာယီရပ္ထားမယ္လို႔လည္း သိရပါတယ္။

” ခုတစ္ရက္ႏွစ္ရက္အတြင္း အစီအစဥ္ စမွာပါ။ က်န္းမာေရးအတြက္ မ႐ွိမျဖစ္ေဆးဝါးဆိုင္၊ စားေသာက္ဖို႔အတြက္ မ႐ွိမျဖစ္ ဆိုင္ေတြကိုပဲ ေရာင္းခ်ခြင့္ေပးပါမယ္။ “လို႔ တာေမြၿမိဳ႕နယ္ စည္ပင္သာယာ​ေရးေကာ္မတီဥကၠ႒ ဦးေအာင္မ်ိဳးလင္းကေျပာပါတယ္။

Stay Home အက်ဳံးဝင္တဲ့ ၿမိဳ႕နယ္ေတြကေတာ့ လိႈင္သာယာ၊ မရမ္းကုန္း၊ ကမာရြတ္၊ စမ္းေခ်ာင္း၊ ၾကည့္ျမင္တိုင္၊ အလုံ၊ ေက်ာက္တံတား၊ ဗိုလ္တစ္ေထာင္၊ မဂၤလာေတာင္ၫြန္႔ ၊တာေမြ၊ ရန္ကင္း၊ ေျမာက္ဒဂုံ ၊ ေတာင္ဒဂုံ၊ ​ေတာင္ဥကၠလာ၊​ ဒဂုံ၊ ဒဂုံၿမိဳ႕သစ္အေ႐ွ႕ပိုင္း၊ ဗဟန္း၊ ဒဂုံဆိပ္ကမ္း၊ လမ္းမေတာ္၊​ ေဒါပုံ၊ လွည္းကူး၊ အင္းစိန္၊ မဂၤလာဒုံ၊ သာေကတ၊ ‌သဃၤန္းကၽြန္း၊ ပုဇြန္ေတာင္၊ ေျမာက္ဥကၠလာပၿမိဳ့နယ္နဲ႔ လွိုင္ၿမိဳ့နယ္တို႔ပဲျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW